ယနေ့ခေတ်မှာ ဆံပင်တွေကိုနည်းမျိုးစုံနဲ့ အလှပြင်ကြရင် ပျက်စီးလာတတ်ကြပါတယ်။ ဆံပင်တွေ အကျွတ်များပြီး ဆံသားကျဲလာတဲ့ အခါ ဝမ်းနည်းပြီး စိတ်ညစ်ရပါတယ်။ ကျွတ်သွားတဲ့ ဆံသားတွေ ကြည့်ပြီး စိတ်ရှုပ်ရပါတယ်။ ဆံသားတွေကို ပြန်ပြီး ထူလာစေဖို့အတွက် အစားအစာတွေနဲ့ ကြိုးစားကြပါမယ်။ အုပ်စု ၄ခု ရှိပါတယ်။

၁။ ကြက်ဥနှင့် ကြက်သား

အမိုင်နိုအက်စစ်တွေက ဆံပင် သန်စွမ်းစေဖို့အတွက် လိုအပ်တဲ့ ပရိုတင်းတွေပါပဲ။ ပရိုတင်းဓာတ် များများရအောင် အသား၊ ငါး၊ ကြက်သား၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေ၊ ပဲနို့၊ ဥအမျိုးမျိုး စတာတွေ စားပေးပါ။ ကြက်ဥမှာ များစွာပါဝင်တဲ့ ဘိုင်အိုတင်နဲ့ ဗီတာမင်ဘီ- ၁၂ က ဆံပင်၊ လက်သည်း၊ ခြေသည်းနဲ့ အရေပြားမှာရှိတဲ့ ဆဲလ်တွေကို ကြီးထွားစေပါတယ်။

၂။ ငါးနှင့် အိုမီဂါ- ၃

မပြည့်ဝဆီဖြစ်တဲ့ အိုမီဂါ- ၃ အဆီတွေက ဆံပင်နဲ့ အရေပြားကို ကျန်းမာ သန်စွမ်းစေပါတယ်။ အိုမီဂါ- ၃ အဆီကို ဆယ်လ်မွန်ငါး၊ ဆာဒင်းငါး စတဲ့ ငါးတွေနဲ့ သစ်ကြားသီး၊ မိကျောင်းကွမ်းဖတ်နဲ့ ပဲပိစပ်တွေကနေ များစွာ ရရှိနိုင်ပါတယ်။

နေ့တိုင်း ငါးကြီးဆီ စားရင် ပြောင်းလဲလာမယ့် သင့်ကျန်းမာရေး

၃။ အမဲသား၊ ကမာကောင်နှင့် အစေ့အဆန်

အမဲသားနဲ့ ကမာကောင်တွေမှာ ဇင့်ဓာတ် ကြွယ်ဝစွာ ပါဝင်ပါတယ်။ ခန္ဓာကိုယ်မှာ ဇင့်ဓာတ်ချို့တဲ့ပါက ဆံပင် ကျွတ်စေပါတယ်။ အစေ့အဆန်တွေဖြစ်တဲ့ ဗာဒံစေ့၊ သစ်ကြားသီးတွေကနေလည်း ဇင့်ဓာတ်ကို ရရှိနိုင်ပါတယ်။ ထောပတ်သီးနဲ့ သံလွင်ဆီမှာ ဗီတာမင်အီးတွေ ပါဝင်တာကြောင့် ဆံသားကို ကျန်းမာ သန်စွမ်းစေပါတယ်။

၄။ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်

အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ ဟင်းနုနယ်ရွက်၊ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ် စတာတွေမှာ သံဓာတ်၊ ဗီတာမင်အေနဲ့ ဗီတာမင်စီဓာတ်တွေ များစွာ ပါဝင်ပါတယ်။ ဗီတာမင်အေနဲ့ စီက ဆံပင်ရဲ့ အရင်းမှာရှိတဲ့ မွေးညင်းအိတ်လေးတွေကနေ အဆီတွေကို ထုတ်လုပ်ပေးပြီး ဆံသားနူးညံ့ ပျော့ပျောင်းစေတဲ့ ကွန်ဒီရှင်နာအဖြစ် လုပ်ဆောင်ပေးပါတယ်။

Ref: yatanarpon