ဆားအသုံးပြုမှုများရင် သွေးတိုးရောဂါ၊ ရံဖန်ရံခါ ခေါင်းကိုက်တာတွေ၊ အာရုံ မစိုက်နိုင်တာ စတာတွေ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဆားမပါဘဲ ဟင်းတစ်ခွက်ဖြစ်ဖို့ ခက်လှပါတယ်။
ဆား စားသုံးမှုကို လျှော့ချင်ရင်တော့ အသင့်စားအစားအစာတွေနဲ့ အပြင်ထွက်ပြီး စားသောက်တာတွေ လျှော့သင့်ပါတယ်။အဲ့ဒီ အပြင်စား အစားအစာတွေမှာ ဆားတွေ ကို အုံလိုက်ကျင်းလိုက် ထည့်ြ့ပီး ချက်ထားလေ့ရှိပါတယ်။
ဆားကို နည်းနည်းဘဲ သုံးပြီး အရသာရှိတဲ့ ဟင်းလျာတွေချက်ပြုတ်နိုင်ဖို့ တချို့ ဟင်းခတ်အမွှေးအကြိုင်တွေ အရွက်တွေ ထည့်ဖို့ လိုအပ်ပါတယ်။
နံနံပင်
နံနံပင်ကို ရာသီမရွေး အလွယ်တကူ ဝယ်ယူရရှိနိုင်ပြီး ဟင်းရည်ချက်ပြုတ်ရာကနေ ကြက်ဥ ဟင်းလျာတွေအထိ အသုံးပြုလို့ရပါတယ်။
နံနံပင်တွေကို တောက်တောက်မစဉ်းဘဲနဲ့ အရွက်အတိုင်းလေးဘဲထည့်ပါ။ နံနံပင်တွေက ဝါးပေးရင် အရသာ ပိုရှိတာဖြစ်ပါတယ်။
ဗီတာမင် K ဓာတ်ပါဝင်မှုများပြီး သွေးကြောထုံးတာကို ကာကွယ်ပေးကာ အရိုးတွေကို ကျန်းမာသန်စွမ်းစေပါတယ်။
ဂျင်း
ဂျင်းရဲ့ အရသာ က ပူပူစပ်စပ် ရှိပါတယ်။ ငါး၊ကြက်သား၊ ဝက်သား၊ အမဲသား တို့ကို ချက်တဲ့နေရာမှာ ဂျင်းကိုထည့်ပေးရင်း ဆားအသုံးပြုမှုကို လျှော့လို့ရပါတယ်။
ဂျင်းမှာ ကျန်းမာရေး အကျိုးကျေးဇူးတွေအများကြီးရှိပြီး ကိုယ်ခံအားကိုမြှင့်တင်ပေးကာ အရိုးအဆစ်ရောင်တာတွေကိုလည်းသက်သာစေပါတယ်။
ပင်စိမ်းရွက်
အသီးအရွက်တွေ ချက်ပြုတ်တဲ့အခါမှာ ဆားသုံးမှုကိုလျှော့ပြီး ပင်စိမ်းရွက်အနည်းငယ်ကိုထည့်သင့်ပါတယ်။
ပင်စိမ်းရွက်ကို ထည့်တဲ့အခါမှာ အိုးပေါ်က ချခါနီးအချိန်မှသာထည့်သင့်ပါတယ်။
ဒါမှ သူ့အရသာ အပြည့်အ၀ ရရှိမှာပါ။ ပင်စိမ်းရွက်မှာ ဆဲလ်တွေ ပျက်စီးမှုကနေ ကာကွယ်ပေးနိုင်တဲ့ antioxidants တွေအများကြီးပါဝင်ပါတယ်။
ဝိုင်
အသာဟင်းတွေ ချက်တဲ့နေရာမှာလည်း ဝိုင်ကိုထည့်ချက်ရင် ဆားအသုံးပြုမှုကို အနည်းငယ်လျော့လို့ရပါတယ်။ ဝိုင်မှာ နှလုံးရောဂါ ဖြစ်ပွားမှုကိုလည်း လျော့ချပေးနိုင်ပါတယ်။
ခနောကြက်သားမှုန့်
ဟင်းလျာတွေမှာ ပိုပြီး အရသာ ကောင်းမွန်အောင် ခနောကြက်သားမှုန့်ကိုလည်း အသုံးပြုလို့ရပါတယ်။ ခနော ကြက်သားမှုန့်သုံးရင် ဆားထည့်စရာတောင် မလိုပါဘူး။
ခနော ကြက်သားမှုန့်က မြန်မာနိုင်ငံမှာ ချက်ပြုတ်လေ့ရှိတဲ့ လူမျိုးတိုင်းရဲ့ ရိုးရာ ဟင်းလျာတွေနဲ့ လိုက်ဖက်အောင် အသုံးပြုလို့ရအောင် ထုတ်လုပ်ထားတာဖြစ်ပါတယ်။
ဒါကြောင့် ခနောနဲ့ဆိုရင် မိသားစုရဲ့ ထမင်းဝိုင်းလေးက အနံ့အရသာနဲ့ ပြည့်စုံပြီး အာဟာရရှိတဲ့ ပျော်ရွှင်စရာ မိသားစု ထမင်းဝိုင်းလေး ဖြစ်လာမှာပါ။
ဒီဆောင်းပါးကို ခနော ကြက်သားမှုန့်က ပံ့ပိုးကူညီပေးထားတာဖြစ်ပါတယ်။