အိမ်သုံးပစ္စည်းတွေဖြစ်တဲ့ အဝတ်လျှော်စက်၊ ရေခဲသေတ္တာ စတာတွေက တခါတလေ ပျက်ချိန်မတိုင်ခင်ဘဲ ပျက်တတ်ပါတယ်။ ဒါကြောင့် အိမ်သုံးပစ္စည်းတွေ မြန်မြန် ပျက်စေတဲ့ လုပ်တတ်တဲ့အမှားတွေအကြောင်းကို ပြောပြချင်ပါတယ်။
ရေခဲသေတ္တာ
- ရေခဲ သေတ္တာကို မပြီးရွှေ့ရင် ဒေါင်လိုက်ပုံစံဘဲ ထားပြီး ရွှေ့သင့်ပါတယ်။ လဲလျောင်းတဲ့ ပုံစံအတိုင်း ရွှေ့ရင် Compressor ထဲက ဆီတွေ ဖိတ်ပြီး ရေခဲသေတ္တာ ပျက်စီးနိုင်ပါတယ်။
- ရေခဲသေတ္တာကို ရွှေ့ရွှေ့ပြီးချင်း စက်မဖွင့်ပါနဲ့။ အကယ်၍ ရေခဲသေတ္တာကို ဘယ်လိုမရွှေ့ခဲ့လဲ မသိခဲ့ရင် အနည်းဆုံး ၄ နာရီလောက် စောင့်ပြီးမှ ဖွင့်သင့်ပါတယ်။ ပိုပြီး စိတ်ချချင်ရင်တော့ ၁၅ နာရီလောက်စောင့်သင့်ပါတယ်။
- ရေခဲ သေတ္တာထဲကို ပူနေတဲ့ အစားအသောက်တွေ မထည့်ပါနဲ့။ အစားအသောက်တွေကို အရင်ဆုံး အအေးခံပြီးမှ ထည့်သင့်ပါတယ်။
အဝတ်လျှော်စက်
- အဝတ်လျှော်စက်အပေါ်ကို လေးလံတဲ့ ပစ္စည်းတွေ အများကြီး မတင်ထားပါနဲ့။
- အဝတ်လျှော်စက်ထဲကို အဝတ်တွေထည့်တဲ့အခါမှာလည်း ဘောင်းဘီအိတ်ကပ်၊ အင်္ကျီအိတ်ကပ်တွေကို စစ်ဆေးပါ။ အိတ်ကပ်ထဲမှာကျန်ခဲ့တဲ့ အကြွေစေ့တွေ၊ တခြား မာတဲ့ပစ္စည်းတွေက အဝတ်လျှော်စက်ကို ထိခိုက်စေပါတယ်။
- အဝတ်လျှော်စက်အတွက် သင့်လျော်တဲ့ ဆပ်ပြာမှုန့်ကို သုံးသင့်ပါတယ်။ တခါတလေ အမြှပ်တွေ အများကြီးထွက်တဲ့ အားပြင်းတဲ့ ဆပ်ပြာမှုန့်တွေကလည်း အဝတ်လျှော်စက်ကို ထိခိုက်စေပါတယ်။
- အဝတ်လျှော်စက်ထဲမှာရှိတဲ့ ပစ္စည်းတွေကို ပုံမှန်သန့်ရှင်းရေးလုပ်ပါ။ ဥပမာ ဆပ်ပြာမှုန့်ထည့်တဲ့ခွက် စတာတွေကို သန့်ရှင်းရေးလုပ်ပါ။ မဟုတ်ရင် မှိုတွေတက်လာတတ်ပါတယ်။
- အဝတ်လျှော်ပြီးပြီးချင်း အဝတ်အစားတွေကို ထုတ်ပါ။ အဝတ်အစားတွေအများကြီးကို အဝတ်လျှော်စက်ထဲမှာ အကြာကြီးထည့်ထားရင် အဝတ်လျှော်စက်ကလေးလံပြီး ပျက်တတ်ပါတယ်။
- အနည်းဆုံးတစ်လ တစ်ခါ အဝတ်လျှော်စက်ကို သန့်ရှင်းရေးလုပ်ပါ။ အဝတ်လျှော်စက်မှာ သန့်ရှင်းရေးလုပ်တဲ့ စနစ်ပါဝင်ပါတယ်။ ဆပ်ပြာမှုန့်ထည့်တဲ့ ခွက်မှာလည်း သံပုရာအရည်၊ ရှာလကာရည်တွေနဲ့ ပွတ်တိုက်ဆေးကြောလို့ရပါတယ်။