သစ်သီးဆိုတာတော့ လူကြိုက်များဆုံး အစားအစာပါ။ သစ်သီးထဲမှာ သဘာ၀ အချိုဓါတ်အရသာရှိပြီး ကျန်းမာရေးကို အထောက်အကူပြုတဲ့ အာဟာရဓါတ်တွေ ဗီတာမင်ဓါတ်တွေလည်း ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒါပေမဲ့လည်း အသီးအနှံတွေကို အထားခံအောင်လို့ အပေါ်မှာ ဖယောင်းတစ်ထပ်ခံထားပါတယ်။ အဲဒီဖယောင်းက ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေပါတယ်။
ဥပမာ – လိမ္မော်သီးနဲ့ ပန်းသီးမှာဆိုရင် ဓါတ်ဆီကို အခြေခံထားတဲ့ ဖယောင်းနဲ့ ဖုံးအုပ်ထားတာပါ။ အဲဒီလိုပြုလုပ်ရတာကလည်း မှိုတက်တာနဲ့ ဘက်တီးရီးယားတွေကနေ ကာကွယ်ဖို့ဖြစ်ပြီး အသီးကို အထားခံအောင် ပြုလုပ်တာလည်းဖြစ်ပါတယ်။
အဲဒီဖယောင်းဟာ အသီးရဲ့အရောင်ကို ပိုလို့တောက်ပစေပြီး စားသုံးသူတွေကို ပိုလို့ ဆွဲဆောင်ထားနိုင်ပါတယ်။
အသီးအနှံတွေမှာ ဖုံးအုပ်ထားတဲ့ ဖယောင်းနဲ့ အစားအစာထုတ်လုပ်ရာမှာ အသုံးပြုတဲ့ အရောင်ဆိုးဆေးတွေဟာ ကင်ဆာဖြစ်ပွားမှု အန္တရာယ်ကိုမြင့်တက်စေပါတယ်။
အန္တရာယ်ရှိတဲ့ ဖယောင်းကို ဘယ်လိုရှောင်မလဲ။
အစားအစာထုတ်လုပ်တဲ့ ကုမ္ပဏီအများစုကတော့ သူတို့အနေနဲ့ လုံခြုံစိတ်ချရတဲ့ ပါဝင်ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ ဖယောင်းကိုသာ အသုံးပြုတယ်လို့ ကြေညာထားပါတယ်။ Tal-Prolong, Semper Fresh စတဲ့ ဖယောင်းတွေပါ။
အောဂဲလ်နစ်အသီးတွေကိုတော့ ပျားဖယောင်း , Carnauba Wax ( ထန်းရွက်ကနေပြုလုပ်တဲ့ဖယောင်း) သစ်စေး စတဲ့ သဘာဝပါဝင်ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ဖယောင်းကိုအသုံးပြုကြပါတယ်။
အကောင်းဆုံးကတော့ ပန်းသီးကို အခွံနွာပြီးစားတာ ဒါမှမဟုတ် အခွံကို သေချာပြောင်အောင်ဆေးပြီး စားတာပါပဲ။
ဖယောင်းပါမပါဒီလိုစစ်မယ်။
အသီးပေါ်မှာ ဖယောင်းပါမပါ စစ်ဆေးတဲ့နည်းလမ်းကို ပြောပြပေးပါမယ်။
ပန်းသီးတစ်လုံးထဲကို ရေနွေးပူပူလောင်းထည့်လိုက်ပါ။
အဲဒီနောက် ခဏစောင့်ကြည့်ပါ။
ဖယောင်းပါရင် အဖြူဖတ်လေး ပေါ်လာမှာဖြစ်ပါတယ်။