စတော်ဘယ်ရီသီးတွေကို လူတိုင်းနီးပါး ကြိုက်နှစ်သက်ပါတယ်။ ချို၊ ချဉ် အရသာ စတော်ဘယ်ရီသီးလေးကို ဒီလို ဆောင်းရာသီနဲ့ ဆောင်းအကူး နွေရာသီလေးတွေမှာ ပေါပေါများများ စားရတတ်ပါတယ်။

ဒီအတိုင်းလည်း မစားချင်၊ ဖျော်ရည်လည်း မသောက်ချင်သူတွေအတွက် Crackers လေးနဲ့ တွဲစားလို့ရတဲ့နည်းလမ်းလေးကို ဝေမျှချင်ပါတယ်။

ပါဝင်ပစ္စည်းများ (Crackers ၁၂ ချပ်စာ)

Cracker မုန့် ၁၂ ချပ်

ချိစ်ခရင်မ် ခွက်တစ်ဝက်

စတော်ဘယ်ရီ တစ်ခွက် ( လှီးထားပါ)

ပျားရည်အနည်းငယ်

ပြင်ဆင်ခြင်း

Cracker မုန့် ပေါ်ကို ခရင်မ်တို့လိမ်းလိုက်ပါ။ ပြီးရင် အဲဒီအပေါ်မှာ စောစောကလှီးထားတဲ့ စတော်ဘယ်ရီသီးကို တင်လိုက်ပါ။ ပြီးရင် ပျားရည် နည်းနည်းစမ်းလိုက်ပါ။

ဒါဆိုရင် အသင့်စားလို့ရပါပြီနော်။

ပြုလုပ်ရတာလည်း လွယ်ကူတဲ့အပြင် စားရတာလည်း အရသာရှိတာမို့ စာဖတ်သူတို့သဘောကျ နှစ်ခြိုက်ကြမှာပါ။