အချိန်ကုန်သက်သာပြီး လွယ်ကူမြန်ဆန်စေမယ့် နည်းလမ်းတွေကို အိမ်ရှင်မတွေဟာ အမြဲ ရှာဖွေနေတတ်ကြပါတယ်။ အလုပ်မီ၊ ကျောင်းမီ ချက်ပြုတ်ရတဲ့ အိမ်ရှင်မတွေ အတွက်တော့ မီးဖိုချောင်ထဲက မြန်ဆန်စေမယ့်န ည်းလမ်းလေးတွေကို နှစ်သက်ကြပါတယ်။ မြန်ဆန်ပြီး ထိရောက်တဲ့ မီးဖိုချောင် နည်းလမ်းတွေကို မျှဝေပါရစေ။

avogado_ripe

၁။ ထောပတ်သီး မှည့်မမှည့် အမြန်စစ်နည်းပါ။ ထောပတ်သီး အညှာကို ချွေပြီး ကြည့်ပါ။ အဝါရောင် သို့မဟုတ် အစိမ်းရောင် ဖြစ်နေရင်တော့ ထောပတ်သီးဟာ စားဖို့ အနေတော် အဆင့်ဖြစ်နေပြီး အညိုရောင် ဖြစ်နေမယ်ဆိုရင်တော့ ထောပတ်သီးဟာ အမှည့်လွန်နေပါပြီ။

ice

၂။ ဧည့်သည်တွေကို ဧည့်ခံတဲ့အခါ ရေခဲတုံး အကြည်လေးတွေနဲ့ဆိုရင် ပိုပြီး တင့်တယ်စေပါတယ်။ ဒီလို အကြည်လေးတွေ ရဖို့ဆိုရင် ရေခဲခွက်ထဲကို ရိုးရိုးရေမထည့်ဘဲ ရေနွေးဆူပြီးသားကို ထည့်ပါ။

egg

၃။ ကြက်ဥပြုတ်ရာမှာ လွယ်ကူအောင် မိနစ်တွေနဲ့ ပြထားပါတယ်။

pot

၄။ ထမင်းအိုး၊ ပဲပြုတ်အိုးတွေ ေ၀ မကျအောင် သစ်သားဇွန်းတစ်ချောင်းကို အိုးပေါ် တင်ထားပေးပါ။

၅။ ကြက်ဥ၊ ဘဲဥတွေကို အခွံနွှာဖို့ လွယ်ကူအောင် ဖန်ခွက် အသေးထဲမှာ ရေအနည်းငယ်ထည့်ပြီး ကြက်ဥ၊ ဘဲဥကို ထည့်ပါ။ ဖန်ခွက်ကို လက်နဲ့ပိတ်ပြီး ခေါက်ပေးပါ။ အခွံသပ်သပ် အနှစ်သပ်သပ် ဖြစ်သွားပါလိမ့်မယ်။

eggs

၆။ နောက်တစ်နည်းကတော့ ကြက်ဥ၊ ဘဲဥ ပြုတ်တဲ့ အခါ အခွံနွှာရ လွယ်အောင် ဆားအနည်းငယ် ထည့်ပြီး ပြုတ်ပေးပါ။

mango

၇။ သရက်သီးကို အခွံနွှာဖို့ လွယ်ကူစေတဲ့ နည်းပါ။ ဖန်ခွက်နှုတ်ခမ်းမှာ တည့်ပြီး ဆွဲချလိုက်ရင် အသားသပ်သပ် အခွံသပ်သပ် ဖြစ်သွားပါမယ်။

banana

၈။ ငှက်ပျောသီးကို မြန်မြန်မှည့်ပြီး ပျော်မသွားစေဖို့ အတွက် အညှာကို ခဲပတ်နဲ့ ပတ်ပြီး ထားပါ။ ၃-၅ရက်အထိ ခံပါတယ်။

potatoes and apple

၉။ အာလူးတွေ အစို့မထွက်စေဖို့ အတွက် ပန်းသီးတစ်လုံးနဲ့ ရောထားပါ။

lemon & avogado

၁၀။ ထောပတ်သီး ခွဲပြီးသားတွေကို မည်းမသွားစေဖို့ သံပုရာကို အကွင်းလိုက်လှီးပြီး ကပ်ထားလိုက်ပါ။

microwave

၁၁။ စားစရာတွေကို မိုက်ခရိုဝေ့နဲ့ ပြန်နွှေးတဲ့ အခါ ခြောက်မသွားစေဖို့ အတွက် ရေကို ခွက်တစ်ဝက်ဖြည့်ပြီး အတူတူ ထည့်ထားပေးပါ။

Source: buzzfeed