ဝိတ်ကျစေတဲ့ Smoothie တွေက အများကြီးရှိသလို ကိုယ်တိုင်လည်း လုပ်သောက်ဖို့ လွယ်ပါတယ်။ ဝိတ်ကျစေတဲ့ Smoothie တွေကို သောက်မယ်ဆိုရင် မနက်စာအဖြစ်နဲ့ သောက်တာက ပိုပြီးတော့ ထိရောက်ပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ ဝိတ်ကျစေတဲ့ မနက်စာ Smoothie အနေနဲ့ Oat Smoothie နှစ်မျိုး ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။

ပထမတစ်မျိုးကတော့ ပန်းသီးနဲ့ apple oats smoothie ပါ။

ပန်းကန်တစ်ခုထဲကို oats – စားပွဲတင်ဇွန်း ၃ ဇွန်း၊ သေးသေးလေးတွေလှီးထားတဲ့ ပန်းသီး – ၁ လုံး၊ နွားနို့ – ခွက်တစ်ဝက်စာ၊ အစေ့ဖယ်ထားတဲ့ တရုတ်ဇီးသီး – ၃ လုံး (သို့) ၄ လုံးထည့်ပါ။ တရုတ်ဇီးသီးမရှိရင် ပျားရည် – စားပွဲတင်ဇွန်း ၁ ဇွန်းထည့်လို့ရပါတယ်။ အားလုံးထည့်ပြီးရင် ဇွန်းနဲ့နယ်လိုက်ပြီး ၅ မိနစ်လောက်ထားထားလိုက်ပါ။

အချိန်ပြည့်မှ blender ထဲထည့်ပြီး နွားနို့ – ခွက်တစ်ဝက်စာထပ်ထည့်၊ သစ်ကြံပိုးခေါက်အမှုန့် – အနည်းငယ်ထည့်ပြီး မွှေပါ။ ပြီးရင်တော့ ပန်းကန်ထဲထည့်ပြီး သောက်လို့ရပါပြီ။

ဒုတိတစ်မျိုးကတော့ ငှက်ပျောသီးနဲ့ banana oats smoothie ပါ။

ပန်းကန်တစ်ခုထဲကို oats – စားပွဲတင်ဇွန်း ၃ ဇွန်း၊ နွားနို့ – ခွက်တစ်ဝက်စာ၊ အစေ့ဖယ်ထားတဲ့ တရုတ်ဇီးသီး – ၃ လုံး (သို့) ၄ လုံးထည့်ပါ။ တရုတ်ဇီးသီးမရှိရင် ပျားရည် – စားပွဲတင်ဇွန်း ၁ ဇွန်းထည့်လို့ရပါတယ်။ အားလုံးထည့်ပြီးရင် ဇွန်းနဲ့နယ်လိုက်ပြီး ၅ မိနစ်လောက်ထားထားလိုက်ပါ။

အချိန်ပြည့်မှ blender ထဲထည့်ပြီး လှီးထားတဲ့ ငှက်ပျောသီးတစ်လုံးပါထည့်၊ နွားနို့ – ခွက်တစ်ဝက်စာထပ်ထည့်၊ peanut butter – စားပွဲတင်ဇွန်း ၁ ဇွန်း၊ သစ်ကြံပိုးခေါက်အမှုန့် – အနည်းငယ်ထည့်ပြီး မွှေပါ။ ပြီးရင်တော့ ပန်းကန်ထဲထည့်ပြီး သောက်လို့ရပါပြီ။

Source: www.butterkitchen