အခုပြောပြမယ့် စားသောက်ပုံစံတွေက အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ စစ်တပ်မှာ ခန္ဓာကိုယ်ကြံ့ခိုင်ဖို့ လေ့ကျင့်ပေးတဲ့အခါမှာ သုံးလေ့ရှိတဲ့ နည်းလမ်းတွေဖြစ်ပါတယ်။

အခုလို စားသောက်ပြီး ၃ ရက်အကြာမှာတော့ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို ထောက်ပံ့ပေးကာ အဆီတွေကို လောင်ကျွမ်းစေပြီး စွမ်းအင်တွေထုတ်လုပ်ပေးမှာဖြစ်ပါတယ်။

Military-Diet-Lose-10-Pounds-in-Just-3-Days-Featured

ပထမနေ့

မနက်စာ

  • မီးကင်ထားတဲ့ ပေါင်မုန့် တစ်ချပ်
  • မြေပဲနဲ့ လုပ်ထားတဲ့ ထောပတ် (Peanut Butter) လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • Grapefruit တစ်ခြမ်း
  • လက်ဖက်ရည် သို့မဟုတ် ကော်ဖီ တစ်ခွက် (ကဖိန်းဓာတ်ပါတဲ့)

နေ့လယ်စာ

  • မီးကင်ထားတဲ့ ပေါင်မုန့် တစ်ချပ်
  • တူနာငါး ခွက်တစ်ဝက်
  • လက်ဖက်ရည် သို့မဟုတ် ကော်ဖီ တစ်ခွက် (ကဖိန်းဓာတ်ပါတဲ့)

ညစာ

  • အစိမ်းရောင်ပဲ တစ်ခွက်
  • ကြိုက်နှစ်သက်တဲ့အသား ၃ အောင်စ
  • ပန်းသီး သေးသေး ၁လုံး
  • ငှက်ပျော်သီး တစ်လုံးရဲ့ တစ်ခြမ်း
  • ဗန်နီလာ ရေခဲမှုန့် တစ်ခွက်

images

ဒုတိယနေ့

မနက်စာ

  • မီးကင်ထားတဲ့ ပေါင်မုန့် တစ်ချပ်
  • ကြက်ဥ ၁ လုံး
  • ငှက်ပျောသီး တစ်လုံးရဲ့ တစ်ခြမ်း

နေ့လည်စာ

  • ကျက်ကျက်ပြုတ်ထားတဲ့ ကြက်ဥ ၁ လုံး
  • Cottage Cheese တစ် ခွက်
  • Saltine Crackers ၅ ချပ်

3daymilitarydietplan

ညစာ

  • ပြုတ်ထားတဲ့ ကြက်အူချောင်း သို့ ဝက်အူချောင်း ၂ ချောင်း
  • မုန်လာဥနီ ခွက် ၁ ဝက်
  • ပန်းဂေါ်ဖီ စိမ်း ၁ ခွက်
  • ငှက်ပျောသီး ၁လုံးရဲ့ တစ်ဝက်
  • ဗန်နီလာ ရေခဲမှုန့် ခွက်တစ်ဝက်

တတိယမြောက်နေ့

မနက်စာ

  • ချီးစ် ၁ ချပ်
  • Saltine crackers ၅ ချပ်
  • ပန်းသီးအသေး တစ်လုံး

နေ့လည်စာ

  • ပေါင်မုန့်မီးကင် ၁ချပ်
  • ကျက်အောင် ပြုတ်ထားသည့် ကြက်ဥတစ်လုံး

index

ညစာ

  • တူနာငါး ၁ ခွက်
  • ငှက်ပျောသီး ၁လုံးရဲ့ တစ်ဝက်
  • ဗန်နီလာ ရေခဲမှုန့် ခွက်တစ်ဝက်

ကျန်းမာရေး ခြူခြာတဲ့သူများကတော့ ဆရာဝန်နဲ့တိုင်ပင်ပြီးမှ စားသုံးသင့်ပါတယ်။