သင်္ဘောသီးကို စားဖြစ်ကြလား။ သဘောၤသီးက ကျန်းမာရေးအလှအပအတွက်ပါ တန်ဖိုးမဖြတ်နိုင်တဲ့ အသီးပါပဲနော်။ ဆိုတော့ သင်္ဘောသီးကိုစားတာ ဘယ်လိုအကျိုးရှိလဲဆိုတာ မျှဝေပေးသွားမှာဖြစ်ပါတယ်။
အသည်းကင်ဆာ
သင်္ဘောသီးမှာ အသည်းကင်ဆာဆဲလ်တွေ ပျံနှံမှုကို ကာကွယ်ပေးတဲ့ ဓါတ်တွေပါဝင်ပါတယ်။ ဒါ့ကြောင့် ကင်ဆာဆဲလ်တွေ ပျံနှံ့မှုကို နှေးကွေးစေပြီး အသည်းရောဂါကို ကာကွယ်ကုသပေးနိုင်ပါတယ်။
အမျိုးသမီး ဓမ္မတာမမှန်ခြင်း
အမျိုးသမီးတွေဟာ တစ်လနဲ့တစ်လ ဓမ္မတာလတာ မမှန်တာမျိုးတွေဖြစ်တတ်ပါတယ်။ သင်္ဘောသီးက အဲဒီလို ဓမ္မတာမမှန်တာတွေအတွက် အထူးကောင်းမွန်ပါတယ်။
ကယ်လိုရီပါဝင်မှုနည်းခြင်း
သင်္ဘောသီးမှာ ကယ်လိုရီပါဝင်မှုနည်းပြီး အဟာရဓါတ်ပါဝင်မှုမြင့်မားပါတယ်။ ဒါ့ကြောင့် ကိုယ်အလေးချိန်လျှော့ချချင်သူတွေအတွက် အထူးသင့်တော်ပါတယ်။
သွေးတွင်းသကြားဓါတ်
သင်္ဘောသီးကိုပုံမှန်စားပေးတာဟာ သွေးတွင်းသကြားဓါတ်ပါဝင်မှုကို လျှော့ကျစေလို့ ဆီးချိုသမားတွေအတွက် အထူးသင့်တော်ပါတယ်။
မျက်လုံးကျန်းမာရေး
သင်္ဘောသီးကိုပုံမှန်စားပေးတာဟာ အမြင်အာရုံကိုကောင်းမွန်စေပြီး မျက်လုံးအတွင်းတိမ်ဖြစ်တာကို လျှော့ချပေးနိုင်ပါတယ်။