အဝလွန်ရောဂါဟာ အစားအသောက်မဆင်ခြင်လို့လားဆရာ။ ဘယ်လိုနေထိုင်သင့်ပါသလဲရှင့်။ မဝေဝေ (ပဲခူး)

အဝလွန်ရောဂါဟာ အစားအသောက်အပြင် ကိုယ်ကာယလေ့ကျင့်ခန်းမလုပ်တာနဲ့ အနေအထိုင်မမှန်တာကြောင့်ဖြစ်တယ်။ ဆိုလိုတာက ကိုယ်စားလိုက်တဲ့အစာထဲမှာ ပါဝင်တဲ့ စွမ်းအင်ပမာဏဟာ ခန္ဓာကိုယ်မှာ သုံးလိုက်တဲ့ စွမ်းအင်ပမာဏထက် ပိုများနေလို့ အဆီအဖြစ်ပြောင်း လဲပြီး ဝခြင်း၊ ဆီးချိုတက်ခြင်း အဆီများခြင်းဖြစ်စေတယ်။ ဒါကြောင့် ခန္ဓာကိုယ်ထဲဝင်တဲ့ ကယ်လိုရီပမာဏကို ထိန်းပေးဖို့လိုပါတယ်။

အာဟာရ။ ။ ထမင်းကို ဟင်းလိုသဘောထားပြီး ဟင်းကို ထမင်းလို သဘောထားစားရမယ်။ ထမင်း ၁၂ ဇွန်းနဲ့ အသား၊ ငါးနဲ့ ဟင်းသီးဟင်းရွက်ကြော် များများစားသင့်တယ်။ ဟင်းနည်းနည်းစားရုံနဲ့ ပြည့်အင့်ပြီးတင်းတိမ်စေတယ်။ အစာလည်းခံတယ်။
ညနေဘက်မှာတော့ စွပ်ပြုတ် အရည် တစ်ခွက်သောက်သင့်ပါတယ်။

အချို(သကြား) ကလည်း ဝနိုင်တဲ့အတွက် ကော်ဖီသောက်ရင်သကြားတစ်ဇွန်းနဲ့ ဆေးသကြား နည်းနည်းသုံးနိုင် တယ်။ ရေဆာ ရင် ရေပဲသောက်သင့်တယ်။ ဘီယာ၊ အချိုရည်မသောက်သင့်ဘူး။

မပြည့်ဝဆီဖြစ်တဲ့ ပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ သံလွင်ဆီတွေနဲ့ ချက်ပြုတ်သင့်တယ်။ တိရစ္ဆာန်ကရတဲ့ ဝက်ဆီနဲ့ စားအုန်းဆီတွေဟာ ကျန်းမာရေးနဲ့ မသင့်လျော်ပါဘူး။

အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်။ ။ အသား၊ငါး၊ ဟင်းသီးဟင်းရွက်နဲ့ သရေစာရွေးရင်ဆီပါတဲ့အစာတွေက လူကိုဒုက္ခအပေးဆုံးဖြစ်တယ်။ ရခိုင်ချက် ဒါမှမဟုတ် ဟင်းချက်ရင် ဆီပါတယ်ဆိုရုံ ချက်စားသင့်တယ်။ အဆီတွေ ဖယ်စားရမယ်။ နှစ်ခါပြန်ကြော်ဆီ၊ဆီအုန်းတို့နဲ့ ပြင်ဆင်ထားတဲ့အာလူးကြော်၊ ငါးမုန့်ကြော်၊ အီကြာကွေးတို့ကို ရှောင်ရမယ်။

အသီးအနှံများ။ ။ လျှာပေါ်တင်လို့ ချိုတဲ့အစာတွေကို ရှောင်ရမယ်။ သရက်သီး၊ စပျစ်သီးတို့ကစိမ်းပြီး ချဉ်ရင်များများစားနိုင်တယ်။
မှည့်လို့ချိုလာရင် အချိုဓာတ်များလို့ ရှောင်သင့်ပါတယ်။ စပျစ်သီး၊ သစ်တော်သီးနဲ့ နေကြာစေ့စတဲ့ သစ်သီးသစ်စေ့များ စားနိုင်တယ်။ ချဉ်တဲ့၊ ခါးတဲ့ အရသာရှိတဲ့ ကြက်ဟင်း ခါးသီး၊ ကြောင် လျှာသီး၊ သကြား မကိုဋ်တို့က ဆီးချိုနဲ့သင့်တော်ပါတယ်။

ကိုယ်လက်အားကစား။ ။ နေ့စဉ် နာရီဝက်၊ တစ်နာရီလောက် အပြေးလမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်းတို့ကို လုပ်သင့်တယ်။
ဆေး။ ။ အဆီကျဆေး Atorvastatin 20mgစားနိုင်တယ်။ ဆီးချိုဆေးကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း သောက်သင့်ပါတယ်။
ဆေးမှန်မှန်မသောက်ရင်၊ အစားမရှောင်ရင် ဆေးယဉ်ပါးသွားနိုင်ပါတယ်။ မိမိကိုယ်တိုင်အစားအသောက်ဆင်ခြင်မှ ဆီးချိုထိန်းနိုင်ပါမယ်။

ညစာ။ ။ ညစာမစားဘဲ စွပ်ပြုတ်ရည်တစ်ခွက် သောက်သင့်တယ်။ အဲဒါကလည်းကယ်လိုရီနည်းတဲ့အစာ ဖြစ်သင့်တယ်။
သုံးသပ်ချက်။ဆီးချိုသောက်ဆေး မက်ဖော်မင် 500 mg သောက်ပြီး ဆီးချိုရောဂါနဲ့ သက်တမ်းစေ့နေထိုင်ရတဲ့လူနာတွေရှိပါတယ်။ ဆီးချိုမျိုးရိုးရှိ ရင်ကိုယ် လည်းဖြစ်နိုင်လို့ တတ်နိုင် သလောက် ဆင်ခြင်သင့်ပါတယ်။
ဒေါက်တာလွင်သန့်(ဆေး-၂)