နွေးထွေးပျူဌာသော Pan Pacific Yangon မှ လူကြီးမင်းတို့၏ သွင်မတူသော အစားအစာ ခံစားနိုင်ရန်အတွက် ထူးခြားသော အစီအစဉ်များဖြင့် မိတ်ဆက်ပေးလိုက်ပါတယ်။ ရန်ကုန်မြို့လယ်၏ ခမ်းနားသော ညနေခင်း အလှ၊ city center skyline နှင့် ရွှေတိဂုံဘုရားကို နောက်ခံထားလျက် R Level တွင်တည်ရှိသော Saan All-Day-Dining Restaurant တွင် ညစာ buffet menu ကို စတင်မိတ်ဆက်ပြီး မြန်မာ့ရိုးရာ အစားအစာများနှင့် များပြားပြီးသန့်ရှင်းလတ်ဆတ်သော seafood မျိုးစုံလည်း ပါဝင်မည်ဖြစ်ပါသည်။ ဒေသခံ စားဖိုမှူးများမှ လူကြီးမင်းတို့၏ ရှေ့တွင် လူကြီးမင်းတို့ နှစ်သက်သော teppanyaki, Mongolia wok fry တို့ကို live station တွင် ပါဝင် ပစ္စည်းများဖြင့် ပြင်ဆင် ချက်ပြုတ်ပြမည်ဖြစ်ပါသည်။ ညစာဘူဖေး အတွက် Saan သည် အသင့်တော်ဆုံး နေရာတစ်ခုဖြစ်ပြီး ရက်သတပတ်၏ မည်သည့်အချိန်တွင်မဆို မိသားစုများ၊ သူငယ်ချင်းများနှင့် အပန်းဖြေရန် နေရာတစ်ခုလည်းဖြစ်ပါသည်။
Pan Pacific Yangon မှ Loyalty Dining အကျိုးခံစားခွင့် membership program ဖြစ်တဲ့ “Pacific Plus” ကို စတင်မိတ်ဆက်လိုက်ပါသေးတယ်။ Discountနှင့် အခြားသောကိုယ်ပိုင်အကျိုးကျေးဇူးများ ခံစားရမှာဖြစ်ပါတယ်။ သင်၏ သွင်မတူသော အစားအစာ ခံစားမှု ခရီးစဉ်ကို Pan Pacific Yangon ၏ မည်သည့်စားသောက်ဆိုင်နှင့် Bar တွင် မဆို စားသုံးပြီး အမေရိကန်ဒေါ်လာ ၅၀ အထိသုံးစွဲခြင်းအားဖြင့် “Pacific Plus” Loyalty Dining အကျိုးခံစားခွင့်ကတ်ကို ရရှိမှာဖြစ်ပြီး ၂၀% အကျိုးခံစားခွင့် ချက်ခြင်း ရရှိမှာဖြစ်ပါတယ်။
Champagne Valentine
လာမယ့် Valentine’s Day အတွက်လည်း ထူးခြားတဲ့ အစီအစဉ်လေးကလည်း စောင့်မျော်နေပါသေးတယ်နော်။ သင်၏ဘ၀ တစ်သက်တာအတွက် သင်နှစ်သက်သောသူတစ်ယောက်ကို ရွေးချယ်လိုက်ပါ။ သင်၏ မျှော်လင့်ချက်ကို ကျော်လွန်ပြီး ပြီးပြည့်စုံသော အပြင်အဆင်များဖြင့် Valentine’s Day တွင် Pan Pacific Yangon ၏ wellness level တွင်ရှိသော infinity pool side pavilion bar တွင် ပျော်ရွှင်ကြည်နူးစွာ ဖြတ်သန်းလိုက်ပါ။ လူကြီးမင်းတို့အတွက်ပြင်ဆင်ထားသော Champagne Valentine Package ကို reserve လုပ်ပြီး ခံစားနိုင်မှာဖြစ်ပါတယ်။ လူကြီးမင်းတို့အတွက် လန်းဆန်းမှုနှင့် အမှတ်ရစရာ အတွေ့အကြုံ လေးတွေဖြစ်စေမှာ အမှန်အကန်ပါပဲ။
Date : 14 Feb, 18 (Wednesday)
Venue : Pool
Time : 6 pm – 10:30 pm
Price : $100 net per couple
ထို $100 တွင် အခြားခံစားရမည့် အရာများကတော့
- One bottle of champagne
- Valentines Canapés
- Door gift and flowers for lady
Hai Tien Lo Dining
Pan Pacific Yangon ၏ Fine Dining Cantonese စားသောက်ဆိုင် တစ်ခုဖြစ်သည့် Hai Tien Lo သည် မိသားစု ပွဲများအတွက် ရွေးချယ်မှုမှန်ကန်သော နေရာတစ်ခုဖြစ်ပါသည်။ စားဖိုမှူးတစ်ဦးဖြစ်သည့် Chef Loh သည် သူ၏ အနှစ်သက်ဆုံး ဟင်းလျာများကို ရွေးချယ်ပြီး မိသားစု တွေ့စုံပွဲများအတွက် combo menu အဖြစ်အကြံပြုထားသည်။ Hai Tien Lo သည် Pan Pacific Yangon ၏ ဆုရ Cantonese Fine Dining Concept တစ်ခုဖြစ်သည်။
ရှေ့ဆက်မည့်နှစ်သစ်တွင် ကြီးပွားချမ်းသာနိုင်ပါစေဟု ဆုတောင်းမေတ္တာ ပို့သလိုက်ပါသည်။
Media Contact
Michelle Win
Director of Marketing & Communications Pan Pacific Yangon
Tel: + 95 1 9253810 # 204
Email: [email protected]