ရာသီဥတု အေးအေးလေးမှာ ခေါက်ဆွဲပြုတ်လေး မှုတ်ပြီးသောက်ရတာ အရသာရှိလှပါတယ်။

ဒါပေမယ့် အသင့်စား ခေါက်ဆွဲခြောက်တွေက ကျန်းမာရေးနဲ့ မညီညွတ်တာကြောင့် ဒီလို ရာသီဥတု အေးအေးလေးမှာ တရုတ်စတိုင် ခေါက်ဆွဲပြုတ်လေးကို ချက်စားကြရအောင်။

ပါဝင်ပစ္စည်းများ (၂ယောက်စာ)

ကြက်ပြုတ်ရေ ၄ ခွက်စာ

ကြက်သွန်မြိတ် ၃ ခု

ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း

အမည်းရောင် ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ခေါက်ဆွဲခြောက် ၄ အောင်စ

မုန်ညှင်းရွက် ၄ ရွက်

ပြုလုပ်နည်း

ဒယ်အိုးထဲကို ကြက်ပြုတ်ရေ ၄ခွက်စာထည့်ပြီး ပွက်ပွက်ဆူအောင် အပူပေးပါ။ (ကြက်ပြုတ်ရည်မရှိရင်လည်း ကြက်သားတို့၊ ကြက်ရိုးတို့ကိုသုံးပြီး ကြက်ပြုတ်ရည် အရင်လုပ်ပါ။) ပြီးရင် ကြက်သွန်မြိတ်ထည့်၊ မုန်ညှင်းရွက် ထည့်၊ ပဲငံပြာရည်၊ ခရုဆီ နဲ့ ခေါက်ဆွဲတို့ ထည့်ပါ။

အပေါ့အငန်မြည်းပြီး ဆားထည့်ချင်ထည့်ပါ။ ပြီးရင် ခေါက်ဆွဲနဲ့ ကြက်သား ကျက်သွားရင် ချပြီး စားလို့ရပါပြီ။

ပူတုန်းလေးစားရင် အရသာရှိပါတယ်နော်။

တရုတ်စတိုင် ခေါက်ဆွဲပြုတ်လေးမှာ ကယ်လိုရီ ၂၃၆၊ အဆီဓာတ် ၁ ဂရမ်၊ ဆိုဒီယမ်ဓာတ် 3440 mg၊ ပိုတက်ဆီယမ် 660 mg၊ ကာဗိုက် ဟိုက်ဒရိတ် 47 ဂရမ်၊ ပရိုတင်း 12 g၊ ဗီတာမင် A၊ ဗီတာမင် C ၊ ကယ်ဆီယမ် နဲ့ သံဓာတ်တု့ိ ပါဝင်ပါတယ်။