ရန်ကုန်၊မြန်မာ- စက်တင်ဘာလ ၂၆ ရက်၊ ၂၀၁၇ ခုနှစ် – ရန်ကုန်မြို့ရှိ မြို့ကြီး ၇ မြို့တွင် ကျင်းပပြုလုပ်သွားမည့် LACTOGEN 3 Grow Happy ခရီးစဉ် မိတ်ဆက်ပွဲအခမ်းအနားအား စက်တင်ဘာလ ၂၆ ရက်နေ့တွင် Chatrium Hotel ၌ ပြုလုပ်ကျင်းပခဲ့သည်။ ယခု ခရီးစဉ်အား အောက်တိုဘာလ (၇) ရက်နေ့ ၌ စတင်သွားမည်ဖြစ်ပြီး သွားရောက်မည့် မြို့၇ မြို့မှာ မကွေး၊ ပြည်၊ ရန်ကုန်၊ တောင်ကြီး၊ နေပြည်တော်၊ မန္တလေး၊ မော်လမြိုင် မြို့တို့ ဖြစ်သည်။

အဆိုပါ မိတ်ဆက်ပွဲတွင် အနပညာရှင်မိခင်များ ဖြစ်ကြသည့် မယ်လိုဒီ ၊ မျိုးစန္ဓီကျော် ၊ မိုးပြည့်ပြည့်မောင် တို့နှင့်အတူ နာမည်ကျော် Mommy Bloggers များဖြစ်ကြသည့် ဂျက်ဆီကာမိုးဇက် ၊ သန္ထာမျိုး တို့တက်ရောက်ခဲ့ကြပါသည်။

ယခု အစီအစဉ်သည် Nestlé မှ အရည်သွေးကောင်းမွန်သော ထုတ်ကုန်တစ်ခုဖြစ်သည့် Lactogen 3 ထုတ်ကုန်ပစ္စည်း အကြောင်းပိုမိုသိရှိစေရန် သတင်းအချက်အလက်များဖြန့်ဝေသွားမည်သာမက အစီအစဉ်တွင် ပါဝင်သည့် ကလေးများနှင့် မိဘများ အတွက် ပျော်ရွှင်ဖွယ်ရာအစီအစဉ်များလည်း ထည့်သွင်းသွားမည်ဖြစ်သည်။

ခရီးစဉ်တွင် ကလေးများအတွက် မြန်မာနိင်ငံ၏ ပထမဆုံး ရွေ့လျားကစားကွင်း တစ်ခုပါဝင်သည့်အပြင် မိဘများ ပျော်ရွှင်စွာဝင်ရောက်ဆင်နွှဲနိုင်မည့် အစီအစဉ်များ ၊ အချက်အပြုတ်သင်တန်း ၊ Zumba သင်တန်း ၊ ပန်းအလှပြင်သင်တန်း အစရှိသည်သာမက ဆရာဝန် နှင့် အခမဲ့တိုင်ပင်ဆွေးနွေးမှုများ တို့ပါဝင်သည်။

Grow Happy ခရီးစဉ်၏ အဆုံးတွင် မြန်မာနိင်ငံ၏ အကြီးကျယ်အခမ်းနားဆုံး ပျော်ရွင်ဖွယ် မွေးနေ့ပွဲကြီးကို ဒီဇင်ဘာ (၃) ရက်နေ့တွင် အဆိုပါမြို့ကြီး(၇)မြို့၏ ရွေးချယ်ထားသော ပရဟိတ မိဘမဲ့ ကလေးကျောင်းများနှင့်အတူ ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါ မွေးနေ့ပွဲတွင် အနုပညာရှင်များရဲ့ဖျော်ဖြေမှုများ၊ မိသားစုများအတွက် ထူးခြားသော အစီအစဉ်များ နှင့် အခြားသော ရင်ခုန်ပျော်ရွင်ဖွယ်ရာများစွာ ပါဝင်မည် ဖြစ်သည်။

LACTOGEN 3 အကြောင်း

LACTOGEN 3 သည် Myanmar Distribution Group (MDG) မှ ဖြန့်ချီသော အရည်သွေးကောင်းမွန်သည့် နက်စလေ ထုတ်ကုန်တစ်ခုဖြစ်သည်။ အသက် (၂)နှစ်အထက်ကလေး များအတွက် ကျန်းမာစွာကြီးထွားဖွံ့ဖြိုးမှု ကို ကောင်းစွာကူညီထောက်ပံ့ပေးနိင်သည့် ဖွံ့ဖြိုးစကလေး နိ့မှုန့်တစ်မျိုးဖြစ်ပြီး လေထိုးလေအောင့်ခြင်း ကြောင့်နာကျင်စွာငိုကျွေးရသော အချိန်ကို သိသာစွာ လျော့ကျစေနိင်ပြီး ၀မ်းချုပ်ခြင်းကြောင့် ဖြစ်စေနိုင်သည့် ရောဂါလက္ဓဏာများ ကိုသက်သာပျောက်ကင်းစေနိုင်မည့် လယ်ကော်ဖော့တစ် ဟုခေါ်သော ခန္ဓာကိုယ်အကျိုးပြု ပရိုဘိုင်အိုတက်ပါဝင်သော ဈေးကွက်ထဲရှိ တစ်ခုတည်းသော ဖွံ့ဖြိုးစကလေးနိ့မှုန့်ဖြစ်သည်။ လေထိုးလေအောင့်နှင့် ၀မ်းချုပ်ခြင်းတို့အပြင် ကယ်လ်ဆီယမ် ကြွယ်ဝသောအစားအစာများ အားစားသုံးရမည်ကို မသိရှိခြင်း ကြောင့် ကယ်လ်ဆီယမ် ချိုတဲ့မှု ပြသာနာအများဆုံးဖြစ်ပွားနေလျက်ရှိသည်။ LACTOGEN 3 တွင် ကလေးများ ကြီးထွားဖွံ့ဖြိုးရန်အတွက် အဓိကအာဟာရဓါတ်တစ်ခုဖြစ်သည့် ကယ်လ်ဆီယမ် ကြွယ်ဝစွာ ပါဝင်ပါသည်။ လေ့လာတွေ့ရှိမှု များအရ ဦးနှောက်နှင့် ညဏ်ရည်ဖွံ့ဖြိုးမှုကို ကောင်းစွာ အထောက်အကူပြုပေးနိင်မည့် DHA လုံလောက်စွာပါဝင်ပါသည်။

Nestlé Myanmar အကြောင်း

နက်စလေသည် ဆွစ်ဇလန်နိင်ငံအခြေစိုက် ကမ္ထာ့ အကြီးဆုံးစားသောက်ကုန်ထုတ်လုပ်သည့်ကုမ္ပဏီဖြစ်သည်။ နက်စလေသည် ကမ္ဘာတစ်ဝန်းရှိ ၁၉၁ နိင်ငံတွင် တည်ရှိပြီး ၀န်ထမ်း အင်အား ၃၂၈၀၀၀ ခန့်ဖြင့် ပိုမိုသာယာလှပသောအနာဂတ်နှင့်လူနေမှုဘ၀များမြင့်မားရန်အတွက်ဟူသော နက်စလေ
၏ရည်ရွယ်ချက်ကို ပြည့်မှီအောင်ဆောင်ရွက်နေလျက်ရှိကြရာတွင် အာဟာရ နှင့် ကျန်းမာရေး တို့အား ဖြင့် အဓိကလုပ်ဆောင်နေလျက်ရှိကြသည်။ကျွန်ုပ်တို့၏ အရည်သွေးကောင်းမွန်သော ကုန်အမှတ်တံဆိပ်များ နှင့် ထုတ်ကုန်စားသုံးသူများအား အာဟာရပြည့်မှီအောင်ကမ္ဘာတစ်ဝန်း လုပ်ဆောင် လာခဲ့ရာ နှစ်တစ်ရာငါးဆယ်ကျော် ရှိခဲ့ပြီဖြစ်သည်။ မြန်မာနိင်ငံတွင် နက်စလေထုတ်ကုန်များ ၁၉၁၅ ခုနှစ်တွင်စတင်ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး နက်စလေမြန်မာလီမီတက်အား ၂၀၁၃ တွင် စတင် တည်ထောင်ခဲ့ပါသည်။ Myanmar Distribution Group ၏ စီးပွားမိတ်အဖြစ်ရပ်တည်ကာ NESCAFÉ, MILO, BEAR BRAND, MAGGI, LACTOGEN ,CERELAC စသော ကုန်အမှတ်တံဆိပ်များ ကို စားသုံးသူများထံသိုပို့ဆောင်ပေးနေလျက်ရှိသည်။