လူတစ်ယောက်မှာ မျက်လုံးကျန်းမာရေးကလည်း တကယ်ကိုအရေးကြီးလွန်းပါတယ်။ ခန္ဓာကိုယ်ကကျန်းမာရေးဘယ်လောက်ပဲ ကောင်းနေပါစေ မျက်စိအားမကောင်းတဲ့အခါမှာ စိတ်သွားတိုင်းကိုယ်ကမလိုက်နိုင်တော့ဘူးပေါ့။

မျက်လုံးကို သေချာဂရုမစိုက်လို့ အခြေအနေဆိုးရွားလာတဲ့အချိန်မှာ ကိုယ့်အတွက်ဒုက္ခရောက်စရာတွေနဲ့ပဲ တွေ့လာရပြီး အဆင်မပြေစေတော့ဘူးပေါ့။

မျက်စိကျန်းမာရေးကအရေးကြီးလွန်းတဲ့အထဲ ပါဝင်နေတဲ့အချိန်မှာ ကွန်ပျူတာကိုပဲနေ့တိုင်းကြည့်ပြီး အလုပ်လုပ်နေရတဲ့သူတွေ၊ လူငယ်တွေဆိုရင်လည်းဂိမ်းကစားလွန်းတာကြောင့် အာရုံကြောအားနည်းတာမျိုးတွေကို ဖြစ်လာစေနိုင်ပါတယ်။ ဒီလိုမျိုး အခြေအနေတွေကိုကျော်ဖြတ်နိုင်ဖို့ဆိုရင် အစားအသောက်လေးနဲ့ပြန်ထိန်းပေးဖို့က လိုလာပြီလေ။ မျက်စိကျန်းမာရေးအတွက် ဒီလိုအရာတွေကိုနေ့တိုင်းမဖြစ်မနေထည့်စားပေးမှ စိတ်ချရမှာဆိုတော့…

မုန်လာဥနီ

စားလို့ကောင်းပြီး အာဟာရဓာတ်တွေလည်း အများကြီးပါရှိနေတာကြောင့် ကလေးတွေရော၊ လူကြီးတွေပါမကြာခဏဆိုသလို စားပေးသင့်တဲ့အသီးအရွက်လို့လည်း ဆိုလို့ရပါတယ်။ မုန်လာဥနီမှာပါဝင်နေတဲ့ ဗီတာမင်အေက မျက်စိအမြင်အာရုံကိုကောင်းမွန်စေဖို့ ကူညီပေးနိုင်တာကြောင့် နေ့တိုင်းမဟုတ်ရင်တော့ မကြာခဏဆိုသလိုမျိုး မုန်လာဥနီကိုထည့်ပြီးတော့စားပေးသင့်ပါတယ်။

ကြက်ဥ

ကြက်ဥမှာပါဝင်နေတဲ့ Amino Acid ဓာတ်နဲ့ ပြည့်ဝနေတဲ့ဗီတာမင်ဓာတ်ကလည်း အမြင်အာရုံအတွက်အများကြီးကူညီပေးနိုင်ပါတယ်။ စားတဲ့အခါမှာလည်း အနှစ်ကပိုပြီးတော့ အကျိုးသက်ရောက်မှုရှိတာကြောင့် တစ်လုံးလုံးစားပေးဖို့တော့လိုပါတယ်။

ပန်းကော်ဖီစိမ်း

ဗီတာမင်ဓာတ်တွေများစွာပါဝင်နေတဲ့ အတွက်ကြောင့် မျက်စိကျန်းမာရေးအတွက်ဆိုရင် မကြာခဏစားပေးသင့်တဲ့ အစားစာတွေထဲမှာ ပန်းကော်ဖီကလည်းပါဝင်နေပါတယ်။

နေကြာစေ့

တစ်ချို့တွေကတော့ နေကြာစေ့စားရင်သွေးအားနည်းတယ်လို့ ဆိုကြပေမယ့် နေကြာစေ့မှာပါဝင်နေတဲ့ ဗီတာမင်အီးနဲ့ ပရိုတင်းဓာတ်တွေက မျက်စိအားနည်းတာကြောင့်ဖြစ်တဲ့ အမြင်ဝေဝါးတာတွေနဲ့ မျက်စိထဲပိုးဝင်ရောက်မှုတွေကို လျော့နည်းစေနိုင်ပါတယ်။

Photo Source: Unsplash