Food Savers

Food savers ဆိုတဲ့ ပစ္စည်းလေးက အိတ်လေးပုံစံရှိပြီး အသီးတွေ လှီးပြီးလို့ ရေခဲသေတ္တာထဲပြန်ထည့်ရင်ဖြစ်ဖြစ်၊ အပြင်မှာ ထားရင်ဖြစ်ဖြစ် မရိသွားအောင်၊ ယင်မနားအောင် အသုံးပြုလို့ရတဲ့ ပစ္စည်းလေးပါ။

1539310-With-sink-green-0-1484752837-1484808727-650-32e9147584-1484808851

အိုးမှာ တပ်လို့ရတဲ့ ဇကာ

တခါတလေ ခေါက်ဆွဲတွေ ပြုတ်ပြီးရင် ဇကာအောက်မှာ အိုးတစ်ခု ခံပြီး ဇကာထဲသွန်ထည့်ရတာ အလုပ်ရှုပ်ပါတယ်။ ဒါကြောင့် အိုးမှာတပ်တဲ့ ဇကာလေးက အချိန်ကုန်သက်သာပြီး လွယ်ကူအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။

639505-af90ad06ab6ebc2f855f52cc95c29ac4-650-a542d8629a-1484633835

ဟင်းသီးဟင်းရွက် ပါပါးလှီးစက်

ဟင်းသီးဟင်းရွက်လေးတွေကို ပုံဖော် ချက်ပြုတ်လ့ရှိသူအတွက်တော့ သင့်တော်မယ့် ပစ္စည်းလေးပါ။ သူက သခွားသီး ပါးပါးလေးတွေ အလွယ်တကူလှီးနိုင်ပြီး တစ်ခုနဲ့ တစ်ခု မပြတ်သွားဘဲ အလိပ်လေးတွေ ဖြစ်လာမှာပါ။

639105-7dc6d78dd2d49817805a8256091b788b-650-a542d8629a-1484633835

အိုးအဖုံးကို မတဲ့ ပစ္စည်းလေး

ဟင်းချက်ပြုတ်ရာမှာ အထဲက အရည်တွေ ဝေမကျအောင် ကူညီပေးတဲ့ ပစ္စည်းလေးပါ။ သာမန်အားဖြင့် ဟင်းချက်ယောင်းမတို့ ဇွန်းတို့ ထည့်ထားကြလေ့ရှိပါတယ်။ ဒါပေမယ့် အဲ့ဒီ ဟင်းချက်ယောင်းမတို့ ဇွန်းတို့ရဲ့ လက်ကိုင်တွေက အပူနဲ့ထိပြီး မလှမပတွေ ဖြစ်နေတတ်ပါတယ်။ ဒါကတော့ ဟင်းရည်တွေ မဝေကျအောင် ကူညီပေးတဲ့ ပစ္စည်း ထူးထူးဆန်းဆန်းလေးပါ။

638855-4539e31470eeafaa17398b2116768ce6-650-a542d8629a-1484633835

ကြက်ဥအနှစ်ချည်းဘဲ မပေါက်အောင် ယူလို့ရတဲ့ ပစ္စည်း

တခါတလေ ကြက်ဥကို အနှစ်ချည်းဘဲ ယူပြီး ချက်ရမယ့် ဟင်းလျာတွေ ရှိနေတတ်ပါတယ်။ ဒီလိုအချိန်မှာတော့ ဒီပစ္စည်းလေးက ကြက်ဥ အနှစ်ကို လွယ်လွယ်ကူကူ မပေါက်ဘဲ ယူနိုင်အောင် ကူညီပေးပါလိမ့်မယ်။

အဲ့ဒီ ပစ္စည်းနေရာမှာ ရေသန့်ဗူးအလွတ် အသေးကိုလည်း အသုံးပြုလို့ရတယ်နော်။ ရေသန့်ဗူး အလွတ်အသေးလေးနဲ့ ကြက်ဥအနှစ်တွေကို လွယ်လွယ်ကူကူနဲ့ မပေါက်ဘဲ ယူနိုင်ပါတယ်။