လာမယ့် ရက်သတ္တပတ်အတွင်းမှာ အရေးကြီးတဲ့ ပွဲတစ်ခုခု တက်စရာရှိနေပြီလား။ ဒါဆိုရင်တော့ နာနတ်သီးနဲ့ ဝိတ်ချကြည့်လိုက်ပါ။

နာနတ်သီး ၂ ကီလိုဂရမ်ကို ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစားတွေနဲ့ (၅) ရက်တိတိ တွဲစားပေးလိုက်ပါ။ ဒါဆိုရင် ခန္ဓာကိုယ်မှာ စုပုံနေတဲ့ အဆီပိုများ ရက်တိုအတွင်း ပျောက်ကွယ်သွားပါလိမ့်မယ်။

ပထမရက်

မနက်စောစော အိပ်ရာနိုးတာနဲ့ ရေနွေးနွေး တစ်ဖန်ခွက်ထဲသို့ ပျားရည်နှင့် ပန်းသီးရှာလကာရည်အနည်းငယ်ထည့်ပြီး သောက်ပေးလိုက်ပါ။

မနက်စာအဖြစ် နာနတ်သီး ၁၆၅ ဂရမ်ကို အုတ်ဂျုံဖြင့် တွဲစားပေးလိုက်ပါ။

နေ့လည်စာကိုတော့ နာနတ်သီး ၁၆၅ ဂရမ်ကို တူနာငါးနဲ့ တွဲစားပေးပါ။

ညနေစာကိုတော့ နာနတ်သီးဖျော်ရည်တစ်ခွက်သောက်သုံးပါ။

ညစာကိုတော့ ခရမ်းချဉ်သီး၊ ကိုက်လံနှင့် နာနတ်သီးအသုပ်ကို ဖုတ်ထားတဲ့ ကြက်ရင်အုံသားနဲ့ တွဲစားပေးလိုက်ပါ။

ဒုတိယရက်

ဒုတိယရက်ရဲ့ မနက်စောစောအချိန်မှာတော့ မိမိကြိုက်နှစ်သက်ရာ Detox ဖျော်ရည်တစ်မျိုးမျိုး သောက်သုံးပေးနိုင်ပါတယ်။

မနက်စာကိုတော့ နာနတ်သီး ၁၆၅ ဂရမ်ကို ကြက်ဥမွှေကြော် ၂ လုံးနဲ့ တွဲဖက်စားသုံးပါ။

နေ့လည်စာကိုတော့ နာနတ်သီးနဲ့ သံပုယိုရည်၊ ကြက်သားတို့ ရောသုပ်ထားတဲ့ အသုပ်တစ်မျိုး စားသုံးပါ။

ညနေစာကိုတော့ နာနတ်သီး၊ ဖရဲသီး၊ သံပုယိုရည်၊ ပင်စိမ်းရွက်တို့ဖြင့် ရောဖျော်ထားတဲ့ ဖျော်ရည်တစ်ခွက်သောက်သုံးပါ။

ည (၇) နာရီထိုးရင်တော့ ဆော်လမွန်ငါးကင်ကို နာနတ်သီး ၁၆၅ ဂရမ်နဲ့ တွဲစားလိုက်ပါ။

တတိယရက်

မနက်စောစော မိုးလင်းတာနဲ့ တစ်ပြိုင်နက် သံပုယိုရည်အနည်းငယ်ရောထားတဲ့ Green Tea တစ်ခွက် သောက်သုံးပါ။

မနက်စာကိုတော့ နာနာတ်သီးဖျော်ရည်တစ်ခွက်ကို မှို ကြက်ဥရောကြော်နဲ့ တွဲစားလိုက်ပါ။

နေ့လည်စာကိုတော့ နာနတ်သီး ၁၆၅ ဂရမ်ကို ဟင်းရွက်သုပ်တစ်မျိုးမျိုးနဲ့ တွဲစားလိုက်ပါ။

ညနေစာကိုတော့ သံပုယိုရည်၊ ငရုတ်ကောင်းမှုန့်တို့နှင့် ရောသုပ်ထားတဲ့ နာနတ်သီးသုပ် စားသုံးပေးပါ။

ညစာကိုတော့ ကြက်သားနှင့် ဟင်းရွက်ကြော်၊ နာနတ်သီးဖျော်ရည်တို့ကို သောက်သုံးနိုင်ပါတယ်။

စတုတ္ထရက်

မနက်မိုးလင်းတာနဲ့ တစ်ပြိုင်နက် ရေနွေးနွေးတစ်ခွက်ထဲသို့ ပျားရည်နှင့် သံပုယိုသီး တစ်လုံးညှစ်ထည့်ပြီး သောက်သုံးပေးလိုက်ပါ။

မနက်စာအဖြစ် နာနတ်သီးဖျော်ရည်နှင့် ကြက်ဥကြော်ကို တွဲစားလိုက်ပါ။

နေ့လည်စာကိုတော့ နာနတ်သီး၊ စတော်ဘယ်ရီသီး၊ ကီဝီသီးတို့ကို ခရင်မ်နှင့် သုပ်ကာ စားသုံးလိုက်ပါ။

ညစာကိုတော့ တူနာငါးသုပ်နှင့် နာနတ်သီး ၁၆၅ ဂရမ်တို့ကို တွဲစားပေးလိုက်ပါ။

ပဉ္စမရက်

ငါးရက်မြောက်ရက်ရဲ့ မနက်ခင်းကိုတော့ သစ်ကြမ်းပိုးခေါက်မှုန့် အနည်းငယ်ထည့်ထားတဲ့ Green Tea တစ်ခွက် သောက်သုံးလိုက်ပါ။

မနက်စာအဖြစ် ကြက်ဥပြုတ် ၂ လုံးနှင့် နာနတ်သီး ဖျေ်ာရည်တစ်ခွက် သောက်သုံးလိုက်ပါ။

နေ့လည်စာအဖြစ် ကညွှတ် မက်ကရယ်ငါးကင်နှင့် နာနတ်သီး ၁၆၅ ဂရမ်တို့ကို စားသုံးလိုက်ပါ။

ညနေစာအဖြစ် အဆီထုတ်ထားတဲ့ ဒိန်ချဉ်တစ်ခွက် သောက်သုံးပါ။

ညစာကိုတော့ ဟင်းနုနွယ်၊ ခရမ်းချဉ်သီးတို့ဖြင့် ကင်ထားတဲ့ ကြက်ရင်အုံ တစ်တုံးကို နာနာတ်သီး ၁၆၅ ဂရမ်ဖြင့် စားသုံးပေးလိုက်ပါ။

အခုဖော်ပြပေးသွားတဲ့ နာနတ်သီး Diet Plan ကို ငါးရက်တိတိ စားသုံးပေးမယ်ဆိုရင်တော့ ၅ ရက်အတွက် ၅ ကီလိုဂရမ် ကျသွားမှာပဲဖြစ်ပါတယ်။

Source: Stylecraze.com