သိပ္ပံပညာရပ်ဆိုင်ရာ သုတေသနအချက်အလက်များအရ မိုဘိုင်းဖုန်း စခရင်ရဲ့အလင်းရောင်က မျက်လုံးမှာရှိတဲ့ သားငယ်အိမ်ရဲ့ ဆဲလ်တွေကို သေဆုံးစေနိုင်ပြီး အမြင်အာရုံကို ထိခိုက်စေပါတယ်။

စမတ်ဖုန်းကို မီးမှောင်မှောင်မှာ အသုံးပြုတာ ကြာလာရင် စမတ်ဖုန်း စခရင်က ထွက်တဲ့အလင်းရောင်က မျက်လုံးကို တိုက်ရိုက်ထိခိုက်ပြီး မျက်လုံးက အနီရောင် သို့မဟုတ် ပန်းရောင် ပြောင်းသွားကာ မျက်စိကန်းတာ သို့မဟုတ် မျက်လုံးကင်ဆာဖြစ်တတ်ပါတယ်။

q1

အသက် ၄၀ အရွယ်အမျိုးသားတစ်ဦးက မျက်လုံးက အနီရောင်ဆန်ဆန် ပန်းရောင်ဆန်ဆန်ပြောင်းသွားတာကြောင့် ဆရာဝန်နဲ့သွားရောက်ပြသ ခဲ့တဲ့အခါမှာ မျက်လုံးကင်ဆာဖြစ်နေတာကို သိခဲ့ရပါတယ်။

သူဟာ ညဘက် မအိပ်ခင် မိနစ် ၃၀အလိုမှာ အမြဲတမ်း အိပ်ယာထဲမှာ စမတ်ဖုန်းကြည့်လေ့ရှိတဲ့ အလေ့အကျင့် ကြောင့် မျက်လုံးကင်ဆာဖြစ်လာရတယ်လို့ သူ့ဆရာဝန်က ကောက်ချက်ချပါတယ်။