Microwave ကို သင်တို့ရဲ့ ညစာ နွှေးစားရုံတင် လုပ်လို့ရတယ်ပဲ ထင်နေရင်တော့ မှားနေပါပြီ။ Microwave ဟာ အခြား မီးဖိုချောင်အတွင်း လူသိနည်းလှတဲ့ အသုံးပြုပုံလေးတွေလည်း ရှိပါသေးတယ်။

microwave-uses-garlic

အလုပ်များနေတဲ့ မနက်ခင်းတွေမှာ အချိန်လုပြီး ချက်ပြုတ်ရတဲ့ အိမ်ရှင်မတွေ အတွက် ကြက်သွန်ဖြူ အခွံနွှာတာဟာ တခါတလေ စိတ်မရှည်ချင်စရာ ဖြစ်ပါလိမ့်မယ်။ အဲ့ဒီ အချိန်မျိုးတွေမှာဆိုရင် ကြက်သွန်ဖြူတွေကို Microwave ထဲ ၁၅ စက္ကန့်လောက်ထည့်ပြီး ပြန်ထုတ်လိုက်ပြီး ရေဆေးချလိုက်ရင် အခွံတွေ နွှာပြီးသား ဖြစ်ပါလိမ့်မယ်။

ပေါင်မုန့်တွေ လေသလပ်သွားတဲ့ အခါ အနံ့တစ်မျိုး ပြောင်းသွားတတ်ပါတယ်။ သူရဲ့ မူလအနံ့လေး ပြန်လိုချင်တယ်ဆိုရင်တော့ ပေါင်မုန့်ကို Moist Paper Towel လေး ပတ်ပြီး မိုက်ကရိုစေ့ထဲ စက္ကန့်၂၀လောက် ထည့်ထားလိုက်ပါ။ အနံ့မွှေးပြီး လတ်ဆတ်တဲ့ အနံ့လေး ပြန်ရစေပါတယ်။

microwave-uses-juice-fruit

လိမ္မော်သီး၊ လီမွန်၊ သံပုရာသီး၊ ရှောက်ချိုသီး၊ ဂရိတ်ဖုရုသီးတို့ကို အရည်ညှစ်ပြီး ဖျော်ရည်လုပ်တဲ့ အခါ ညှစ်ရခက်နေရင်တော့ အသီးတွေကို အလုံးလိုက် မိုက်ကရိုစေ့ထဲ ၁၀စက္ကန့်လောက် ထည့်ထားလိုက်ပါ။ အသီးမှာ နောက်ဆုံးလက်ကျန် တစ်စက်ပဲ ကျန်တော့တဲ့ အထိ အရည်အကုန် ညှစ်လို့ ရသွားပါလိမ့်မယ်။

microwave-uses-nuts

အစေ့အဆန်တွေကို မြန်မြန်ဆန်ဆန် လှော်ချင်တယ်ဆိုရင်တော့ မိုက်ကရိုဝေ့ဟာ အသုံးအဝင်ဆုံးပါ။ လက်တစ်ဆုပ်တာ အစေ့အဆန်တွေကို မိုက်ကရိုဝေ့ထဲ ထည့်လို့ ရတဲ့ bowl တစ်ခုထည့်ပါ။ ဆီနည်းနည်းထည့်ပြီး မိုက်ကရိုဝေ့ထဲမှာ ၁မိနစ် ထားလိုက်ရင်တော့ လှော်ပြီးသား ရပါပြီ။ ကိုယ်ပြုလုပ်ချင်တဲ့ အစေ့တွေပေါ်မှာ မူတည်ပြီး ၁-၅ မိနစ်ထိ ထားရပါလိမ့်မယ်။

microwave-uses-peel-veggies

အသီးအနှံတွေကို အခွံနွှာပြီး ချက်ပြုတ်ဖို့ လိုတဲ့အခါ အသီးတွေကို မိုက်ကရိုစေ့ထဲ ၃၀-၄၀ စက္ကန့်လောက် ထည့်ပြီးမှ ခွာရင် ပိုပြီးမြန်ဆန်စေပါတယ်။ ပူနေတဲ့ အတွက် ခဏစောင့်ပြီးမှ ခွာပါ။

microwave-uses-onions

ကြက်သွန်နီ လှီးတိုင်း ငိုနေရတဲ့ လူတွေအတွက် ဆိုရင်တော့ ကြက်သွန်နီကို မိုက်ကရိုဝေ့ထဲ ၃၀ စက္ကန့်လောက် ထည့်ထားပြီးမှ လှီးပါ။ မျက်ရည် မကျစေနိုင်ပါဘူး။

microwave-uses-butter

ထောပတ်တွေ အရမ်းခဲသွားတဲ့ အခါ ယူဖို့ ခက်ခဲနေမယ်ဆိုရင် မိုက်ကရိုဝေ့ထဲမှာ စက္ကန့် ၃၀လောက် ထားထားပါ။

Credit: Reader’s Digest

Featured Image Source: Evening Standard