မုန်လာဥဖြူတွေမှာ ကျန်းမာရေးအကျိုးကျေးဇူးများတဲ့ ဓာတ်တွေ အများကြီးပါတယ်ဆိုတာ လူတွေ သတိမထားမိကြပါဘူး။ မုန်လာဥ တွေမှာ အမြစ်ကနေ အရွက်ထိ အာဟာရတွေ ကြွယ်ဝစွာပါဝင်နေပါတယ်။

မုန်လာဥ ရဲ့ အရွက်တွေမှာ ဗီတာမင် C၊ ပရိုတင်း နဲ့ ကယ်လ်ဆီယမ် (Calcium) ဓာတ်တွေက အမြစ်မှာပါတာထက် ပိုများပါတယ်။ အရွက်တွေမှာပါဝင်တဲ့ ဓာတ်တွေက ကျောက်ကပ်ရောဂါ၊ အရေပြား ဆိုင်ရာ ပြဿနာတွေ နဲ့ ကင်ဆာရောဂါတွေ ကုသရာမှာလည်း အသုံးပြုပါတယ်။ ပိုးကောင်တွေ ကိုက်ထားတဲ့ ဒဏ်ရာတွေကိုသက်သာအောင်လုပ်တဲ့နေရာမှာလည်း စားသုံးနိုင်ပါတယ်။

Source: Jesmond Fruit Barn

မုန်လာဥမှာ ဖော်လစ် အက်ဆစ်၊ ဗီတာမင် စီ နဲ့ Anthocyanin (ခေါ်) Antioxidant ဓာတ်တစ်မျိုးလည်း ပါဝင်ပါတယ်။ ခံတွင်း ကင်ဆာ၊ အူမကြီး ကင်ဆာ၊ အူလမ်းကြောင်းကင်ဆာ၊ ကျောက်ကပ် နဲ့ အစာအိမ် ကင်ဆာတွေကို တိုက်ဖျက်ရာမှာလည်း မုန်လာဥစားသုံးတာက အကျိုးရှိပါတယ်။
အဲဒီအပြင် မုန်လာဥမှာ အရေပြားဆိုင်ရာ ပြဿနာတွေဖြစ်တဲ့ အသားခြောက်တာကို ကာကွယ်နိုင်တဲ့ ဗီတာမင် စီ၊ သွပ် (Zinc) ၊ ဗီတာမင် B Complex နဲ့ ဖော့စဖရပ်တို့ ပါဝင်ပါတယ်။

ginger-cinnamon-lemon

ပါဝင်ပစ္စည်းများ

  • မုန်လာဥဖြူ ၁၂၅ ဂရမ် (၇.၆ ကျပ်သား)
  • သံပုယိုသီး ၄ လုံး
  • ပျားရည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • သစ်ချပိုးခေါက် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ၂ စင်တီမီတာလောက်ရှည်တဲ့ ဂျင်းအမြစ်တစ်တုံး

radish_625x350_41461049183homemade-syrup-that-burns-belly-fat

ပြုလုပ်နည်း

မုန်လာဥဖြူ နဲ့ ဂျင်းကို ဖျော်စက် (Blender) ထည့်ပြီး မွှေပါ။ သံပုယိုသီး ကို ဖျော်စက် (Blender) ထဲ ညှစ်ထည့်ပါ။ ၂ မိနစ်၊ ၃ မိနစ်လောက် ထပ်မွှေပါ။ ထို့နောက် ပျားရည် စားပွဲတင်ဇွန်း ၃ ဇွန်း နဲ့ သစ်ကြံပိုးခေါက် စားပွဲတင်ဇွန်း ၂ ဇွန်း တို့ကို ထည့်ပါ။ ဖျော်ရည် ပျစ်ရတဲ့ထိ ထပ်မွှေပါ။

အဲ့နောက် ဖျော်ရည်ကို ဖန်ခွက်ထဲ ထည့်ပြီး သောက်သုံးနိုင်ပါပြီ။ စာဖတ်သူအပေါင်း ကျန်းမာလှပတဲ့ ဘဝကို ရရှိပိုင်ဆိုင်နိုင်ကြပါစေ။