နံနံပင်ဟာ လူကြိုက်များတဲ့ ဟင်းရွက်တစ်မျိုးဖြစ်ပါတယ်။ ဒါ့အပြင် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများတယ်ဆိုတာကို စာဖတ်သူတို့ သိပြီးသားဖြစ်မှာပါ။
ကင်ဆာဖြစ်စေတဲ့ အကြိတ် (Tumor)
နံနံပင်မှာ Myristicin လို့ခေါ်တဲ့ သဘာဝသတ္တုဓါတ်တွေပါဝင်နေပြီး အဆုတ်နဲ့ အစာအိမ်ထဲက ကင်ဆာဖြစ်စေတဲ့ အကြိတ် လျင်လျင်မြန်မြန် ကြီးထွားမှုကို လျှော့ချပေးနိုင်ပါတယ်။
လေ့လာတွေ့ရှိမှုတွေအရ ကြွက်တွေကိုစမ်းသတ်ခဲ့ပြီး ကင်ဆာဖြစ်စေတဲ့အကြိတ် ကြီးထွားမှုကို လျှော့ချပေးနိုင်တာကို သက်သေပြနိုင်ခဲ့ပါတယ်။
အာရုံကြောပျက်စီးမှု
အာရုံကြောပျက်စီးမှုက အာရုံကြောအဆိပ်သင့်တာကြောင့် ဖြစ်ရတာပါ။ အဆိပ်တက်တာက ပိုးသတ်ဆေးလိုမျိုး အဆိပ်သင့်တဲ့ ပစ္စည်းတွေကြောင့် ဖြစ်ရတဲ့ အာရုံကြောစနစ် ပျက်စိးဆုံးရှုံးမှု (ဒါမှမဟုတ်) ဦးနှောက်ထိခိုက်မှုရဲ့ လက္ခဏာရပ်ဖြစ်ပါတယ်။ အဲဒီအဆိပ်တွေဟာ အာရုံကြောစနစ်ကို ကြီးကြီးမားမားထိခိုက်ဖျက်စီးစေပြီး အာရုံကြောတချို့ကို သေစေနိုင်ပါတယ်။ အာရုံကြောစနစ်ဟာ ဦးနှောက်ကို သတင်းပို့ဖို့အတွက် လုပ်ဆောင်ရတာဖြစ်လို့ သိပ်ကိုအရေးကြီးပါတယ်။ နံနံပင်ဖျော်ရည်ဟာ ဦးနှောက်အဆိပ်သင့်တဲ့ လက္ခဏာရပ်တွေကို အထူးသက်သာပျောက်ကင်းစေပါတယ်။
ရောင်ရမ်းမှုကို လျှော့ချပေးခြင်း
နံနံပင်မှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်တာကြောင့် နံနံပင်ကိုပုံမှန်စားသုံးပေးတာဟာ အဆစ်နာနဲ့ ဂေါက်ရောဂါတို့ကို သက်သာပျောက်ကင်းစေပါတယ်။
နံနံပင်ဖျော်ရည်ကိုဘယ်လိုလုပ်မလဲ
ပါဝင်ပစ္စည်း
– နံနံပင် ၅ ခတ်
– ရေ ၃ ခွက်
– သံပုယိုသီး ၁ ခြမ်း
– ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပြင်ဆင်ခြင်း
ရေနွေးကို ဆူဆူသယ်ပါ။ အဲဒီနောက် သံပုယိုသီးနဲ့ နံနံပင်ကိုထည့်ပါ။။ အဲဒီနောက် ရေကို ခွက်တစ်လုံးထဲပြောင်းထည့်ပြီး ၅ မိနစ်လောက် စိမ်ထားပါ။ နောက်ဆုံးအနေနဲ့ နံနံပင်နဲ့ သံပုယိုသီးကို ဆယ်ယူပြီး ပျားရည်အနည်းငယ်ထည့်ပါ။
သုံးဆောင်လို့ရပါပြီ။