အားလုံးပဲ မင်္ဂလာပါ။ အစားကောင်း အသောက်ကောင်းတွေကို စိတ်အလိုလိုက်ပြီး စားသုံးမိပြီးနောက် ဝိတ်တွေတက်လာလို့ စိတ်ညစ်နေပြီလား။

သွယ်လျလှပပြီး အဆီပိုတွေမရှိတဲ့ ကိုရီးယားမင်းသမီးတွေ အဆိုတော်တွေကို ကြည့်ပြီး အားကျနေပြီလား။ လက်ရှိမှာ အောင်မြင်ကျော်ကြားနေတဲ့ ကိုရီးယားအိုင်ဒေါလ်တွေ ဝိတ်ကျဖို့အတွက် ဘယ်လိုစားသောက်ကြလဲဆိုတာ သိချင်နေကြမှာပဲနော်။

အဆင်သင့်ဖြစ်ပြီဆိုရင် အတူတူဆက်လေ့လာကြည့်လိုက်ရအောင်။

IU ရဲ့ Diet Plan

Source: channel-korea.com

လူကောင်သေးသေးလေးနဲ့ ချစ်ဖို့ကောင်းတဲ့ IU တစ်ယောက် ဝိတ်ချနေစဉ်မှာ မနက်စာအဖြစ် ပန်းသီးတစ်လုံး၊ နေ့လည်စာအဖြစ် ကန်းစွန်းဥတစ်လုံးနဲ့ ညစာအဖြစ် ပရိုတင်းရှိတ် ဖျော်ရည်ကိုသာ သောက်သုံးတာပါ။ တခြားအစားအစာတွေကို လုံးဝမစားသုံးပါဘူး။ ဒါ့အပြင် သူမက နေ့တိုင်း လေ့ကျင့်ခန်းပြုလုပ်ပါသေးတယ်။

ဒီလိုအပြင်းအထန်ဝိတ်ချလို့လည်း သူ့ရဲ့ဖန်တွေက သူ့ရဲ့ကျန်းမာရေးကို အလွန်ကိုစိုးရိမ်နေခဲ့ကြတာပါ။ ဒီလိုဝိတ်ချလိုက်တာကြောင့် ၄ ရက်အတွင်း ၄ ကီလိုဂရမ် ဝိတ်ကျသွားတာပါ။

Ailee ရဲ့ Diet Plan

Ailee ကတော့ တစ်လအတွင်းမှာပဲ ၂၂ ပေါင်ကျသွားအောင် ဝိတ်ချခဲ့တာပါ။ သူမက မနက်စာကို ငှက်ပျောသီးတစ်လုံး၊ နေ့လည်စာကို ကြက်ရင်အုံသားတစ်တုံးနဲ့ ညစာကိုတော့ ဟင်းရွက်သုပ် စားပါတယ်။

Soyou ရဲ့Diet Plan

Soyou ကတော့ ဝိတ်ချဖို့အတွက်ဆိုပြီး တစ်နေ့ကို ထမင်းတစ်နပ်ပဲစားတာပါ။ ဒါပေမဲ့ ထမင်းမစားဘဲ အနှစ်မပါတဲ့ ငုံးဥပြုတ် ၄ လုံးနဲ့ နွားနို့တစ်ခွက် သောက်သုံးပါတယ်။ ဒါ့အပြင် ကယ်လိုရီတွေ များများလောင်ကျွမ်းဖို့အတွက် လေ့ကျင့်ခန်းလည်း ပြုလုပ်ပါသေးတယ်။

Suzy ရဲ့ Diet Plan

Source: Pinterest.com

ဆူဇီကတော့ မနက်စာကို ကြက်ရင်အုံသားတစ်တုံး၊ ကန်စွန်းဥတစ်လုံးနဲ့ နွားနို့တစ်ခွက် သောက်သုံးပါတယ်။ နေ့လည်စာကိုတော့ ဆန်လုံးညိုနဲ့ ဟင်းသီးဟင်းရွက်သုပ် စားသုံးပြီး ညစာကိုတော့ ကန်စွန်းဥ ၂ လုံး စားသုံးပါတယ်။

ကိုရီးယား မင်းသမီးလေးတွေကတော့ အမြဲတမ်းလှပနေဖို့အတွက် ခန္ဓာကိုယ်ကို ထန်းသိမ်းစောင့်ရှောက်နေကြရတာပါ။ စာဖတ်သူတို့အနေနဲ့ ကိုရီးယားမင်းသမီးလေးတွေကို သွယ်လျလှပချင်တယ်ဆိုရင်တော့ သူတို့ရဲ့Diet Plan ကို လိုက်နာကျင့်သုံးနိုင်ပါတယ်။

ဒါပေမဲ့ ဒီနည်းလမ်းတွေနဲ့ ဝိတ်မချချင်မှာ သင်က ကိုယ်ခံအားကောင်းသူတစ်ယောက်ဖြစ်ရပါမယ်။ ဒါ့အပြင် ဒီနည်းလမ်းတွေကို အသုံးမပြုခင်မှာ ဆရာဝန်နဲ့ အရင်ဦးဆုံးတိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ဘဝမှာ သွယ်လျလှပနေရုံနဲ့ မရပါဘူး။ ကျန်းမာဖို့လည်း လိုအပ်တာကြောင့် သင့်ရဲ့ ကျန်းမာရေးကိုလည်း ဂရုစိုက်သင့်ပါတယ်။

Source: Allkpop.com