နားကိုက်တဲ့ ဝေဒနာဟာ ခံရခက်တဲ့ ဝေဒနာ တစ်မျိုးပါ။ တစ်နေ့တာ ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီး အိမ်ပြန်ရောက်တော့မှ နားကိုက်တဲ့ ဝေဒနာ ဖြစ်ပေါ်လာရင် တစ်ညလုံး အိပ်ရေး ပျက်ပြီး ပင်ပန်းနွမ်းနယ်စေပါတယ်။

How-to-use-onions-for-earaches1

ဒါကြောင့် အိမ်မှာ အလွယ်တကူ ရှိတဲ့ ပစ္စည်းနဲ့ နားကိုက်သက်သာ ပျောက်ကင်းအောင် လုပ်ဆောင်လို့ရပါတယ်။

ကြက်သွန်နီကို တစ်လွှာချင်း ခွာပြီး နောက်ဆုံး အလယ်အူတိုင်ရောက်တဲ့ အထိ ခွာပါ။

အလယ်အူတိုင်ကို နှစ်ခြမ်းခြမ်းပြီး နားတစ်ဖက်ဆီကို ထည့်ပြီး အိပ်ရာဝင်ပါ။ မနက်မိုးလင်းရင် နားကိုက် သက်သာ ပျောက်ကင်းသွားတာကို တွေ့ရပါလိမ့်မယ်။

8b744e799858c7938a0755bd72d7b714

ကြက်သွန်နီမှာက ကိုက်ခဲ ရောင်ကိုင်းတာတွေ သက်သာပျောက်ကင်းစေတဲ့ ဓာတ်ပါဝင်ပါတယ်။ အဲ့ဒီအပြင် ပျားတွေ ကိုက်ခံရရင်လည်း ကိုက်ခံရလို့ ရောင်လာတဲ့ အနာပေါ်ကို ကြက်သွန်နီ တောက်တောက်ဆင်းထားတာတွေ၊ နှစ်ခြမ်း ပိုင်းထားတွေကို ကပ်ပေးပါ။

ရောင်နေတဲ့ တောက်လျောက်ကို သေချာ ကပ်ပေးပါ။ တစ်နာရီလောက်ကြာရင် ရောင်ကိုင်း ကိုက်ခဲနေတာတွေ လျော့ပါးသွားတာကို အံ့သြဖွယ်တွေ့ရပါလိမ့်မယ်။

onionforbeebite