အစာမကြေဖြစ်ပြီး ပျို့အန်ချင်ကာ မအီမသာဖြစ်နေတာလား၊ ဒါမှမဟုတ် လည်ချောင်းနာလို့ စိတ်ညစ်နေတာလား။ ဒါမှမဟုတ် ညဘက် ညဘက် အိပ်မပျော်လို့ ကျန်းမာရေးထိခိုက်မှာ စိုးရိမ်နေပြီလား။ ဒီလိုပြဿနာမျိုးစုံကို ဖြေရှင်းပေးနိုင်ဖို့အတွက်ဆိုရင် သင့် မီးဖိုချောင်ထဲမှာ ရှိပြီးသားပစ္စည်းလေးတွနဲ့ ကုသပေးလို့ရပါတယ်။

အနာသိ၊ ဆေးရှိ ဆိုသလို ကိုယ် ခံစားနေရတဲ့ဝေဒနာကို တိတိကျကျသိမယ်ဆိုရင် ကုသနည်းတွေကိုလည်း မှန်မှန်ကန်ကန်အသုံးချလို့ရပါတယ်။

ကြို့ထိုးခြင်း ပျောက်ကင်းဖို့ရန်အတွက်

သကြား စားပွဲတင်ဇွန်း နှစ်ဇွန်းကို မျိုချပေးလိုက်မယ်ဆိုရင် ကြို့ထိုးအောင် လှုံ့ဆော်ပေးတဲ့ အာရုံကြောကို ရပ်တန့်စေပြီး ရင်ဝမ်းခြားကြွက်သားကိုလည်း တည်ငြိမ်အောင် ကူညီပါတယ်။

အိမ်မပျော်ခြင်းအတွက်

Source: craves.everybodyshops.com

ချယ်ရီသီးများက အိပ်မပျော်ခြင်းကို ကုသပေးနိုင်တဲ့ အကောင်းဆုံးအစားအစာပါပဲ။ ချယ်ရီသီးဖျော်ရည် တစ်ဝက်ခန့်ကို အိပ်ခါနီး မိနစ် ၂၀ အလိုမှာ သောက်သုံးပေးမယ်ဆိုရင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေမှာပဲဖြစ်ပါတယ်။

မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်းအတွက်

ဂျင်းအတုံးလေးပဲဖြစ်ဖြစ်၊ ဂျင်းဖျော်ရည်ပဲဖြစ်ဖြစ် အသုံးပြုပေးနိုင်ပါတယ်။ ဂျင်းကို အရည်ညှစ်ပြီးနောက် ရရှိလာတဲ့အရည်ကို ရေခဲတုံးပုံစံခွက်ထဲထည့်ပြီး အအေးခံထားလိုက်ပါ။ ရေခဲတုံးများ ခဲသွားပါက ထိုရေခဲတုံးကို စုပ်စားပေးနိုင်သလို ရေခဲတုံးကို ချေပြီးစားပေးလို့လည်း ရပါတယ်။

လည်ချောင်းနာခြင်းအတွက်

ကြက်သွန်ဖြူ ခြောက်မြွှာကို အရည်ညှစ်ပြီးနောက် ရေနွေးနွေးလေးနဲ့ ရောမွှေပေးလိုက်ပါ။ ထိုကြက်သွန်ဖြူရေနွေးနွေးလေးကို တစ်နေ့ နှစ်ကြိမ်ခန့် ပလုတ်ကျင်းပေးလိုက်ပါ။ လည်ချောင်းနာခြင်း၊ လည်ချောင်းယားယံခြင်းကို ဖြစ်ပေါ်စေတဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးမှာပဲဖြစ်ပါတယ်။

နေလောင်ဒဏ်ကြောင့် အသားအရေနီမြန်းရောင်ရမ်းခြင်းကို သက်သာစေဖို့ရန်အတွက်

ဒီပြဿနာကို ကုသပေးဖို့အတွက်ဆိုရင် ပန်းသီးရှာလကာရည် (သို့မဟုတ်) အုတ်ဂျုံ (သို့မဟုတ်) ရှားစောင်းလက်ပတ်ကို အသုံးပြုနိုင်ပါတယ်။ ရေချိုးတဲ့အခါ ပန်းသီးရှာလကာရည် ပန်းကန်လုံးတစ်ခွက်ခန့် ထည့်ချိုးပေးခြင်းက နေလောင်ဒဏ်ခံထားရတဲ့ အသားအရေရဲ့ pH ပမာကို ထိန်းညှိပေးပါတယ်။ အုတ်ဂျုံနဲ့ ရေချိုးမယ်ဆိုရင်တော့ ယားယံခြင်းကို သက်သာစေပြီး ရှားစောင်းလက်ပတ်ဂျယ်ကို နေလောင်ဒဏ်ပေါ် သုတ်လိမ်းပေးခြင်းကတော့ အသားအရေကို အစိုဓာတ်ထိန်းပေးထားမှာပဲဖြစ်ပါတယ်။

ခြေထောက်အနံ့ဆိုးများကို ဖယ်ရှားဖို့ရန်အတွက်

ပန်းသီးရှာလကာရည်နဲ့ ရေနွေးနွေးလေးတို့ပဲ လိုအပ်ပါတယ်။ ခြေထောက်အနံ့ နံခြင်းက ချွေးထွက်များခြင်းကြောင့်မဟုတ်ဘဲ ဘက်တီးရီးယားကြောင့်ပဲဖြစ်ပါတယ်။ ရှာလကာရည်က ဘက်တီးရီယားတွေကို သေစေနိုင်တဲ့ အက်ဆစ်ဓာတ်များပါဝင်ပါတယ်။ ပန်းသီးရှာလကာရည် တစ်ဆနဲ့ ရေနွေးနွေးလေး ၂ ဆကို ရောနှောပြီးနောက် ခြေထောက်ကို ထိုအရည်ထဲ ထည့်စိမ်ထားလိုက်ပါ။

Source: selfreliantschool.com