ဗီတာမင် E ဆိုတာကတော့ ပျော်ဝင်နိုင်တဲ့ အဆီမှာပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်တဲ့လုပ်ဆောင်မှုကို အားပေးတဲ့ ဓာတ်တစ်မျိုးပါ။ လေ့လာတွေ့ရှိမှုတစ်ချို့က ဗီတာမင် E ဟာ ကျောင်းနေအရွယ် ကလေးတွေရဲ့ IQ ကို ပိုပြီးမြင့်မားစေတယ်လို့ သက်သေပြနိုင်ခဲ့ပါတယ်။

ဗီတာမင် E ဘယ်နှစ်မျိုးရှိလဲ

diet supplement, fish oil, soft pill, medicines, vitamin, pill, capsules

ဗီတာမင် E မှာ သဘာဝ ဗီတာမင် E (Natural Vitamin E) နဲ့ ပြုပြင်ထားတဲ့ ဗီတာမင် E (Synthetic Vitamin E) ဆိုပြီး နှစ်မျိုးရှိပြီး သဘာဝဗီတာမင် E ကပိုကောင်းပါတယ်။

သဘာဝ ဗီတာမင် E (Natural Vitamin E) နဲ့ ပြုပြင်ထားတဲ့ ဗီတာမင် E (Synthetic Vitamin) ဘာကွာလဲ

Vitamin_E_(31992676570)

ဒီဗီတာမင် E ဓာတ်နှစ်မျိုးမှာ မော်လီကျူ့လေးတွေ ဖွဲ့စည်းတည်ဆောက်ပုံအရ အနည်းငယ်ကွာခြားပါတယ်။ သဘာဝ ဗီတာမင် E မှာ ပါဝင်တဲ့ Tocotrienols လို့ခေါ်တဲ့ ဓာတု ဒြပ်ပေါင်းတွေအားလုံးကို ခန္ဓာကိုယ်က စုပ်ယူနိုင်ပြီး ပြုပြင်ထားတဲ့ ဗီတာမင် E မှာပါဝင်တဲ့ ဒြပ်ပေါင်းတွေကိုတော့ အားလုံးမစုပ်နိုင်ဘဲ ၁ မျိုး (သို့) ၃ မျိုးလောက်ပဲ စုပ်ယူနိုင်ပါတယ်။

ဂျပန်သုတေသီတွေဟာ သဘာဝ ဗီတာမင် E (Natural Vitamin E) နဲ့ ပြုပြင်ထားတဲ့ ဗီတာမင် E (Synthetic Vitamin E ) တွေအား လူငယ် (၇) ယောက်ကို တလှည့်စီတိုက်ကျွေးပြီး ပြုလုပ်ခဲ့ပါတယ်။ ပြုပြင်ထားတဲ့ ဗီတာမင် E ၃၀၀ မီလီဂရမ်ဟာ သဘာဝ ဗီတာမင် E ၁၀၀ မီလီဂရမ် နဲ့ ညီမျှတယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။

သဘာဝ ဗီတာမင် E ဟာ ကလေးတွေရဲ့ ဥာဏ်ရည် ဖွံ့ဖြိုးမှု အဆင့်အတွက် အထူးလိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုးပါ။

ဗီတာမင် E ကဘာလို့အရေးကြီးလဲ

8553474140_c50cf08708_b

ဗီတာမင် E ဟာ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်အတွင်းက ဆဲလ်တွေနဲ့ တစ်ရှူးတွေ ထိခိုက်ပျက်စီးစေတဲ့ ဒြပ်ပေါင်းတွေကို တားဆီးကာကွယ်ပေးပါတယ်။ ဗီတာမင် E စားသုံးတာဟာ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေသလို လေ့လာတွေ့ရှိမှုအရ စိတ်နဲ့ မှတ်ဥာဏ်အတွက်လည်း အကျိုးကျေးဇူးများစေပါတယ်။

ကိုယ်အလေးချိန်မပြည့်ဘဲ မွေးဖွားလာတဲ့ကလေးငယ်တွေ၊ လမစေ့ဘဲ မွေးလာတဲ့ ကလေးငယ်တွေကိုလည်း ဗီတာမင် E အာဟာရဓာတ်ကျွေးရင် စိတ်ပိုင်းဆိုင်ရာနဲ့ ဥာဏ်ရည်ပိုင်းဆိုင်ရာမှာ တိုးတက်မှု ပိုမိုရှိလာတာကိုတွေ့ရှိခဲ့ပါတယ်။ အဲဒီလေ့လာတွေ့ရှိမှုမှာ ကိုယ်အလေးချိန်ပေါင်မပြည့်ဘဲ မွေးလာခဲ့တဲ့ ကျောင်းနေအရွယ် ကလေး ၂၆၀ နီးပါးကို အပိုင်း ၃ ပိုင်းခွဲပြီး လေ့လာခဲ့တာပါ။ ဗီတာမင် E ဖြည့်စွက်စာ မကျွေးတဲ့သူ၊ ဗီတာမင် E ဖြည့်စွက်စာ ၆ လထက်နည်းပြီး ကျွေးတဲ့သူ နဲ့ ၆ လထက်ပိုပြီး ကျွေးတဲ့သူဆိုပြီး ခွဲခြားခဲ့တာပါ။ ဗီတာမင် E ဖြည့်စွက်စာကို ပိုရတဲ့ ကလေးတွေဟာ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု လျော့နည်းတဲ့အပြင် IQ စမ်းသပ်မှုမှာလည်း ရလဒ်ကောင်း ပိုမိုရရှိတာကို တွေ့ရှိခဲ့တာပါ။ အဲဒီဆောင်းပါးကို Acta Paediatrica ဆိုတဲ့ ကျန်းမာရေး ဂျာနယ်တစ်ခုမှာ ဖော်ပြထားခဲ့ပြီး တခြားဂျာနယ် တော်တော်များများမှာလည်း ပြန်လည်ဖော်ပြခဲ့ပါတယ်။

ဒါ့ကြောင့် သင်စားသုံးမယ့် အစားအစာတွေကနေ ဗီတာမင် E ပမာဏကို လုံလုံလောက်လောက် စားသုံးပေးဖို့လိုအပ်ပါတယ်။

background-2277_960_720

Fats Cholesterol Monounsaturated Avocado Vitamin E

ဗီတာမင် E ပါဝင်တဲ့ အစားအစာတွေကတော့ အခွံမာသီးတွေ၊ ဘလူးဘယ်ရီ၊ ထောပတ်သီး စတဲ့ အရောင် ရင့်တဲ့ အသီးတွေ၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေမှာ ရှရိနိုင်ပါတယ်။

အဲဒီလို အစားအစာတွေကနေ ဗီတာမင် E ဓာတ်ကို ရရှိနိုင်ပေမယ့် သဘာဝ ဗီတာမင် E က ကလေးတွေရဲ့ ဥာဏ်ရည် ဖွံ့ဖြိုးမှုအတွက်ပိုမိုအရေးပါပြီး၊ ခန္ဓာကိုယ်ကနေ အာဟာရဓာတ် စုပ်ယူမှုကို အပြည့်ရရှိစေတာမို့ သင့်ကလေးရဲ့ လေ့လာသင်ယူမှုကို အားကောင်းစေပါတယ်။

Similac