တချိန်က မြန်မာနိုင်ငံမှာလည်း စိမ်းပြာရေညှိ (Spirulina) တွေထွက်ခဲ့ဖူးပါတယ်။ စာရေးသူငယ်ငယ်တုန်းကဆိုရင် ဝင်းသူဇာကနေ အမေဝယ်တိုက်တဲ့ စိမ်းပြာရေညှိ (Spirulina) အားဆေးသောက်ခဲ့ရတာတောင် မှတ်မိပါသေးတယ်။

အဖိုးနည်းပေမယ့် သူ့မှာ ကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။

အဆိပ်အတောက် Heavy Metals တွေကို စွန့်ထုတ်ပေး

တစ်ကမ္ဘာလုံးမှာ ကြုံတွေ့နေရတဲ့ ပြဿနာက အာဆင်းနစ် ဘဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ရေတွေထဲမှာလည်း အာဆင်းနစ်ဓာတ်တွေ ပါဝင်နေပါတယ်။

ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ထိုင်ဝမ်၊ ချီလီနိုင်ငံတွေမှာ သောက်သုံးရေထဲမှာ အာဆင်းနစ်တွေများနေတဲ့ ပြဿနာတွေကြုံတွေ့နေရပါတယ်။

ဒါပေမယ့် စိမ်းပြာရေညှိ (Spirulina) ကတော့ အာဆင်းနစ် ဓာတ်တွေနဲ့ Heavy Metal တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

ကင်ဆာ ရောဂါကို ကာကွယ်ပေး

Maryland ဆေးဖက်ဆိုင်ရာ တက္ကသိုလ်ရဲ့ သုတေသနအရ စိမ်းပြာရေညှိ (Spirulina) က Antibodies တွေပိုထုတ်လုပ်နိုင်ပြီး ကိုယ်ခံအားကိုတက်စေတဲ့ ဆဲလ်တွေ ပိုပြီး ထုတ်လုပ်နိုင်ပြီး ကင်ဆာဆဲလ်တွေကို သေစေနိုင်ပါတယ်။

သွေးဖိအားကို လျော့ချပေး

စိမ်းပြာရေညှိ (Spirulina) မှာပါဝင်တဲ့ Phycocyanin ဓာတ်က သွေးဖိအားကိုလျော့ချပေးပါတယ်။

ကိုလက်စထရောကို လျော့ချပေး

စိမ်းပြာရေညှိ (Spirulina) မှာ သွေးအတွင်းက မကောင်းတဲ့ ကိုလက်စထရောတွေကို လျော့ချပေးပါတယ်။

လေဖြတ်နိုင်ချေကို လျော့ချပေး

ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ ထင်နေကြတဲ့ “Diet အချိုရည်” တွေမှာ လေဖြတ်နိုင်တဲ့ အန္တရာယ်ရှိနေ

စမ်းသပ်ချက်တွေအရ စိမ်းပြာရေညှိကို Supplement အဖြစ်ထည့်သွင်းတဲ့အခါမှာ Intimal Aorta Surface က 33 ရာခိုင်နှုန်းကနေ ၄၈ ရာခိုင်နှုန်းဖြစ်သွားပြီး ဒါက လေဖြတ်နိုင်ချေကို လျော့ချပေးပါတယ်။

အားအင်ဖြစ်စေ

စိမ်းပြာရေညှိကို အမြဲစားသုံးနေတဲ့သူတွေက အားအင်ပြည့်ဝစေပါတယ်။ ပင်ပန်းနွမ်းနယ်နေရင် စိမ်းပြာရေညှိ လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို သံပုရာရည် ၁၂ အောင်စနဲ့ ရောပြီး ရေခဲတုံးလေးတွေထည့်ကာ သောက်သုံးပါ။