မရွတ်ခရု ၁၅ ခု

စိမ်းစား ငပိ လက်မဝက်

ဆား

ဗူးရွက် ၁ စည်း

ကြက်သွန်ဖြူ ၁ လုံး

ပြုလုပ်နည်း

မရွတ်ကို ဝယ်လာကတည်းက ဖင်ဖြတ်ပြီးဝယ်လာပါ။ သဲစင်အောင် ရေနဲ့ သေချာ ဆေးကြောပါ။

အရင်ဆုံး ဟင်းချို ခွက် ၂ ခွက်စာလောက် ရေကို အိုးထဲထည့်ပါ။ ပြီးရင် ဒယ်အိုးပေါ်တင်ပြီး တည်ပါ။

ပြီးရင် စိမ်းစားငပိထည့်၊ ဆားထည့်ပြီး တည်ပါ။ ငပိကျက်လောက်အောင် တည်ထားပြီးရင် ပွက်ပွက်ဆူလာရင်  ကြက်သွန်ဖြူကို ထောင်းပြီး အိုးထဲထည့်လိုက်ပါ။

မရွတ်နဲ့ ဗူးရွက်ကို တပြိုင်နက်တည်းထည့်ပါ။ ပွက်ပွက်ဆူပြီး ၅ မိနစ်လောက်ကြာရင် ရပါပြီ။