နာနတ်သီးခွံကို စားဖို့ ဘယ်သူမှတွေးမိကြမှာမဟုတ်ပါဘူး။ ဟုတ်ပါတယ်။ နာနတ်သီးခွံကို ဒီအတိုင်းစားသုံးလို့မရပါဘူး။ ဒါပေမဲ့ ဖျော်ရည်လုပ်ပြီးသောက်နိုင်ပါတယ်။

နာနတ်သီးရဲ့ အကျိုးကျေးဇူးများ

နာနတ်သီးမှာ ဗီတာမင် C နဲ့ Manganese ဓါတ်တွေအများအပြားပါဝင်ပါတယ်။ ဒါ့အပြင် ဗီတာမင် Bနဲ့ တခြားအဟာရဓါတ်တွေလည်းပါဝင်ပါတယ်။ နာနတ်သီးမှာ ကိုလက်စထရောပါဝင်မှုမရှိတာကြောင့် စားသုံးပေးသင့်တဲ့ သီးနှံတစ်ခုပါ။ နာနတ်သီး တစ်ခွက်စာမှာ ကယ်လိုလီ ၈၂ ပဲပါဝင်ပါတယ်။

ကျန်းမာရေးအကျိုးကျေးဇူးများ

4929_pineapple-juice

ကင်ဆာ

နာနတ်သီးမှာပါတဲ့ Bromelain ဆိုတဲ့ ဓါတ်တစ်မျိုးဟာ ကင်ဆာရောဂါကိုတိုက်ဖျက်နိုင်ပါတယ်။ ဒါ့အပြင် ကင်ဆာဆဲလ် ဖွံ့ဖြိုးမှုကိုလည်း တားဆီးပေးပါတယ်။ ဆီးကျိတ်ကင်ဆာနဲ့ အူမကြီးကင်ဆာဖြစ်ပွားမှုကို ကာကွယ်ပေးတဲ့ Beta-Carotene ဓါတ်လည်းပါဝင်ပါတယ်။

နှလုံး

နာနတ်သီးမှာပါဝင်တဲ့ ဗီတာမင် C ဟာနှလုံးကိုကျန်းမာစေပါတယ်။ လေ့လာတွေ့ရှိမှုတွေအရ ဗီတာမင် C ပမာဏ မြင့်မားတာဟာ နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြစ်ပွားမှု အန္တရာယ်ကို လျှော့ချပေးနိုင်ပါတယ်။

အတွင်းတိမ်

ဗီတာမင် C ကြွယ်ဝစွာပါဝင်တာကြောင့် မျက်စိအတွင်းတိမ်ဖြစ်ပွားမှုကို ကာကွယ်ပေးပါတယ်။

ကလေးမွေးဖွားခြင်း

နာနတ်သီးမှာ ဗီတာမင်နဲ့ သတ္တုဓါတ်တွေပါဝင်တာကြောင့် အမျိုးသားနဲ့ အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ကလေးမွေးဖွားမှုဆိုင်ရာ ပြဿနာတွေကို လျှော့ချစေပါတယ်။

နာနတ်သီးခွံဖျော်ရည်ပြုလုပ်နည်း

drink-filtered-water

ပေါင်းခံရေ ၁ လီတာ

img_2205

နာနတ်သီး ခွံ ၁ လုံးစာ

ပြင်ဆင်ခြင်း

in-my-house-we-are-not-throwing-the-pineapple-peels-any-more-this-is-the-reason

ပထမဆုံး နာနတ်သီးကို ရေစင်အောင်ဆေးပါ။ ပြီးရင် အခွံခွာလိုက်ပြီး အထဲကအသားနဲ့ ထိတ်က အဖူးကို ဖယ်ထားပါ။

နာနတ်သီး အသားတွေအနည်းငယ်ပါတဲ့ နာနတ်သီးခွံကို ရေနဲ့ရောပြီး ဆူအောင် ပြုတ်ပေးပါ။ ပြီးရင် အအေးခံပါ။ အရသာကောင်းဖို့အတွက် အချိုတစ်မျိုးထည့်ပါ။

ပြီးရင်သေချာမွှေပေးပြီး စားသုံးနိုင်ပါပြီ။