ဂျပန်သုတေသနပညာရှင်တေရဲ့ စမ်းသပ်မှုအရ မနက်စာအဖြစ် ရေခဲမုန့်စားခြင်းက ဉာဏ်ရည်ဖျက်လတ်စေတဲ့အပြင် လုပ်ငန်းဆောင်တာ တွေကိုလည်း ပြီးပြီးမြောက်မြောက်ဆောင်ရွက်နိုင်တယ်လို့ ဆိုထားပါတယ်။ တိုကျို တက္ကသိုလ်တစ်ခုရဲ့ ပရော်ဖက်ဆာ Kogam က အုပ်စုနှစ်စု ခွဲစေပြီး မနက်နိုးနိုးခြင်း ဉာဏ်စမ်းပဟေဠိတွေဖြေဆိုစေပါတယ်။

အုပ်စုတစ်ခုကိုတော့ ရေခဲမုန့်စားစေပြီးမှခိုင်းပါတယ်။ ပရော်ဖက်ဆာကတော့ ပါဝင်စမ်းသပ်သူတွေကဲ့ ဦးနှောက်လှိုင်းလှုပ်ဆောင်ချက်တွေကို ဖန်သားပြင်ပေါ်မှ တွက်ချက်မှတ်သားတဲ့အခါမှာတော့ ရေခဲမုန့်စားပြီး လုပ်ဆေင်သူတွေက ပိုမိုတက်ကြွတဲ့အပြင် လုပ်ငန်းဆောင်တာတွေကို မြန်မြန်ပြီးမြောက်ဆောင်ရွက်နိုင်ခဲ့ပါတယ်။

ရေခဲမုန့်ရဲ အအေးဓာတ်ကြောင့်လားလို့ သံသယရှိတဲ့အတွက် ရေခဲနဲ့ အစားထိုးစမ်းသပ်ပေမယ့်လည်း အာနိသင်မရှိခဲ့ပါဘူး။

ဗြိတိသျှအာဟာရသိပ္ပံပညာရှင်တွေကလည်း ရေခဲမုန့်က ဦးနှောက်ကို မြန်မြန်လှုံ့ဆော်ပေးတဲ့အပြင် Glucose နဲ့အခြားအာဟာရဓာတ်တွေကို ဦးနှောက်ကရရှိတဲ့အတွက် ဖျက်လတ်စေတာပါ။

ဒါပေမယ့် UK အာဟာရပညာရှင် Charlotte ကတော့ သူမအနေနဲ့ ရေခဲမုန့် မနက်စာအဖြစ်စာခြင်းကို လုံးဝလက်မခံနိုင်ဟုဆိုထားပါတယ်။ ဦးနှောက်ကို မြန်မြန်လှုံ့ဆော် အားအင်ရရှိစေမယ့် ရေခဲမုန့်စားတာထက်စာရင် ဦးနှောက်ရော ခန္ဓာကိုယ်ပါ အားအင်ဖြစ်စေမယ့် အသီးအနှံ၊ ဆာလမွန်ငါး၊ ပေါင်မုန့်ကြက်ဥမီးကင်၊ ကောက်နှံဖြစ်လုပ်ထားပြီး သကြားပါဝင်နှုန်းနည်းပါးတဲ့ အစားအစာ စားပေးသင့်တယ်လို့ အကြံပြုထားပါတယ်။

Source: Huffpost Lifestyle