ဒီ Diet Plan လေး မစခင် အကျဉ်းချုပ်ရေးထားတဲ့ စာလေးကို အရင်ဆုံး ဖတ်စေချင်ပါတယ်။ ဒါမှ ဆောင်ရန်ရှောင်ရန်နဲ့ ကြိုပြင်ဆင်ထားရမယ့် အရာတွေကို သဘောပေါက်စေမိမှာပါ။ (ဒီမှာဖတ်ပါ။)စတော့မယ်ဆိုတာနဲ့ အရင်ဆုံး ၀ိတ်ချိန် ထားရပါမယ်။ ကဲ ဒီနေ့က ပထမဆုံးရက် ဖြစ်လို့ ၀ိတ်ချိန်ထားကြည့်ပါ။

Diet Plan တွေကို လုပ်တဲ့ လူတွေဟာ တစ်ခုတော့ သိထားရပါမယ်။ Diet Plan တွေဟာ ကယ်လိုရီတွက်ပြီး အာဟာရနဲ့ ညီမျှအောင် စားသောက်နည်း ဖြစ်တဲ့ အတွက် အာဟာရမျှအောင် စားရပါမယ်။ ပိန်ချင်ဇောနဲ့ Plan မှာ ပါတဲ့အတိုင်း မစားဘဲ လျှော့စားတာမျိုးတွေ မလုပ်သင့်ပါဘူး။

bean

သုံးရက်အတွင်း စားရမယ့် အရာတွေရဲ့ အကျဉ်းချုပ်ကတော့

ပရိုတင်း

– တူနာငါး ၂ဘူး
– Cheddar Cheese
– ဟော့ဒေါ့ (အသားတွေရောပြီး လုပ်ထားတာတွေနဲ့ အခြားအရာတွေနဲ့ တွဲစားတာတွေ မရပါဘူး)
– Cottage Cheese
– အသား (ပင်လယ်စာ၊ ၀က်သား(အဆီမပါတာ)၊ အမဲသား နဲ့ ကြိုက်နှစ်သက်တဲ့အသား)
– မြေပဲထောပတ်

ကာဗွန်ဟိုက်ဒြိတ်

– ပေါင်မုန့်ညို
– ခရက်ကာ (Saltine or Plain)

coffee

အသီးနဲ့ ဟင်းသီးဟင်းရွက်

– စပျစ်သီး
– ပဲသီးစိမ်း
– ပန်းပွင့်စိမ်း
– မုန်လာဥနီ
– ငှက်ပျောသီး
– ပန်းသီးအသေး

သောက်ရမယ့် အရည်

– ကော်ဖီကြမ်းနဲ့ ရေ

အခြား သရေစာ

– Vanilla Ice Cream

သောက်လို့ရတဲ့ အရည်များ

– ကော်ဖီကြမ်း ဒါမှမဟုတ် Green Tea ကို ပထမရက်ရဲ့ ၂နပ်မှာပဲ သောက်ပါ။ သကြားနဲ့ နို့မထည့်ပါနဲ့
– ရေကတော့ အဓိကပါ။ ဘယ်လို သောက်ရမလဲဆိုရင် ကိုယ်ရဲ့ အလေးချိန်ရဲ့ တစ်ဝက်ကို သောက်ရပါမယ်။ သင်ဟာ ပေါင် ၁၆၀ ရှိရင် တစ်ဝက်ဖြစ်တဲ့ ၈၀ အောင်စ သောက်ရပါမယ်။
၈၀အောင်စဆိုတာ ၂.၅ လီတာပါ။ အဲ့ဒီတော့ ပျှမ်းမျှအားဖြင့် တစ်နေ့ကို ၂-၃ လီတာကြား သောက်ကြရပါမယ်။
– သကြားမပါတဲ့ ချောကလက်အပူ သောက်လို့ ရပါတယ်။ ဒီ Plan မှာ နို့မသောက်ရပါဘူး။

dayone_md

ပထမရက် မနက်စာ

မနက်စာကိုတော 297 ကယ်လိုရီ စားရပါမယ်
-့ စပျစ်သီး 1/2 ဂရမ်
– ပေါင်မုန့်မီးကင်တစ်ချပ်
– မြေပဲထောပတ် လက်ဖက်ရည်ဇွန်း၂ဇွန်း
– ကော်ဖီ သို့မဟုတ် ရေနွေးကြမ်း Green Tea

lunch_one

နေ့လည်စာ

နေ့လည်စာကတော့ 157 ကယ်လိုရီပဲ စားရပါမယ်။
– တူနာ ဘူးတစ်ဝက် (ဘူးသေး)
– ပေါင်မုန့်တစ်ချပ်
– ကော်ဖီကြမ်း

dinner_one

ညစာ

ညစာမှာကတော့ 767 ကယ်လိုရီစာပဲ စားရပါမယ်။
– အသား ကြိုက်နှစ်သက်ရာ ၃အောင်စ…၀က်သားစားမယ်ဆိုရင်တော့ အဆီရှောင်ပြီးအသားချည်း စားပေးပါ။
– ပဲစိမ်း လက်ဖက်ရည်တစ်ပန်းကန်စာ (ပဲတောင့်ရှည်သီး အသေး တစ်စီးကို ပြုတ်စားလည်း ရပါတယ်)
– ငှက်ပျောသီး ၁ ပိုင်း
– ပန်းသီး အသေးတစ်လုံး
– ဗနီလာ ရေခဲမုန့် ခွက်သေးတစ်ခွက်

ice cream with fruits

ညစာကို ရေခဲမုန့်ထဲ ငှက်ပျောသီးနဲ့ ပန်းသီးတွေကို လှီးပြီး တခါတည်း စားလို့ရပါတယ်။

ကြားထဲမှာ ဗိုက်ဆာခဲ့မယ်ဆိုရင် အခြား သရေစာတွေ စားလို့မရပါဘူး။ ဒီထဲက အသီးတစ်မျိုးကို ချိန်စားပါ။

ပြုလုပ်ရမယ့် လေ့ကျင့်ခန်းတွေကတော့ လမ်းလျှောက်ပါ။ ပြေးပါ။ ရေကူးပါ၊ ကြိုးခုန်ပါ၊ လမ်းလျှောက်စက်သုံးပြီး လေ့ကျင့်ခန်းလုပ်ပါ။ တစ်ခုကတော့ ကိုယ်လက်လှုပ်ရှားမှု မရှိရင်တော့ ကိုယ်လိုချင်တဲ့ပန်းတိုင်ကို ရောက်နိုင်မှာ မဟုတ်ပါဘူး။

ဒုတိယရက် ဆက်ရန်