[Unicode]

နေ့စဉ်ဖြစ်ဖြစ်၊ အပတ်စဉ်ဖြစ်ဖြစ် Almonds စေ့ကို ရေစိမ်ပြီးစားရင် အာဟာရဓာတ်များစွာကို ရရှိမှာဖြစ်ပါတယ်။

ရေစိမ်ထားလိုက်ရင် Almonds စေ့ရဲ့ အခွံမှာရှိနေတဲ့ Tannins နဲ့  အက်ဆစ်တွေကို လျော့ပါးစေပြီး ရှိနေတဲ့ အာဟာရဓာတ်တွေကို ခန္ဓာကိုယ်က ပိုစုပ်ယူနိုင်ပါတယ်။

ဗီတာမင်ဓာတ်၊ သတ္တုဓာတ်၊ အင်ဇိုင်းဓာတ်တွေကို ပိုစုပ်ယူလာနိုင်ပြီး အစာခြေစနစ်ကို အားကောင်းစေပါတယ်။

Almonds စေ့မှာပါဝင်တဲ့ အာဟာရများ

Source: www.superlife.com

Almonds စေ့မှာ ပိုတက်ဆီယမ်၊ အမျှင်ဓာတ်၊ ပရိုတင်းဓာတ်၊ အဆီဓာတ်၊ Monounsaturated နဲ့ Polyunsaturated အဆီဓာတ် တွေ ပါဝင်ပါတယ်။ ကယ်ဆီယမ် နဲ့သံဓာတ်တွေလည်းပါဝင်တာကြောင့် ကျန်းမာရေးအတွက် အကောင်းဆုံးပါဘဲ။

ရေဘယ်လိုစိမ်မလဲ

Source: www.superlife.com

Almonds စေ့ ၂ ခွက်စာလောက်ကို ဇလုံတစ်ခုတည်းထည့်ပြီး ရေနွေးနွေးနဲ့စိမ်ထားပါ။ ၁၂ နာရီလောက်ကြာရင်၊ ရေကို ဖယ်ထုတ်လိုက်ပြီး ဆား လက်ဖက်ရည်ဇွန်း ၂ ဇွန်းထည့်ပါ။ ပြီးရင် ရေနွေးနွေးနဲ့ထပ်ပြီး ၁၂ နာရီလောက် ထပ်စိမ်ထားပါ။

၂၄ နာရီလောက် ရေစိမ်ပြီးနောက် Almonds စေ့ရဲ့ အခွံကို အလွယ်တကူ ခွာနိုင်သွားပါပြီ။ ရေစိမ်ထားတဲ့ Almons စေ့တွေကို ၁ ပတ်လောက် ထားပြီး စားလို့ရပါတယ်။

အသားအရေနဲ့ ဆံသား

ရေစိမ်ထားတဲ့ Almonds စေ့မှာ ဗီတာမင် E ပိုပြီး ပါဝင်ပါတယ်။ ဗီတာမင်ဓာတ်တွေက ရောင်ရမ်းတာတွေကို လျော့ကျစေပြီး အသားအရေနဲ့ဆံသား မှာရှိနေတဲ့ ဆဲလ်တွေကိုလည်း အားကောင်းစေပါတယ်။

ကိုယ်ဝန်ဆောင် ကျန်းမာရေး

ရေစိမ်ထားတဲ့ Almonds စေ့မှာ သာမန် Almonds စေ့ထက် Folic အက်ဆစ်ပါဝင်မှုနှု်း ပိုများပါတယ်။

အစာခြေစနစ်

အမျှင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် ရေစိမ်ထားတဲ့ Almonds စေ့က ဝမ်းချုပ်တာ၊ အစာမကြေတာတို့၊ လေပွတာတို့ကို သက်သာစေပါတယ်။

ကိုယ်အလေးချိန် ကျဆင်း

ရေစိမ်ထားတဲ့ Almonds စေ့ကိုစားရင် ဗိုက်ကို ပြည့်နေသလို ခံစားရပြီး ဗိုက်ဆာတာ သက်သာစေပါတယ်။

ဒါ့ကြောင့် ခဏခဏ စားတာကို ကာကွယ်ပေးတာကြောင့် ကိုယ်အလေးချိန်ကို ကျဆင်းစေပါတယ်။

[Zawgyi]

ေန႔စဥ္ျဖစ္ျဖစ္၊ အပတ္စဥ္ျဖစ္ျဖစ္ Almonds ေစ့ကို ေရစိမ္ၿပီးစားရင္ အာဟာရဓာတ္မ်ားစြာကို ရရွိမွာျဖစ္ပါတယ္။

ေရစိမ္ထားလိုက္ရင္ Almonds ေစ့ရဲ႕ အခြံမွာရွိေနတဲ့ Tannins နဲ႔  အက္ဆစ္ေတြကို ေလ်ာ့ပါးေစၿပီး ရွိေနတဲ့ အာဟာရဓာတ္ေတြကို ခႏၶာကိုယ္က ပိုစုပ္ယူႏိုင္ပါတယ္။

ဗီတာမင္ဓာတ္၊ သတၱဳဓာတ္၊ အင္ဇိုင္းဓာတ္ေတြကို ပိုစုပ္ယူလာႏိုင္ၿပီး အစာေျခစနစ္ကို အားေကာင္းေစပါတယ္။

Almonds ေစ့မွာပါဝင္တဲ့ အာဟာရမ်ား

Source: www.superlife.com

Almonds ေစ့မွာ ပိုတက္ဆီယမ္၊ အမွ်င္ဓာတ္၊ ပရိုတင္းဓာတ္၊ အဆီဓာတ္၊ Monounsaturated နဲ႔ Polyunsaturated အဆီဓာတ္ ေတြ ပါဝင္ပါတယ္။ ကယ္ဆီယမ္ နဲ႔သံဓာတ္ေတြလည္းပါဝင္တာေၾကာင့္ က်န္းမာေရးအတြက္ အေကာင္းဆံုးပါဘဲ။

ေရဘယ္လိုစိမ္မလဲ

Source: www.superlife.com

Almonds ေစ့ ၂ ခြက္စာေလာက္ကို ဇလံုတစ္ခုတည္းထည့္ၿပီး ေရေႏြးေႏြးနဲ႔စိမ္ထားပါ။ ၁၂ နာရီေလာက္ၾကာရင္၊ ေရကို ဖယ္ထုတ္လိုက္ၿပီး ဆား လက္ဖက္ရည္ဇြန္း ၂ ဇြန္းထည့္ပါ။ ၿပီးရင္ ေရေႏြးေႏြးနဲ႔ထပ္ၿပီး ၁၂ နာရီေလာက္ ထပ္စိမ္ထားပါ။

၂၄ နာရီေလာက္ ေရစိမ္ၿပီးေနာက္ Almonds ေစ့ရဲ႕ အခြံကို အလြယ္တကူ ခြာႏိုင္သြားပါၿပီ။ ေရစိမ္ထားတဲ့ Almons ေစ့ေတြကို ၁ ပတ္ေလာက္ ထားၿပီး စားလို႔ရပါတယ္။

အသားအေရနဲ႔ ဆံသား

ေရစိမ္ထားတဲ့ Almonds ေစ့မွာ ဗီတာမင္ E ပိုၿပီး ပါဝင္ပါတယ္။ ဗီတာမင္ဓာတ္ေတြက ေရာင္ရမ္းတာေတြကို ေလ်ာ့က်ေစၿပီး အသားအေရနဲ႔ဆံသား မွာရွိေနတဲ့ ဆဲလ္ေတြကိုလည္း အားေကာင္းေစပါတယ္။

ကိုယ္ဝန္ေဆာင္ က်န္းမာေရး

ေရစိမ္ထားတဲ့ Almonds ေစ့မွာ သာမန္ Almonds ေစ့ထက္ Folic အက္ဆစ္ပါဝင္မႈႏႈ္း ပိုမ်ားပါတယ္။

အစာေျခစနစ္

အမွ်င္ဓာတ္ေတြ ၾကြယ္ဝစြာပါဝင္တာေၾကာင့္ ေရစိမ္ထားတဲ့ Almonds ေစ့က ဝမ္းခ်ဳပ္တာ၊ အစာမေၾကတာတို႔၊ ေလပြတာတို႔ကို သက္သာေစပါတယ္။

ကိုယ္အေလးခ်ိန္ က်ဆင္း

ေရစိမ္ထားတဲ့ Almonds ေစ့ကိုစားရင္ ဗိုက္ကို ျပည့္ေနသလို ခံစားရၿပီး ဗိုက္ဆာတာ သက္သာေစပါတယ္။

ဒါ့ေၾကာင့္ ခဏခဏ စားတာကို ကာကြယ္ေပးတာေၾကာင့္ ကိုယ္အေလးခ်ိန္ကို က်ဆင္းေစပါတယ္။