ကျပ်သိန်းတစ်ရာဆုများ၊ စင်ကာပူခရီးစဉ်များ၊ စိန်လက်စွပ်များနှင့် ငွေသားဆု ထောင်ပေါင်းများစွာကို နိုဝင်ဘာ ၂၀၁၇ မှ ဖေဖော်ဝါရီ ၂၀၁၈ အတွင်း ကံစမ်းရယူနိုင်မည်

ရန်ကုန်၊ မြန်မာ။ အောက်တိုဘာလ ၃၀ ရက်၊ ၂၀၁၇ – Unilever Myanmar ၏ ခနောကြက်သားမှုန့် အမှတ်တံဆိပ်သည် ယနေ့တွင် စားသုံးသူမိဘပြည်သူများအတွက် မြန်မာကျပ် သိန်း ၂၀၀၀ ကျော်တန်ဖိုးရှိသည့် စိတ်လှုပ်ရှားဖွယ် ဆုကြီးများ ထည့်သွင်းပေးထားသည့် “ကြွယ်ဝတဲ့အရသာ၊ ကြွယ်ဝတဲ့ဘဝ” ကံစမ်းမဲအစီအစဉ်ကို စတင်မိတ်ဆက်လိုက်ပြီဖြစ်ပါသည်။ ဤကံစမ်းမဲအစီအစဉ်ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ပြုလုပ်ပေးသွားမည်ဖြစ်ပြီး ခနောစားသုံးသူများအနေဖြင့် ကျပ်သိန်းတစ်ရာဆု (၅) ဆု၊ လူနှစ်ဦးလိုက်ပါနိုင်မည့် စင်ကာပူခရီးစဉ် (၂၀) ဆု၊ စိန်လက်စွပ် (၅၀) ဆုနှင့် ကျပ်ငါးသောင်းဆု (၁၀၀၀) ကျော်ကို ခနော ၁၇ ဂရမ်၊ ၄၀၀ ဂရမ် နှင့် ၈၀၀ ဂရမ်အထုပ်များအတွင်း ကံစမ်းရယူနိုင်ပါသည်။

Unilever မှ Brand Manager ဖြစ်သူ မချောစုစုဌေးက “စားသုံးသူများအနေနဲ့ ခနောကို သုံးစွဲကြည့်ကြဖို့ အားပေးချင်တဲ့အပြင် ကိုယ်ချစ်မြတ်နိုးရတဲ့ မိသားစုဝင်တွေအတွက် အရသာရှိလှတဲ့ ဟင်းလျာတွေကို ခနောနဲ့ ချက်ပြုတ်ကြသူများအားလုံးကို ဒီအစီအစဉ်က တစ်ဆင့် ကျေးဇူးတုံ့ပြန်ချင်တာဖြစ်ပါတယ်။ ခနောနဲ့ဆိုရင် မိသားစုများအနေနဲ့ အနံ့အရသာပြည့်ဝတဲ့ ကြည်နူးစရာ ထမင်းဝိုင်းတွေကို ပိုင်ဆိုင်နိုင်မယ့်အပြင် အခုလို စိတ်လှုပ်ရှားစရာဆုကြီးတွေကိုလည်း ရယူပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံ တစ်ဝှမ်းက ကံထူးရှင်တွေ ထွက်ပေါ်လာဖို့ကိုလည်း စောင့်ကြိုနေပါတယ်” ဟုပြောကြားသွားခဲ့ပါသည်။

ဤကံစမ်းမဲအစီအစဉ်တွင် ဆုမဲများ ရရှိနိုင်သည့် နည်းလမ်းမှာ လွယ်ကူရိုးရှင်းပါသည်။ စားသုံးသူများအနေဖြင့် မိမိတို့ဝယ်ယူလာသည့် ခနောအထုပ်ကို ဖွင့်ဖောက်စစ်ဆေးကြည့်ပြီး ကံထူးသူများအနေဖြင့် အထုပ်တွင်းတွင် ပေါက်မဲကုဒ်နံပါတ်ကို တွေ့ရမည်ဖြစ်ပါသည်။ အဆိုပါ ပေါက်မဲကုဒ်နံပါတ်ကို ဖုန်းနံပါတ် ၀၉-၄၂၂၄၀၈၀၈၀သို့ စာတို (SMS) ပေးပို့၍ မိမိတို့မည်သည့်ဆုကို ရရှိကံထူးသွားကြောင်း စစ်ဆေးရမည်ဖြစ်သည်။ ဆုမဲထုတ်ယူခြင်းအတွက် ကံထူးရှင်များကို Unilever ခနောမှ ဆက်သွယ်သွားမည် ဖြစ်ပါသည်။

Knorr-PR2

ခနောအနေဖြင့် စားသုံးသူမိဘပြည်သူများကို ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် ကံစမ်းမဲအစီအစဉ်ကြီးများကို လုပ်ဆောင်လာခဲ့သည်မှာ ယခုနှစ်အပါအဝင် (၃) နှစ်ရှိခဲ့ပြီဖြစ်ပါသည်။ ယမန်နှစ်တွင် ခနောမှ “ကံကောင်းခြင်းဟင်းလျာများ” ကံစမ်းမဲအစီအစဉ်ကို ကျင်းပပေးခဲ့ပြီး ငွေသားဆုမဲပေါင်းရာနှင်ချီ၍ ပေးအပ်ခဲ့ပါသည်။ ယခုနှစ်အတွက်ပြုလုပ်သည့် “ကြွယ်ဝတဲ့အရသာ၊ ကြွယ်ဝတဲ့ဘဝ” ကံစမ်းမဲအစီအစဉ်တွင် စားသုံးသူများ ကံထူးနိုင်မည့်အခွင့်အရေး ပိုမိုရရှိနိုင်ရန်အတွက် ဆုမဲအရေအတွက်ကို ခနောမှ သုံးဆပိုမို တိုးမြှင့်ပေးထားပါသည်။

ယမန်နှစ်က ပြုလုပ်ပေးခဲ့သည့် “ကံကောင်းခြင်းဟင်းလျာများ” ကံစမ်းမဲအစီအစဉ်တွင် ကျပ်သိန်းတစ်ရာဆုကို ကံထူးသွားခဲ့သူ ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်မှ အသက် (၄၀) အရွယ် အိမ်ရှင်မတစ်ဦးဖြစ်သူ မသင်းသင်းနွယ်က အဆိုပါဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်းနှင့် ပတ်သက်၍ “ဒီဆုကိုရသွားတဲ့အချိန်က အရမ်းရင်ခုန်စိတ်လှုပ်ရှားခဲ့ရတာကြောင့် ကိုယ့်စိတ်ကိုငြိမ်သွားအောင် အရင်အချိန်ယူခဲ့ရပါတယ်။ ဝမ်းသာတာကတော့ အတိုင်းထက်အလွန်ပါပဲ” ဟုပြောကြားခဲ့ပါသည်။ ထို့အပြင် ယင်းကံစမ်းမဲအစီအစဉ်၏ ကျပ်သိန်းတစ်ရာဆုပိုင်ရှင် နောက်တစ်ဦးဖြစ်သည့် မန္တလေးမြို့မှ ဒေါ်ပေါမြိုင်၏ကိုယ်စား သားဖြစ်သူက “အရင်ကတော့ ကံစမ်းမဲအသေးလေးတွေ ပေါက်ဖူးပါတယ်။ ဒါပေမယ့် ဒီလိုကြီးကြီးမားမားရတာကတော့ ဒါပထမဆုံးပါပဲ။ ထင်တောင်ထင်မထားပါဘူး။ အရမ်းလည်းဝမ်းသာမိပါတယ်။ ခနောကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်” ဟုပြောကြား ခဲ့ပါသည်။

ခနောအနေဖြင့် စားသုံးသူမိသားစုများ ဝေမျှသုံးဆောင်သည့် ဟင်းလျာများကို အနံ့အရသာနှင့်ပြည့်ဝစေရုံသာမကဘဲ ၎င်းတို့ လုပ်ဆောင်လိုသည့်အရာများ၊ အိပ်မက်များကို လက်တွေ့အကောင်အထည်ဖော်ခွင့်ရစေရန် ငွေသားဆုကြီးများကို ပေးအပ်ခြင်းဖြင့် စားသုံးသူများ၏ ဘဝတွင် အရေးပါသည့်အပြောင်းအလဲများကို ပေးအပ်နိုင်ခဲ့ကြောင်း မသင်းသင်းနွယ်နှင့် ဒေါ်ပေါမြိုင်တို့က သက်သေပြနေပါသည်။ ဥပမာအားဖြင့် မသင်းသင်းနွယ်က မိမိကံထူးခဲ့သည့် ငွေသားဆုကို သမီးနှစ်ဦး ပညာဆုံးခန်းတိုင်သည်အထိ ကျောင်းစရိတ်အဖြစ် အသုံးပြုသွားနိုင်မည်ဖြစ်ပြီး ကျန်ရှိသည်တို့ကို လှူဒါန်သွားမည်ဖြစ်ကြောင်း၊ ဒေါ်ပေါမြိုင်က ငွေသားဆုအားလုံးကို အလှူအတန်းပြုရာတွင် အသုံးပြုသွားမည် ဖြစ်ကြောင်း ပြောကြားသွားခဲ့ကြပါသည်။

ယခင်နှစ်များတွင်ပြုလုပ်ခဲ့သော ကံစမ်းမဲအစီအစဉ်များတွင် မသင်းသင်းနွယ်၊ ဒေါ်ပေါမြိုင်နှင့် အခြားသောကံထူးရှင်များစွာကို စိတ်လှုပ်ရှားပျော်ရွှင်မှုများ ယူဆောင်လာနိုင်ခဲ့သည့်နည်းတူ ယခုနှစ်၏ “ကြွယ်ဝတဲ့အရသာ၊ ကြွယ်ဝတဲ့ဘဝ” ကံစမ်းမဲ အစီအစဉ်တွင်လည်း ခနောက စားသုံးသူများထံ အနံ့အရသာနှင့်ပြည့်ဝသည့် ဟင်းလျာများနှင့် ကံကောင်းပျော်ရွှင်မှုများကို ယူဆောင်လာပေးရန် ရည်ရွယ်ထားပါသည်။

 

ခနောအကြောင်း

ခနောသည် Unilever ၏ ထုတ်ကုန်များထဲမှ လူကြိုက်အများဆုံး ထုတ်ကုန်တစ်ခုဖြစ်သည်။ ခနောထုတ်ကုန်များကို နိုင်ငံပေါင်း ၈၇ နိုင်ငံတို့တွင် ဖြန့်ဖြူးရောင်းချလျက်ကာ နေ့စဉ်နေ့တိုင်း လူသန်းပေါင်း ၃၂၀ ၏ အစာစားသုံးချိန်များ၌ ခနောပါဝင်နေပြီး ကမ္ဘာပေါ်ရှိ စားသောက်ကုန်အမှတ်တံဆိပ်များထက် သာလွန်စွာ ရပ်တည်လျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် ခနောကြက်သားမှုန့်၊ ခနောဆန်ပြုတ်နှင့် ခနောတုန်ယမ်းအစရှိသည့် ထုတ်ကုန် ၃ မျိုး ရရှိနိုင်ပါသည်။

Unilever အကြောင်း

Unilever သည် ကမ္ဘာတစ်ဝှမ်းလုံးရှိ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်သည့်ကုမ္ပဏီများထဲတွင် ဦးဆောင်နေသော ကုမ္ပဏီတစ်ခုဖြစ်ပြီး နိုင်ငံပေါင်း ၁၉၀ ကျော်ရှိ လူသန်းပေါင်း ၂၀၀၀ ကျော်အား ကုန်ပစ္စည်းများ နေ့စဉ်ရောင်းချပေးနေပါသည်။ Unilever ကုမ္ပဏီသည် မြန်မာနိုင်ငံတွင်လည်း အောင်မြင်စွာရပ်တည်လျက်ရှိပြီး Unilever Myanmar ၏ အဓိကရည်ရွယ်ချက်မှာ ကုန်ပစ္စည်းအမျိုးအစားများစွာ ဖြန့်ဖြူးပေးခြင်းဖြင့် စားသုံးသူများကို ပိုမိုကောင်းမွန်သော ဘဝ၏ အနှစ်သာရပေးစွမ်းနိုင်ရန်ဖြစ်ပါသည်။ မြန်မာနိုင်ငံ၌ ရရှိနိုင်သော Unilever ကုန်ပစ္စည်းအမျိုးအစားများမှာ Lifebuoy၊ Lux၊ Dove၊ OMO၊ Signal၊ Sunsilk၊ Clear၊ Close-up၊ Fair & Lovely၊ Ponds နှင့် Knorr တို့ ဖြစ်ပါသည်။