သွားနဲ့ခံတွင်းကျန်းမာရေးက သိပ်ကိုအရေးကြီးပါတယ်။ စကားပြောဆိုဆက်သွယ်ရမှာ ခံတွင်းနံ့မဆိုးဖို့လိုသလို အပြုံးချင်းဖလှယ်ရာမှာ ယုံကြည်မှုရှိဖို့လိုပါတယ်။

ဒီအတွက် ဘယ်လိုသွားတိုက်ဆေးတွေ ဝယ်ယူအသုံးပြုရမလဲလို့ တွေးနေပြီလား။ အဲဒီလို ကုန်ပစ္စည်းတွေဝယ်စရာမလိုဘဲ သဘာဝပစ္စည်းလေးတွေနဲ့ သွားတိုက်ဆေးပြုလုပ်နိုင်ပါတယ်။

ပါဝင်ပစ္စည်း

Exactly-How-to-Use-Coconut-Oil-to-Stop-Your-Hair-From-Going-Gray-Thinning-or-Falling-Out-390x205

အုန်းဆီသန့် စားပဲတင်ဇွန်း ၂ ဇွန်း

baking-soda-with-spoon-480x319
မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၃ ဇွန်း

ပြုလုပ်နည်း

brushing-teeth

ပါဝင်ပစ္စည်းနှစ်မျိုးလုံးကို သေချာရောမွှေလိုက်ပါ။ ပြီးရင်သွားတိုက်တံပေါ်တင်ပြီး သွားတိုက်ပေးပါ။ အဲဒီလိုတိုက်ရာမှာ လျှာကိုလည်း တိုက်ဖို့မမေ့ပါနဲ့။

မုန့်ဖုတ်ဆိုဒါကြောင့် သွားတွေကို ဖြူဖွေးစေမှာဖြစ်ပြီး သွားချိုး (ဂျိုး) တွေကို ပျောက်ကင်းစေပါတယ်။ အုန်းဆီမှာပါတဲ့ Antimicrobial အစွမ်းကြောင့် လျှာပေါ်မှာရှိတဲ့ ဘက်တီးရီးယားတွေကို သေစေမှာပါ။ ဒါ့ကြောင့် အာပုပ်ဆော်နံံ့တာကို ပျောက်ကင်းစေပါတယ်။