အလှပြင်ပစ္စည်းများ

01-vision-boosters-eye-makeup

အလှပြင်ပစ္စည်းတွေဖြစ်တဲ့ Mascara နဲ့ တခြား မျက်လုံးခြယ်တဲ့ အလှပြင်ပစ္စည်းတွေမှာ ဘက်တီးရီးယား ပိုးမွှားတွေပါရှိနေကာ မျက်လုံးကို ဝင်နိုင်ပါတယ်။ ဒါကြောင့် မျက်လုံးမှာခြယ်တဲ့ စုတ်တံတွေကို ရေနွေးနဲ့ပြုတ်တာတို့၊ ၃ လတစ်ကြိမ် လဲလှယ်ပေးတာတု့ိ လုပ်ဆောင်ပေးသင့်ပါတယ်။

အရောင်တောက်တဲ့ အစားအစာ

02-vision-boosters-sunshine-colored-food

အရောင်တောက်တဲ့ အစားအစာတွေကို စုံလင်စွာစားပါ။ ကိုယ့်ညစာမှာ လိမ္မော်ရောင်၊ အဝါရောင်ပါတဲ့ အသီးတွေဖြစ်တဲ့ မုန်လာဥနီ၊ ဗရုံသီးတို့ကို ထည့်သွင်းစားပါ။ပြီးရင် ဒိန်ချဉ်သောက်ပါ။

ဒီအစားအစာတွေမှာ Zexanthin နဲ့ Lutein ဓာတ်တွေပါဝင်တာကြောင့် အသက်ကြီးတဲ့အချိန်မှာ မျက်စိအားနည်းတာတွေကို ကာကွယ်ပေးပါတယ်။

အစိမ်းရောင်အရွက်တွေဖြစ်တဲ့ ကိုက်လန်၊ ဂေါ်ဖီ၊ Spinach ရွက်၊ ပန်းဂေါ်ဖီ တို့ကိုလည်း စားပေးသင့်ပါတယ်။

ပတ်ဝန်းကျင်ကို ခံစားပါ

03-vision-boosters-children-outside

အမြဲတမ်း အဆောက်အအုံထဲမှာ နေနေတာထက် အပြင်ထွက်ပြီး ပတ်ဝန်းကျင်ကို ခံစားပါ။ အပြင်နေရောင်ထိတာနည်းပြီး အဆောက်အအုံထဲမှာဘဲ နေတဲ့ကလေးတွေက အဝေးမှုန်လာတတ်ပါတယ်။

ဒါကြောင့်အပြင်ကို ထွက်ပြီး အဝေးကိုကြည့်ပေးပြီး ခရမ်းလွန်ရောင်ခြည်နဲ့ နည်းနည်းထိတွေ့ပေးရင် မျက်လုံးအားကို ကောင်းပါတယ်။

မျက်လုံးကို စမ်းသပ်ပေးပါ

04-vision-boosters-test-glaucoma

မျက်လုံးကို မျက်စိဆေးခန်းတွေ၊ ဆိုင်တွေမှာ စစ်ဆေးပေးပါ။ အသက် ၄၀ ကျော်လာရင် အနည်းဆုံး ၂ နှစ်ရင် တစ်ကြိမ် စမ်းသပ်ပေးပါ။

ခဏနားပါ

05-vision-boosters-take-a-break

နာရီပေါင်းများစွာ ကွန်ပျုတာကိုကြည့်၊ စာတွေဖတ်ပြီးရင် အပြင်ထွက်ပြီး သူငယ်ချင်းတွေနဲ့တွေ့ကာ လမ်းလျှောက်ပေးပါ။

ဖြစ်နိုင်ရင် မိနစ် ၃၀ တိုင်းမှာ ကွန်ပျုတာကနေ ခွာပြီး အဝေးကို စက္ကန့် ၃၀ လောက်ကြည့်ပေးပါ။

မိနစ် ၄၀ လောက်လမ်းလျှောက်ပေးပါ

08-vision-boosters-walking

ကိုယ့်မှာ ရေတိမ်ဖြစ်ဖူးတဲ့ မျိုးရိုးရှိရင် တစ်နေ့ကို မိနစ် ၄၀ လောက် လမ်းလျှောက်ပေးပါ။ ဒါဆိုရင်ဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ပါတယ်။

နေကာမျက်မှန်တပ်ပါ

12-vision-boosters-wraparound-glasses

နေရောင်ထဲမှာ ခရမ်းလွန်ရောင်ခြည်တွေ ပါဝင်တာကြောင့် နေပူထဲမှာဆိုရင် နေကာမျက်မှန်တပ်ပေးပါ။ အဲ့ဒီအပြင် နေကာမျက်မှန်က လေထုညစ်ညမ်းတာနဲ့ ခြောက်သွေ့တဲ့လေကြောင့် မျက်လုံးနဲ့ပတ်သက်တဲ့ရောဂါတွေဖြစ်တာ ကာကွယ်ပေးပါတယ်။