မြန်မာတွေ နှစ်သက်လှတဲ့ လက်ဖက်ရည်ကြမ်းကို ပုံသဏ္ဍာန်အမျိုးမျိုး၊ ရနံ့အမျိုးမျိုးနဲ့ သောက်ကြပါတယ်။ ကျန်းမာရေးနဲ့ ညီညွှတ်စေမယ့် လက်ဖက်ရည်တွေတိုင်းမှာ အနံ့တစ်မျိုးဆီ ကိုယ်စားပြု ပါဝင်နေတတ်ပါတယ်။ ဒီထဲကမှ လူကြိုက်များလှတဲ့ အနံ့တစ်မျိုးကတော့ စံပယ်ပါ။ စံပယ်ရနံ့ လက်ဖက်ရည်ကြမ်းကို သောက်သုံးသူများပြီး ဈေးကွက်မှာလည်း အလွယ်တကူ ဝယ်လို့ ရနိုင်ပါတယ်။
စံပယ်ရနံ့ လက်ဖက်ရည်ရဲ့ မူလအစဟာ တရုတ်နိုင်ငံလို့ ပြောရမှာပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀နီးပါး ကတည်းက သောက်သုံးခဲ့တာဖြစ်ပါတယ် စံပယ်ရနံ့လက်ဖက်ရည်မှာ အင်တီအောက်ဆီးဒင့်ပါဝင်တာကြောင့် ကင်ဆာဖြစ်ပွားမှုနှုန်းကို လျှော့ကျပေးပြီး နှလုံးခုန်နှုန်းကို ထိန်းညှိပေးပါတယ်။
စံပယ်ရနံ့လက်ဖက်ရည်ဟာ ကောင်းမွန်တဲ့ အနံ့ရှိတာကြောင့် စိတ်ကို လန်းဆန်းစေနိုင်ပါတယ်။ သွေးတိုး ကျစေတာကြောင့် နောက်ဆက်တွဲ လေဖြတ်ခြင်းနဲ့ သွေးတွင်း ကိုလက်စထရောတို့ကို လျှော့ချပေးနိုင်ပါတယ်။
လေ့လာမှုအရ စံပယ်ပန်းရနံ့လက်ဖက် ခြောက်ကို တစ်လ ၁၅၀ ဂရမ် သောက် တာကြောင့် လေဖြတ်ဝေဒနာကို သိသိ သာသာ လျော့ကျစေကြောင်း သိရပါ တယ်။ စံပယ်ရနံ့လက်ဖက်ရည်ကြမ်းနဲ့ လက်ဖက်စိမ်းလက်ဖက်ရည်သောက်တာ ကြောင့် သွေးတွင်း ကိုလက်စထရောအ ဆင့်ကို သိသိသာသာ လျော့ကျစေတယ် လို့ လေ့လာမှုတစ်ခုက ဆိုပါတယ်။ သွေး တွင်း ကိုလက်စထရော မြင့်မားတာက နှ လုံးရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေပါ တယ်။
Ref: goodhealth