မိုးတွေ ဖြိုင်ဖြိုင်ကျနေတဲ့ ဒီလို ကာလဟာ ကျန်းမာရေး အတွက် အတော်ဂရုစိုက်ရတဲ့ ကာလပါ။ တုပ်ကွေး၊ ချောင်းဆိုး၊ နှာစေး၊ ၀မ်းပျက် အစရှိတဲ့ ရာသီစာ ဖျားနာခြင်းတွေကိုလည်း ကြုံရတတ်ပါသေးတယ်။ ဒီလို မိုးတွင်းမှာ ကျန်းမာရေးနဲ့ ညီညွှတ်စေမယ့် ဖျော်ရည်လေးတွေကို မျှဝေပေးလိုက်ပါတယ်။
ရှားစောင်းလက်ပတ်ဖျော်ရည်
ရှားစောင်းလက်ပတ်ဟာ ကိုယ်ခံအားကို တက်စေပြီး အင်တီအောက်ဆီးဒင့် ကြွယ်ဝတဲ့ သဘာဝ ပစ္စည်း တစ်မျိုးပါ။ ဗီတာမင် အေနဲ့ စီ ပါဝင်ပြီး ရေဓာတ်ကို မြှင့်တင်ပေးနိုင်သလို အစာအိမ် ပြဿနာတွေကိုလည်း ဖြေရှင်းနိုင်ပါတယ်။
သစ်တော်သီးဖျော်ရည်
Source: Healthy Living Hub
သစ်တော်သီးရဲ့ အစွမ်းတွေဟာ သိသူ နည်းလှပါတယ်။ သစ်တော်သီးဟာ မိုးတွင်းကာလမှာ ဖြစ်တတ်တဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်တဲ့ ဗီတာမင်နဲ့ အာဟာရဓာတ်တွေ ပေါများစွာ ပါဝင်တဲ့ အသီးတစ်မျိုးပါ။
သလဲသီးဖျော်ရည်
Source: aracook.com
သလဲသီးဖျော်ရည် တစ်ခွက်ကို မိုးတွင်းကာလာမှာ နေ့စဉ် သောက်ပေးမယ်ဆိုရင်တော့ အအေးမိခြင်းနဲ့ ၀မ်းဖောဝမ်းရောင် အစာမကြေဖြစ်ခြင်းနဲ့ ချောင်းဆိုးခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။
ပန်းသီးဖျော်ရည်
Source: Food & Wine Magazine
လူသားတွေနဲ့ အသင့်တော်ဆုံး အသီးဖြစ်ပြီး အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့ အသီးပါ။ ပန်းသီးဖျော်ရည်မှာ အင်တီအောက်ဆီးဒင်တွေ ကြွယ်ဝစွာ ပါဝင်ပြီး အစာအိမ်ပြဿနာနဲ့ အစာခြေဖျက်တဲ့ စနစ်ကို ကောင်းမွန်စေနိုင်ပါတယ်။
Credit: zeenews