ကြက်သွန်နီဟာ မြန်မာတို့ရဲ့ အိမ်တိုင်းမှာ တွေ့ရလေ့ရှိတဲ့ ဟင်းခတ်အစားအစာတစ်မျိုးပါ။

ကြက်သွန်နီမှာ ကျန်းမာရေးအတွက်အထောက်အကူပြုစေတဲ့ အာဟာရဓါတ်တွေ အများအပြားပါဝင်ရုံသာမက ဆေးစွမ်းထက်တဲ့ ဆေးတစ်မျိုးဆိုလည်း မမှားပါဘူး။

သွေးသန့်ဆေး

Place-An-Onion-On-Your-Neck-And-You-Will-Solve-The-Most-Common-Diseases-Of-Our-Time

ကြက်သွန်နီမှာ အဖြူနဲ့ အနီ နှစ်မျိုးရှိတဲ့ထဲက ကြက်သွန်နီ (အနီ) မှာ ပိုတက်ဆီယမ် ၊ ဗီတာမင် C ၊ မဂ္ဂနိစ် စတဲ့ဓါတ်တွေပါဝင်ပြီး သွေးကိုသန့်စင်ပေးနိုင်ပါတယ်။

သိုင်းရွိုက်

onion

ကြက်သွန်နီကို လှီးပြီး လည်ပင်းပေါ်မှာ လိမ်းပေးတာဟာ သိုင်းရွိုက်ဂလင်း လည်ပင်းကြီးအကြိတ် သက်သာပျောက်ကင်းစေပါတယ်။

ကြက်သွန်နီ (အနီ) ရဲ့ အရည်ကိုလိမ်းပေးပြီး ညလုံးပေါက်ထားအိပ်ပါ။ ဒါဆိုလည်း သိုင်းရွိုက်ဂလင်း လို့ခေါ်တဲ့ လည်ပင်ကြီးအကြိတ်ကို သက်သာပျောက်ကင်းစေပါတယ်။ ဒါ့အပြင် သိုင်းရွိုက်ရဲ့ လုပ်ဆောင်မှုကို အားကောင်းစေလို့ သိုင်းရွိုက်ရှိသူတွေ မှီဝဲသင့်ပါတယ်။

နောက်ထပ်အကျိုးကျေးဇူးတွေကတော့

cut-onion

မှို ဘက်တီးရီးယားနဲ့ ကင်ဆာရောဂါဖြစ်ပွားမှုကိုလျှော့ချပေးနိုင်ပြီး တခြား နာတာရှည်ရောဂါဖြစ်ပွားမှုကိုလည်း သက်သာပျောက်ကင်းစေပါတယ်။