ခံတွင်းကျန်းမာရေးဟာ ကျွန်မတို့ လူသားတွေအတွက် သိပ်ကိုအရေးကြီးပါတယ်။ လူလူချင်းပြောဆိုဆက်သွယ်ရာမှာ ခံတွင်းနံ့ရှင်းပြီး လှပတဲ့ အပြုံးလေးတွေဖလှယ်ဖို့လိုပါတယ်။ ဈေးကြီးပေးစရာမလိုဘဲ အကျိုးကျေးဇူးများတဲ့အပြင် ဘေးထွက်ဆိုးကျိုးလည်းမရှိတဲ့အုန်းဆီကို အသုံးပြုဖို့ အကြံပြုပါရစေ။
အုန်းဆီရဲ့ အကျိုးကျေးဇူးများ
သွားတွေကို ဖြူဖွေစေပါတယ်။
ခံတွင်းနံ့ကင်းစင်စေပါတယ်။
သွားဖုံးရောဂါနဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။
သွားအခေါင်းပေါက်ဖြစ်တာကို ကာကွယ်ပေးပါတယ်။
ပြုလုပ်နည်း
အိပ်ယာနိုးတဲ့အခါမှာ အော်ဂဲလ်နစ်အုန်းဆီ အခဲ လက်ဖက်ရည်ဇွန်း ၂ ဇွန်းလောက်ကို ပါးစပ်ထဲထည့်ပြီး ငုံထားပေးပါ။ ပြီးရင် အရည်ပျောသွားဖို့ ပါးစပ်ထဲမှာ မိနစ် ၂၀ လောက်ငုံထားပြီး ပလုတ်ကျင်းပေးပါ။
ထမင်းမစားခင်တိုင်း အခုလိုလုပ်ပေးရင် သွားဖုံးရောဂါနဲ့ တခြားခံတွင်းဆိုင်ရာရောဂါတွေကို ပျောက်ကင်းစေပါတယ်။
အုန်းဆီကို ပလုတ်ကျင်းပြီးရင် ရေနွေးနဲ့ ထပ်ပြီးပလုတ်ကျင်းပါ။ ပြီးရင်သွားတိုက်ပါ။
သွားကိုပဲဖြူဖွေးချင်ရင်တော့ အုန်းဆီနဲ့ သွားတိုက်ပေးနိုင်ပါတယ်။
Source: timeofgist.com.ng