လူသားတွေရဲ့ ကျန်းမာရေးနဲ့ အစားအသောက်က ဆက်စပ်နေတာပါ။ ဘာလို့လဲဆိုတော့ လူသားတို့ရဲ့ နေထိုင်မှုဘ၀ စားသောက်မှုပုံစံတွေဟာ ကျန်းမာရေးကောင်းခြင်းမကောင်းခြင်းရဲ့ အဓိကအကြောင်းအရင်းပါပဲ။
သွေးတွင်းသကြားဓါတ်ပါဝင်မှုကိုထိန်းချုပ်နိုင်ဖို့ တစ်နေ့ ကြက်ဥတစ်လုံးစားမယ်။
ဒီနေ့ မြန်မာမှာရော ကမ္ဘာမှာပါ အဖြစ်များဆုံးရောဂါတစ်မျိုးကတော့ ဆီးချိုရောဂါပါပဲ။ ဆီးချိုရောဂါ ၃ မျိုး ၃ စားရှိပေမဲ့ အဓိကအားဖြင့်တော့ ၂ မျိုး အဖြစ်များပါတယ်။
၁။ Type 1 Diabetes ကိုယ်ခန္ဓာကနေ အချိုဓါတ်ကို ထိန်းညှိပေးတဲ့ သရက်ရွက်ကနေ ထုတ်ပေးရမဲ့ Insulin ဟော်မုန်း မထုတ်နိုင်တာ။ ငယ်ရွယ်တဲ့သူတွေမှာ ဖြစ်ပါတယ်။
၂။ Type 2 Diabetes (အင်စူလင်) ဟော်မုန်းကို ခံနိုင်ရည်ဖြစ်နေတာ။ လူတွေ အများဆုံးဖြစ်တယ်။
၃။ Gestational Diabetes ကိုယ်ဝန်ဆောင်နေချိန်မှာဖြစ်ပါတယ်။
နံပါတ် ၃ အမျိုးစားကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ အဖြစ်များပြီး ကိုယ်ဝန်ဆောင်ပြီးချိန်မှာ ပျောက်သွားကြပါတယ်။ နံပါတ် ၁ နဲ့ နံပါတ် ၂ ကတော့ အဖြစ်များဆုံးပါ။ ဆီးချိုပမာဏထိန်းပြီး သက်တမ်းစေ့တော့ နေသွားနိုင်ပါတယ်။
ဆီးချိုဖြစ်တာဟာ သွေးတွင်း ဂလူးဂို့စ်ပါဝင်မှုကို ထိန်းညှိပေးနိုင်တဲ့ အင်ဆူလင်ပမာဏ အလုံအလာက်မထုတ်ပေးနိုင်တာကြောင့် ဖြစ်ပါတယ်။ အင်ဆူလင်ဟာ သွေးတွင်းသကြားဓါတ်ကို ပုံမှန်အတိုင်းဖြစ်စေဖို့ လုပ်ဆောင်ပေးပါတယ်။
ကြက်ဥစားတာဟာ သွေးတွင်းသကြားဓါတ်ပါဝင်မှုကို ထိန်းချုပ်ပေးပါတယ်တဲ့။
ကြက်ဥပြုတ်တစ်လုံးကို ပြုတ်ပါ။ ပြီးရင်အခွံခွာပါ။
ပြီးရင် ဇွန်းနဲ့ အပိုင်းပိုင်းပိုင်းပြီး ရှလကာရည်ထည့်ပါ။ ပြီးရင် တစ်ညထားပါ။
မနက်မိုးလင်းရင် ရေနွေးတစ်ခွက်နဲ့ အဲဒီကြက်ဥကို ရောစားပါ။
ဒီလိုနေ့တိုင်းလုပ်ပေးတာ သွေးတွင်းသကြားဓါတ်ပါဝင်မှုနည်းသွားပြီး ဆီးချိုသမားတွေအတွက် သက်တမ်းစေ့နေထိုင်နိုင်ဖို့ အကူအညီပေးမှာပါ။
Source: hangoutlife.com