ကော်ဖီစေ့၏ အနံ့နှင့် အရသာ ပျောက်ပျက်ခြင်း မရှိစေဘဲ ၁၀ ဆ ပိုမိုနုညက်စေရန် ကြိတ်ချေထားသည့် ယခုထုတ်ကုန်သစ်သည် သောက်သုံးသူများအား ပိုမိုပြေပြစ်မျှတသည့် အကောင်းမွန်ဆုံး ကော်ဖီ အရသာကို ပေးစွမ်းနိုင်

ရန်ကုန်၊ မြန်မာ – ဇူလိုင်လ ၁၄ ရက်၊ ၂၀၁၇ ခုနှစ် – NESCAFÉ သည် ကော်ဖီ အရည်အသွေးမြှင့်တင်မှု နောက်ထပ်ခြေလှမ်းတစ်ခု အဖြစ် ပြုပြင်ဆန်းသစ်ထားသည့် NESCAFÉ Blend & Brew ကော်ဖီ အမျိုးအစားသစ်အား မြန်မာနိုင်ငံ၌ ယနေ့တွင် စတင်မိတ်ဆက်လိုက်သည်။ NESCAFÉ မှ မှတ်ပုံတင်ထားသော ကိုယ်ပိုင် နည်းပညာသစ်အား အသုံးပြု၍ ထုတ်လုပ်ထားသည့် ယခု ကော်ဖီ အမျိုးအစားသစ်သည် ၁၀ ဆ ပိုမိုနုညက်ပြီး ပြေပြစ်မျှတသော အရသာပေးစွမ်းနိုင်မည် ဖြစ်သည်။

Nestlé သည် ၁၉၈၉ ခုနှစ်တွင် Nestlé ကော်ဖီမစ်အား စတင်ထုတ်လုပ်ခဲ့ပြီး ယနေ့ နာမည်ကျော် လူကြိုက်များသော NESCAFÉ 3-in-1 ကော်ဖီမစ်ကိုမူ ၂၀၀၀ ပြည့်နှစ် အစောပိုင်းတွင် စတင်မိတ်ဆက်ခဲ့သည်။ ကော်ဖီ၏ အရည်အသွေးပိုင်းနှင့် ပတ်သက်၍ NESCAFÉ သည်ERA (Enhanced Recovery Aroma – ပိုမိုမွှေးပျံသော သင်းရနံ့အား ရရှိစေမှု) ကဲ့သို့သော အဆင့်မြှင့်တင်မှု နည်းလမ်းများအား အသုံးပြုခဲ့သော်လည်း 3-in-1 ထုတ်လုပ်မှုမှာ ရိုးရှင်းသော ပုံမှန်နည်းစနစ်အတိုင်း အဓိက ပါဝင်ပစ္စည်း သုံးမျိုးအား ရောစပ်ခြင်းဖြင့်သာ ထုတ်လုပ်နေခဲ့သည်။

ထို့ကြောင့် ကမ္ဘာတဝန်းတွင် ထိပ်တန်း ကော်ဖီအမှတ်တံဆိပ် ဖြစ်သည့် NESCAFÉ အနေနှင့် အရည်အသွေး ပိုမိုကောင်းမွန်ပြီး ပိုမိုလတ်ဆတ်သော ကော်ဖီမစ်အား သုံးစွဲသူများထံ ပေးအပ်နိုင်ရန်အတွက် ကော်ဖီထုတ်လုပ်မှု နည်းပညာအသစ်တစ်ခုအား တီထွင်ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့သည်။ Nestlé ၏ သုတေသနစင်တာများ၌ နှစ်အတန်ကြာ စမ်းသပ်မှုများ ပြုလုပ်ပြီးသည့်နောက်တွင် ပိုမိုကောင်းမွန်သင့်တော်သော နည်းပညာသစ်တစ်ခုအား တီထွင်နိုင်ခဲ့သည်။ Blend & Brew ဟု အမည်ပေးထားသည့် အဆိုပါ မူပိုင်နည်းပညာသစ်သည် ကော်ဖီမစ် ထုတ်လုပ်မှု နည်းပညာအား အလုံးစုံ ပြောင်းလဲနိုင်ခဲ့သည်။ Blend & Brew ဆိုသည်မှာ လှော်စပ်ထားပြီး ကော်ဖီစေ့များအား သာမန်ထက် ၁၀ ဆပိုမိုနုညက်အောင် ကြိတ်ချေကာ အခြားသော ပါဝင်ပစ္စည်းများနှင့် ရောစပ်ခြင်းဖြင့် နုညက်ကောင်းမွန်သော ကော်ဖီမှုန့် အဖြစ် တစ်ဆင့်ပြီးတစ်ဆင့် ထုတ်လုပ်သော သူမတူသည့် နည်းပညာတစ်ခု ဖြစ်သည်။ ဤနည်းပညာအား အသုံးပြုခြင်းဖြင့် ပြည့်ဝသော ကော်ဖီအရသာနှင့် လှော်စပ်ထားသော ကော်ဖီ၏ မူလရနံ့တို့အား မပျောက်ပျက်အောင် ထိန်းသိမ်းထားနိုင်ပြီး ပြေပြစ်မျှတသော အရသာအား ပေးစွမ်းနိုင်မည် ဖြစ်ပါသည်။

Nescafe

ဤထုတ်ကုန်အသစ်နှင့် ပတ်သက်၍ Nestlé မြန်မာ ၏ Managing Director ဖြစ်သူ MR. HAYRI DEVRIM CÖBEK မှနေ၍ “ကော်ဖီလောကအတွက် NESCAFÉ ရဲ့ ဒီလို သူမတူတဲ့ တီထွင်ဆန်းသစ်မှု အသစ်တစ်ခုကို လူကြီးမင်းတို့ဆီ ယူဆောင် ပြသနိုင်ခဲ့တဲ့အတွက် အလွန်စိတ်လှုပ်ရှားမိပါတယ်။ NESCAFÉ အနေနဲ့ နှစ်ပေါင်းများစွာတိုင်အောင် 3-in-1 ကော်ဖီကို ရောင်းချနေခဲ့ပြီး အခြားကုမ္ပဏီတွေလည်း ဒီ 3-in-1 ဘက်ကို ပြောင်းလဲလာတာ ကျွန်တော်တို့ တွေ့မြင်ခဲ့ရပါတယ်။ ဒီနေ့မှာတော့ 3-in-1 တွေဟာ ဟောင်းနွမ်းသွားခဲ့ပြီဖြစ်ပြီး Blend & Brew ကအနာဂတ် ဖြစ်လာပါပြီ။ ဒီ ကော်ဖီ အမျိုးအစားသစ်ဟာ စစ်မှန်တဲ့ ကော်ဖီကို ၁၀ ဆပိုမိုနုညက်အောင် ကြိတ်ချေထားတာဖြစ်တဲ့အတွက် ပြေပြစ်မျှတတဲ့ အရသာသစ်ကို ပေးစွမ်းနိုင်မှာ ဖြစ်ကြောင်း NESCAFÉ ကနေ ဂုဏ်ယူစွာနဲ့ ကြေညာလိုက်ပါတယ်။ ကမ္ဘာတဝန်း အထူးသဖြင့် မြန်မာနိုင်ငံက လူအများစုရဲ့ နေ့စဉ်ဘဝတွေမှာ ကော်ဖီဟာ အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုက ပါဝင်ပါတယ်။

Blend & Brew အသစ်ကို ခြေလှမ်းအသစ်တစ်ခုအနေနဲ့ တီထွင်ထုတ်လုပ်ခဲ့သလိုပဲ သောက်သုံးသူတွေအနေနဲ့  သူတို့ရဲ့ဘဝ ပိုမိုကောင်းမွန်လာဖို့အတွက် ပိုမိုအောင်မြင်တဲ့ နောက်ထပ် ခြေလှမ်းသစ်တစ်ခုကို စတင်ရာမှာ NESCAFÉ ကအားဖြည့်ကူညီသွားနိုင်ဖို့ အဓိက ရည်ရွယ်ပါတယ်။ ဒါ့အပြင် သောက်သုံးသူတွေအနေနဲ့ သူတို့ရဲ့ နေ့ရက်တိုင်းကို  လန်းဆန်းတက်ကြွစွာ စတင်နိုင်ဖို့ ကျွန်တော်တို့ ကူညီသွားမှာ ဖြစ်ပါတယ်။” ဟုပြောကြားခဲ့သည်။

NESCAFÉ ကော်ဖီ အမျိုးအစားအသစ်အား Nestlé Singapore Research & Development Center (Nestlé စင်ကာပူ၏ သုတေသနနှင့် ဖွံ့ဖြိုးရေးစင်တာ) နှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းရှိ သောက်သုံးသူများ၏ စိတ်ကြိုက်အရသာ နှင့်ကိုက်ညီအောင် တီထွင်ပြုလုပ်ထားခြင်းဖြစ်သည်။ NESCAFÉ တွင်အသုံးပြုထားသော ပါဝင်ပစ္စည်းများအားလုံးသည် Nestlé Quality Management Standards (Nestlé ၏ အရည်အသွေးထိန်းသိမ်းရေး စံသတ်မှတ်ချက်များ) အတိုင်း စေ့စပ်သေချာစွာ ရွေးချယ်ထားခြင်း ဖြစ်သည်။ အကောင်းမွန်ဆုံး အရသာနှင့် ရနံ့အား ရရှိစေရန်အတွက် အသုံးပြုသော ကော်ဖီစေ့များအား Nestlé ၏ ကျွမ်းကျင်သူများမှ စေ့စပ်သေချာစွာ ရွေးချယ်ထားခြင်း ဖြစ်သည်။ ထို့အပြင် ထုတ်လုပ်သည့် နည်းပညာများကိုလည်း နိုင်ငံတကာ စံချိန်စံနှုန်းများအတိုင်း သာမက ဆွစ်ဇာလန်နိုင်ငံရှိ Nestlé A.G မှထိန်းချုပ်ထားသည့် Nestlé Quality Management System နှင့်ပါ ကိုက်ညီမှုရှိစေရန် စောင့်ကြည့်စစ်ဆေးမှုများကိုလည်း ပြုလုပ်လျက်ရှိသည်။ အကောင်းမွန်ဆုံး ကော်ဖီရနံ့အား ရရှိစေရန်အတွက် ကော်ဖီစေ့များအား အသင့်တော်ဆုံး အပူချိန်တွင် လှော်စပ်ထားသည့်အပြင် ပထမအကြိမ် ပုံမှန်ကြိတ်ချေမှု ပြုလုပ်ပြီးသည့်နောက်တွင်လည်း ကော်ဖီ၏ ရနံ့အဆီအနှစ်များ ပိုမိုရရှိနိုင်စေရန် ကော်ဖီစေ့များအား သာမန်ထက် ၁၀ ဆပိုမိုနုညက်အောင် ဒုတိယအကြိမ် ထပ်မံကြိတ်ချေမှု ပြုလုပ်ထားသည်။ ထို့နောက်တွင် အဆိုပါ ကြိတ်ချေထားသည့် ကော်ဖီမှုန့်များအား Nestlé ၏ creamer နှင့် လွှမ်းခြုံလိုက်ပြီး ရေတွင် ပျော်ဝင်လွယ်သော ကော်ဖီ၊ သကြားတို့ကို နောက်ဆုံးအဆင့်အဖြစ် ရောစပ်လိုက်သည်။ အဆိုပါ ထုတ်လုပ်မှု အဆင့်ဆင့်မှ ရရှိလာသော ကုန်ပစ္စည်းသည် သမမျှတစွာ ရောစပ်ထားသော ကော်ဖီမစ်ဖြစ်ပြီး အခြားသော ပုံမှန် 3-in-1 ကော်ဖီများနှင့် Blend & Brew ကော်ဖီတို့အား တွေ့မြင်ရုံကာမျှနှင့် ခွဲခြားသိရှိစေနိုင်မည် ဖြစ်သည်။

Nescafe

ထို့အပြင် Nestlé Myanmar ၏ Marketing Manager ဖြစ်သူ Mr. GREG FLORKOW မှနေ၍လည်း “ဒီ ကော်ဖီဟာ မြန်မာလူမျိုးတွေရဲ့ စိတ်ကြိုက် အရသာနဲ့ ကိုက်ညီတဲ့ ကော်ဖီဖြစ်ပါတယ်။ ကောင်းမွန်သေချာစွာ ရောစပ်ထားတဲ့ ဒီကော်ဖီမှုန့်ဟာ ကော်ဖီ ကြိုက်နှစ်သက်သူတွေ အတွက် တသမတ်တည်းသော ကော်ဖီအရသာကို အချိန်တိုင်း ပေးစွမ်းနိုင်မှာ ဖြစ်ပြီး ဒီ ကော်ဖီ အမျိုးအစားသစ်ကို မြည်းစမ်းသောက်သုံးကြည့်ဖူးပြီးတဲ့ လူတိုင်းက ကော်ဖီရဲ့ အရသာနဲ့ ပက်သက်ပြီး အရမ်းကို ကျေနပ်အားရမှု ရှိကြတာကို တွေ့ကြရပါတယ်။ မြန်မာနိုင်ငံက ကော်ဖီ ကြိုက်နှစ်သက်သူအားလုံးဟာ နေ့သစ်တစ်နေ့ကို စတင်ရာမှာ သူတို့ အနှစ်သက်ဆုံးကော်ဖီတစ်ခွက်နဲ့ စတင်လေ့ရှိပါတယ်။ သူတိုအတွက်တော့ ကော်ဖီဟာ နေ့သစ်တစ်နေ့ကို စတင်ရုံတင်မကဘဲ သူတို့ရဲ့ အိပ်မက်တွေ၊ ရည်မှန်းချက်တွေကို ရယူပိုင်ဆိုင်နိုင်ဖို့ အတွက်လည်း အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုက ပါဝင်နေပါတယ်။ ဒါကြောင့် ဒီကော်ဖီ အမျိုးအစားကို ဈေးကွက်ထဲ ဖြန့်ချိလိုက်တာနဲ့ တပြိုင်နက် ကော်ဖီ ကြိုက်နှစ်သက်သူတွေရဲ့ အားပေးမှုကို ရရှိမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

ဤကုန်ပစ္စည်းအား ဇူလိုင်လ ၁ ရက်နေ့မှစတင်ကာ ဈေးကွက်အတွင်းသို့ ဖြန့်ချိနေပြီ ဖြစ်သည်။

Nescafe

Nestlé မြန်မာ အကြောင်း

Nestlé သည် ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် စားသောက်ကုန်ပစ္စည်းထုတ်လုပ်သော ကမ္ဘာ့အကြီးမားဆုံး ကုမ္ပဏီကြီး တစ်ခု ဖြစ်သည်။ Nestlé သည် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၁၉၁ နို်င်ငံတွင် လုပ်ငန်းများ လုပ်ကိုင်လျက် ရှိပြီး ကုမ္ပဏီ၏ ဝန်ထမ်းဦးရေ စုစုပေါင်း ၃၂၈,၀၀၀ ဖြင့် Nestlé ၏ အဓိက ဦးတည်ချက်ဖြစ်သည့် လူသားများအတွက် လူနေမှုဘဝ အဆင့်အတန်း ပိုမိုမြင့်မားလာစေရန်နှင့် ပိုမိုကျန်းမာသော အနာဂတ်ကို ဖန်တီးပေးနိုင်ရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိသည်။ ကုမ္ပဏီ၏ လုပ်ဆောင်ချက်အားလုံးကို အာဟာရပြည့်ဝစေရန်နှင့် ကျန်းမာသန်စွမ်းစေရန် ဟူသော ဦးတည်ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး ကမ္ဘာတစ်ဝန်းရှိ Nestlé ၏ စားသုံးသူများအား အရည်အသွေးပြည့်ဝသော ကုန်ပစ္စည်း၊ အမှတ်တံဆိပ်များနှင့် နှစ်ပေါင်း ၁၅၀ ကျော်တိုင်အောင် အာဟာရဖြည့်စွမ်းပေးနေသည်။

NESTLÉ ၏ ကုန်ပစ္စည်းများအား မြန်မာနိုင်ငံတွင် ၁၉၁၅ ခုနှစ်မှ စတင်ရောက်ရှိခဲ့ပြီး Nestlé မြန်မာလီမိတက်အား ၂၀၁၃ ခုနှစ် တွင်စတင်တည်ထောင်ခဲ့သည်။ ယခုလက်ရှိတွင် MDG (Myanmar Distribution Group) နှင့်ပူးပေါင်း၍ အရည်အသွေး ပြည့်ဝသော ကုန်အမှတ်တံဆိပ်များဖြစ်သည့် NESCAFÉ, MILO, BEAR BRAND, MAGGI, LACTOGEN နှင့် CERELAC တို့ကို ဖြန့်ချိလျက်ရှိသည်။

အသေးစိတ် အချက်အလက်များအား ထပ်မံသိရှိလိုပါက ဖုန်းနံပါတ် ၀၉ ၇၃၂၃၂၄၆၂ နှင့် ၀၉ ၉၆၁၁၅၅၂၂၂ သို့ ဆက်သွယ်၍ ဖြစ်စေ NESCAFÉ Myanmar Facebook Page (www.facebook.com/Nescafe.mm) အား Like နှင့် Follow ပြုလုပ်ထားခြင်းဖြင့် ဖြစ်စေ စုံစမ်းမေးမြန်းနိုင်ပါသည်။

Nescafe