အိမ်ရှင်မတွေက ကိုယ့်မိသားစု နေထိုင်တဲ့အိမ်ကို သန့်သန့်ရှင်းရှင်းနဲ့ သပ်သပ်ရပ်ရပ်ဖြစ်စေချင်ကြပါတယ်။

ဒါပေမယ့် တခါတလေ သန့်ရှင်းရေး လုပ်တဲ့ ပစ္စည်းတွေမှာ ဓာတုပစ္စည်းတွေပါဝင်တာကြောင့် မသုံးချင်ဘူးဆိုရင် အာနိသင်တူတဲ့ သဘာဝပစ္စည်းတွေ သုံးလို့ရပါတယ်။

ရှာလကာရည်

ရှာလကာရည်က သန့်ရှင်းရေးလုပ်ရာမှာ အကောင်းဆုံးပါပဲ။ ရှာလကာရည်က အစွန်းအထင်းနဲ့အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

ရှာလကာရည်ကို မှန်တွေ၊ ပြတင်းပေါက်တွေ၊ ကြမ်းပြင်တွေ၊ ရေချိုးခန်းသုံးပစ္စည်းတွေ သန့်ရှင်းရေးလုပ်ရာမှာ အသုံးပြုလို့ရပါတယ်။

ပြုလုပ်နည်း

ရှာလကာရည် လက်ဖက်ရည်ဇွန်း၁ ဇွန်းကို ရေ ၁လီတာနဲ့ ရောလိုက်ပြီးသုံးလို့ရပါတယ်။ အိမ်သာတို့မှာ စွန်းထင်းနေတာကို ဖယ်ရှားချင်ရင် ရှာလကာရည်ချည်းပဲ စွန်းထင်းတဲ့နေရာမှာ လောင်းချလိုက်ပါ။ ၁ နာရီလောက်ထားလိုက်ပြီး ဆပ်ပြာ၊ Brush နဲ့ တိုက်ကာ ဖယ်ရှားပါ။

ကြမ်းပြင်တွေမှာရှိတဲ့ အစွန်းအထင်းဆိုရင်လည်း ရှာလကာရည် စားပွဲတင်ဇွန်း ၂ ဇွန်းလောက်ကို ရေ၁လီတာနဲ့ ထည့်ပြီး တိုက်ချွတ်ဆေးကြောလို့ ရပါတယ်။

Featured Image Source: Hello Magazine