ကြက်သွန်ဖြူနဲ့ သံပုယိုသီးဟာ ကျန်းမာရေးကို အထောက်အကူပြုတဲ့ သဘာဝတရားရဲ့ လက်ဆောင်မွန်ဆိုရင် မမှားပါဘူး။ မကောင်းတဲ့ ကိုလက်စထရော ပမာဏက သွေးလွတ်ကြောနံရံတွေမှာ ပိတ်ဆို့လာပြီး သွေးလည်ပတ်မှုကို လျော့ကျစေပါတယ်။ ဒါ့ကြောင့် နှလုံးနဲ့ဆိုင်ရာရောဂါ (သို့) လေဖြတ်မှု အန္တရာယ်နဲ့ ရင်ဆိုင်ရနိုင်ပါတယ်။

မကောင်းတဲ့ ကိုလက်စထရောတွေကို လျှော့ကျစေမယ့် သဘာဝနည်းလမ်းကတော့ ကြက်သွန်ဖြူနဲ့ သံပုယိုသီးကို များများစားပေးတာပါပဲ။ နှလုံးသွေးကြောပိတ်တာကို သက်သာစေဖို့အတွက် သံပုယိုသီးနဲ့ ကြက်သွန်ဖြူကို အသုံးပြုတဲ့ ဆေးဖော်စပ်နည်း ၃ မျိုးကို မျှဝေပေးသွားမှာပါ။

garlic25peeled-lemons

နည်းလမ်း ၁

ပါဝင်ပစ္စည်း

သံပုယိုရည် ၁ ခွက်

ဂျင်းရည် ၁ ခွက်

ကြက်သွန်ဖြူရည် ၁ ခွက်

ပန်းသီး ရှလကာရည် ၁ ခွက်

ပြုလုပ်နည်း

ပါဝင်ပစ္စည်းအားလုံးကို အတူတကွထည့်ပြီး နာရီဝက်လောက် သယ်ထားပေးပါ။ (သို့) ဒါမှမဟုတ် ခွက် ၃ ခွက်စာပမာဏကျန်တဲ့ထိ သယ်ပေးထားပါ။ အဲဒီနောက် အအေးခံပြီး ရလာတဲ့ အရည်ကို သဘာ၀ ပျားရည် ၃ ခွက် ရောပါ။ အဲဒီနောက် ဖန်ခွက်တစ်လုံးထဲထည့်ပြီး ရေခဲသေတ္တာထဲထည့်ပါ။

သောက်သုံးနည်း

မနက်စာမစားခင် အဲဒီအရည်ကို စားပွဲတင်ဇွန်း ၁ ဇွန်းသောက်ပါ။

b833fee3902e4eeea0a54fea0b2e62ae

နည်းလမ်း ၂

ပါဝင်ပစ္စည်း

အခွံခွာပြီးသား သံပုယိုသီး ၆ လုံး ကို အတုံးသေးသေးလေးတွေဖြစ်အောင် လှီးပါ။

ကြက်သွန်ဖြူ အမွှာ ၃၀ ကို အတုံးသေးသေးလေးဖြစ်အောင် လှီးပေးပါ။

ပြုလုပ်နည်း

ပါဝင်ပစ္စည်းအားလုံးကို ဖျော်စက်ထဲထည့်ပြီး ရေအနည်းငယ်ထည့်ကာ အမှုန့်ကြိတ်ပါ။

အဲဒီနောက် ခွက်တစ်လုံးထဲထည့်ပေးပြီး ရေ ၂ လီတာထည့်ပေးပြီး ဆူအောင်သည်ပါ။

၅ မိနစ်လောက် ဆူအောင်ထားပြီး အအေးခံထားပါ။

အဲဒီအရည်ကို ခွက်တစ်လုံးထဲထည့်ပြီး ရေခဲသေတ္တာထဲထည့်ထားပါ။

သောက်သုံးနည်း

တစ်ရက်ကို ၅၀ မီလီမီတာ (၅ စင်တီမီတာ) လောက်နဲ့ ၃ ပတ် ဆက်တိုက်သောက်ပြီး ၁ ပတ်နားပါ။

အဲဒီနောက် တစ်ရက်ကို ၅၀ မီလီမီတာ (၅ စင်တီမီတာ) လောက်နဲ့ ၃ ပတ်ဆက်သောက်ပါ။ အဲဒီလိုနည်းအတိုင်း ၆ လ တစ်ခါထပ်သောက်ပါ။

40cloves-garlic20140421-knife-skills-citrus-06

နည်းလမ်း ၃

ပါဝင်ပစ္စည်း

သံပုယိုသီး ၃ လုံး

ကြက်သွန်ဖြူ ၁၅ မွှာ

lemons-1garlic

ပြုလုပ်နည်း

ပါဝင်ပစ္စည်းအားလုံးကို ဖျော်စက်ထဲထည့်ပြီး ရေအနည်းငယ်ထည့်ပါ။

အဲဒီနောက် သကြားအနည်းငယ်ထည့်ပြီး စက်ကို ဖျော်လိုက်ပါ။

အဲဒီနောက် အိးတစ်လုံးထဲထည့်ပေးပြီး နောက်ထပ် သံပုယိုသီး ၃ လုံးနဲ့ ကြက်သွန်ဖြူ ၁၅ မွှာကို ထည့်ကာ အဲဒီနည်းအတိုင်း လုပ်ပေးပါ။

ဆက်လက်ပြီး ဖျော်စက်ကို ရေ ၁ လီတာလောက်နဲ့ ဆေးပေးပြီး အဲဒီအရည်ကို အိုးထဲ လောင်းထည့်ပါ။ အဲဒီနောက် ဆူအောင်သယ်ပြီး ၅ မိနစ်လောက်ထားပါ။

အဲဒီနောက် ရေစစ် (သို့) ကန့်တော့ကို အသုံးပြုကာ ရေစစ်ပြီး အဲဒီအရေကို နောက်ထပ် အိုးတစ်လုံးထဲထည့်ပါ။

အဲဒီနောက် အအေးခံထားပြီး နောက်ထပ် ပုလင်းတွေထဲ ထည့်ထားကာ ရေခဲသေတ္တာမှာ သိုလောင်ထားပါ။ ပုလင်းကို အသုံးပြုရမှာ ပလတ်စတစ်မဖစ်ဖို့အရေးကြီးပါတယ်။

သောက်သုံးနည်း

အဲဒီအရေကို တစ်ရက်ကို တစ်ခွက်နှုန်းနဲ့ ၃ ပတ်သောက်ပြီး တစ်ပတ် နားပါ။ အဲဒီနောက် နောက်ထပ် ၃ ပတ်ထပ်သောက်ပါ။ အဲဒီအတိုင်း ၁၂ လလောက်လုပ်ပေးပါ။