ကြက်သွန်နီမှာ ဗီတာမင်စီဓာတ်၊ ဆာလဖြူရစ် ဒြပ်ပေါင်း၊ Flavonoids နဲ့ အခြားအာဟာရဓာတ်များ ကြွယ်ဝစွာပါဝင်ပါတယ်။

ဒါ့ကြောင့် ကြက်သွန်နီကို ဟင်းချက်ရာမှာသာမကဘဲ ကျန်းမာရေးအတွက်လည်း အသုံးပြုနိုင်ပါတယ်။ ကျန်းမာရေးပြဿနာမျိုးစုံအတွက် ကြက်သွန်နီကို ဘယ်လိုအသုံးပြုရမလဲဆိုတာကို အတူတူဆက်လေ့လာကြည့်လိုက်ရအောင်။

ချောင်းဆိုးပျောက်ဆေးရည်

Source: Wellpreneuronline.com

ကြက်သွန်နီ တစ်လုံးကို ပါးပါးလှီးလိုက်ပါ။ ထို့နောက် ဖန်ပုလင်းထဲထည့်လိုက်ပါ။ သကြားအနည်းငယ်ထည့်ပြီး အဖုံးပိတ်ထားလိုက်ပါ။ ဖန်ပုလင်းထဲတွင် အရည်အနည်းငယ်ထွက်လာသည်အထိ စောင့်လိုက်ပါ။ အနည်းဆုံး ၈ နာရီခန့် စောင့်ရပါမယ်။ ၈ နာရီပြည့်မှ သောက်သုံးပေးလိုက်ပါ။ ချောင်းဆိုးသက်သာသွားပါလိမ့်မယ်။

အအေးမိဖျားနာတာကို အမြန်သက်သာပျောက်ကင်းစေချင်တယ်ဆိုရင်

ကြက်သွန်နီကို အခွံခွာပြီး ထက်ခြမ်းခြမ်းလိုက်ပါ။ တစ်ခြမ်းစီကို ခြေဖဝါးနား ကပ်ထားပြီး ခြေအိတ်ဝတ်ထားလိုက်ပါ။ တစ်ညခန့် ထားထားပြီး မနက်ရောက်မှ ချွတ်လိုက်ပါ။ အဖျားပျောက်သွားတာကို တွေ့မြင်ရပါလိမ့်မယ်။

နေလောင်ဒဏ် သက်သာအောင် ကုသပေးခြင်း

အရင်ဦးဆုံး ကြက်သွန်နီကို ရေခဲသေတ္တာထဲ ထည့်ထားလိုက်ပါ။ ပြီးမှ ကြက်သွန်နီကို ပါးပါးလှီးပြီး နေလောင်ဒဏ် ခံထားရသောအသားအရေပေါ်မှာ တင်ထားပေးလိုက်ပါ။

အကင်ပြားကို သန့်ရှင်းရေးလုပ်တဲ့အခါ

Source: Snapguide.com

ဒီအချက်ကတော့ ကျန်းမာရေးနဲ့ မသက်ဆိုင်ဘဲ မီးဖိုချောင် သန့်ရှင်းရေးနဲ့ ပတ်သက်သွားပါလိမ့်မယ်။ ကြက်သွန်ဖြူကို ထက်ခြမ်းခြမ်းပြီးနောက် လက်ကိုင်ပုံသဏ္ဍာန်ဖြစ်သွားအောင် ကြက်သွန်နီတစ်ခြမ်းကို ခက်ရင်းဖြင့် ထိုးထားလိုက်ပါ။ ထို့နောက် အကင်ပြားပေါ်သို့ ကြက်သွန်ဖြင့် ပွတ်တိုက်ပေးလိုက်ပါ။ အကင်ပြားက သန့်ရှင်းသွားတာကို တွေ့မြင်ရပါလိမ့်မယ်။

ပိုးကောင် အကိုက်ခံရတဲ့အခါ

ပိုးကောင် တစ်ကောင်ကောင်အကိုက်ခံရလို့ အဖုထွက်လာတဲ့အခါ ကြက်သွန်ရည်ကို ထိုရောင်ရမ်းနေသော နေရာပေါ်မှာ သုတ်လိမ်းပေးလိုက်ပါ။

လည်ချောင်းနာခြင်းကို သက်သာစေခြင်း

Source: Onlymyhealth.com

ကြက်သွန်နီများကို အလွှာလိုက် အခွဲခွာထားပြီး ဖန်ပုလင်းထဲထည့်ထားလိုက်ပါ။ ထို့ပုလင်းထဲသို့ သကြား လက်ဖက်ရည်ဇွန်း နှစ်ဇွန်းခန့်ထည့်ပြီး ရေအနည်းငယ် ထည့်ထားလိုက်ပါ။ တစ်ညခန့် သိပ်ထားပြီးနောက် မနက်ရောက်မှ ကြက်သွန်ဖတ်များဖယ်ရှားလိုက်ပါ။ ဖန်ပုလင်းထဲက ကြက်သွန်ရည်ဖြင့် ပုလင်းကျင်းပေးလိုက်ပါ။ လည်ချောင်းနာတာ သက်သာပျောက်ကင်းသွားပါလိမ့်မယ်။

Source: Kitchenfunwithmy3sons.com