စပျစ်သီးကို ကြိုက်ကြလားရှင့်။ စပျစ်သီးဟာ ကျန်းမာရေးအတွက်ကောင်းတယ်ဆိုတာ လူတိုင်းသိကြပေမယ့် စပျစ်သီးစားပေးခြင်းဖြင့် သင့်ကျန်းမာရေးအတွက် ဘယ်လိုအကျိုးကျေးဇူးရှိသလဲဆိုတာကို တိတိကျကျတော့ မသိကြပါဘူး။ စပျစ်သီးအနီရောင်ရော၊ အစိမ်းရောင်ပါ သင့်ကျန်းမာရေးအတွက်ကောင်းမွန်ပါတယ်။ စပျစ်သီးကို ပုံမှန်စားပေးခြင်းဖြင့် ဘယ်လိုအကျိုးကျေးဇူးရှိသလဲဆိုတာကို မျှဝေပေးချင်ပါတယ်။
ကင်ဆာကာကွယ်ပေးခြင်း
စပျစ်သီးအရောင်လေးကလှလို့ သင့်ကိုဆွဲဆောင်နေသလိုပဲ စပျစ်သီးဟာ အကျိုးကျေးဇူးများစွာရှိပါတယ်။ Antioxidant တွေများစွာပါဝင်ပြီး ကင်ဆာဖြစ်စေတဲ့ Free Radical တွေကို တိုက်ထုတ်ပေးတာကြောင့် ကင်ဆာကို ကာကွယ်ပေးပါတယ်။
နှလုံးရောဂါကို ကာကွယ်ပေးခြင်း
စပျစ်သီးကို ပုံမှန်စားပေးတာဟာ နှလုံးရောဂါဖြစ်ခြင်းကို ကာကွယ်ပေးပါတယ်။ Flavonoid , Tannin နဲ့ Anthocyanin ဓာတ်တွေပါဝင်လို့ သင့်နှလုံးကျန်းမာရေးအတွက်ကောင်းမွန်ပါတယ်။ သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး သင့်နှလုံးကို ကျန်းမာစေပါတယ်။
ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပါတယ်
စပျစ်သီးမှာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်ပြီး အစာချေစနစ်ကိုကောင်းမွန်စေသလို ဝမ်းချုပ်ခြင်းကနေ ကာကွယ်ပေးပါတယ်။ စပျစ်သီး ကို အစေ့ရော အခွံပါ စားလို့ရပါတယ်။
အစာအိမ်ကိုကောင်းမွန်စေတယ်
စပျစ်ရည်ကို သောက်ပေးရင် အစာချေစနစ်ကိုကောင်းမွန်စေပြီး အစာအိမ်ကို ကာကွယ်ပေးပါတယ်။
အဆီပါဝင်မှုနည်းခြင်း
စပျစ်သီးမှာ အဆီပါဝင်မှုနဲ သကြားပါဝင်မှုနည်းပြီး သင့်ကို ကျန်းမာစေပါတယ်။
အရိုးကိုကျန်းမာစေခြင်း
ဗီတာမင် K, B1 ပါဝင်တာကြောင့် အရိုးကို ကျန်းမာစေပါတယ်။


