ဆေးဝါးတွေထက်အစွမ်းထက်တဲ့ အိမ်တွင်းဆေးတစ်မျိုး ဖော်စပ်နည်းကို မျှဝေပေးချင်ပါတယ်။ လည်ချောင်းနာတာပဲဖြစ်ဖြစ် ဖျားတာပဲဖြစ်ဖြစ် သိပ်ကိုခံရခက်ပါတယ်နော်။
ဆားရယ် ငရုတ်ကောင်းရယ် သံပုယိုသီးရယ်ပေါင်းပြီး ပြုလုပ်ရမှာပါ။ မိမိအိမ်မှာအလွယ်တကူရှာလို့ရတာမို့ စာဖတ်သူတို့ အဆင်ပြေမယ်မျှော်လင့်ပါတယ်။
လည်ချောင်းနာခြင်း
လည်ချောင်းနာတာအတွက်တော့
ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ရေနွေး တစ်ခွက်
သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်း
ပြုလုပ်နည်း
ပါဝင်ပစ္စည်းအားလုံးကိုရောပြီး ပလုတ်ကျင်းပေးရမှာပါ။ တစ်နေ့ကို ၂ ကြိမ်လုပ်ပါ။
သက်သာသွားပါလိမ့်မယ်။
အအေးမိဖျားနာခြင်း
သံပုယိုသီး တစ်ခြမ်း
ပျားရည်
ပြုလုပ်နည်း
သံပုယိုသီး တစ်ခြမ်းကိုအရည်ညှစ်လိုက်ပြီး ရေနွေးထည့်ထားတဲ့ ခွက်ထဲထည့်ပါ။
ပြီးရင် အခွံကိုပါ လှီးပြီးထည့်ပေးပါ။ ၁၀ မိနစ်လောက်စိမ်ထားပါ။
ပြီးရင် သံပုယိုသီးအခွံတွေကိုဖယ်ပြီး ပျားရည် ၁ ဇွန်းထည့်ပေးပါ။
သေချာမွေပြီး သောက်ပေးပါ။
အအေးမိဖျားနာတာ သက်သာလာပါလိမ့်မယ်။