[Unicode]

နှမ်းကို မြန်မာတွေကတော့ လက်ဖက်သုပ်ထဲ ထည့်စားကြတာများပါတယ်။ နှမ်းနဲ့လုပ်တဲ့ အခြားသရေစာမုန့်တွေကိုလည်း စားကြပါတယ်။ နှမ်းဟာ ဆိမ့်တဲ့အရသာ ရှိပြီး အနည်းငယ် ခါးသက်ပါတယ်။ နှမ်းဆီဟာ ဆေးဖက်ဝင်တဲ့အတွက် အိမ်တိုင်းလိုလို ဆောင်ထားတတ်ကြပါတယ်။ သူ့မှာ ဗီတာမင်နဲ့သတ္တုဓာတ်တွေ ပေါင်းစပ်ပြီး ပါဝင်ပါတယ်။

နှမ်းဟာ နေ့စဉ် အိမ်သုံးလို ဖြစ်နေတာကြောင့် သူနဲ့ ပတ်သက်ပြီး ကျန်းမာရေး အကျိုးတွေကို သတိမမူမိကြပါဘူး။ နှမ်းဟာ အစာချေစနစ်ကို အကောင်းဆုံး ပံ့ပိုးပေးပြီး အမျှင်ဓာတ် များစွာ ပါဝင်တဲ့အစားအစာပါ။ နှမ်းကို ကလေးငယ်တွေ ရင်တောင့်တဲ့အခါ အစာမကြေတဲ့အခါ ဗိုက်ကို လိမ်းပေးကြပါတယ်။ ဒီထက်မက အကျိုးပြုပုံတွေ ရှိပါသေးတယ်။

အသားအရေအတွက် ကောင်းမွန်

နှမ်းမှာ ဇင့်ပါဝင်မှု မြင့်မားပြီး ကိုလက်ဂျင်ထုတ်ပေးနိုင်မှုကို ကူညီပေးပါတယ်။ ပျက်ဆီးသွားတဲ့ ဆဲလ်အသေတွေကို အသစ်နဲ့ ပြန်လဲပေးနိုင်တဲ့ အစွမ်း ရှိပါတယ်။ အသားအရေဟာ ပိုပြီး ကြည်လင်လာစေပါတယ်။

အမဲစက်တွေကို မဖြစ်အောင် ကာကွယ်နိုင်

နှမ်းစေ့တွေဟာ နေလောင်ခြင်းကြောင့် ဖြစ်ပေါ်စေတဲ့ အမဲစက်တွေနဲ့ အညိုကွက်တွေကို မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ နှမ်းဆီ
ကို ခပ်ပါးပါး လိမ်းပေးလို့လည်း ရပါတယ်။

သွေးအားနည်းရောဂါကို သက်သာစေနိုင်

သွေးအားနည်းခြင်းရဲ့ အဓိက တရားခံဟာ သံဓာတ်မပြည့်ဝခြင်းပါ။ ဒီအခြေအနေကို နှမ်းက ဖြည့်စွမ်းပေးပါတယ်။ နှမ်းဟာ သံဓာတ်ကြွယ်ဝတဲ့ အမျိုးအစားထဲမှာ ပါဝင်ပါတယ်။

အရိုးအတွက် ကောင်းမွန်

အရိုးကျန်းမာရေး အတွက် လိုအပ်တဲ့ သတ္တုဓာတ်တွေဟာ နှမ်းမှာ ပါဝင်ပါတယ်။

Ref: zeenews

[Zawgyi]

ႏွမ္းကို ျမန္မာေတြကေတာ့ လက္ဖက္သုပ္ထဲ ထည့္စားၾကတာမ်ားပါတယ္။ ႏွမ္းနဲ႔လုပ္တဲ့ အျခားသေရစာမုန္႔ေတြကိုလည္း စားၾကပါတယ္။ ႏွမ္းဟာ ဆိမ့္တဲ့အရသာ ရွိၿပီး အနည္းငယ္ ခါးသက္ပါတယ္။ ႏွမ္းဆီဟာ ေဆးဖက္၀င္တဲ့အတြက္ အိမ္တိုင္းလိုလို ေဆာင္ထားတတ္ၾကပါတယ္။ သူ႔မွာ ဗီတာမင္နဲ႔သတၱဳဓာတ္ေတြ ေပါင္းစပ္ၿပီး ပါ၀င္ပါတယ္။

ႏွမ္းဟာ ေန႔စဥ္ အိမ္သံုးလို ျဖစ္ေနတာေၾကာင့္ သူနဲ႔ ပတ္သက္ၿပီး က်န္းမာေရး အက်ိဳးေတြကို သတိမမူမိၾကပါဘူး။ ႏွမ္းဟာ အစာေခ်စနစ္ကို အေကာင္းဆံုး ပံ့ပိုးေပးၿပီး အမွ်င္ဓာတ္ မ်ားစြာ ပါ၀င္တဲ့အစားအစာပါ။ ႏွမ္းကို ကေလးငယ္ေတြ ရင္ေတာင့္တဲ့အခါ အစာမေၾကတဲ့အခါ ဗိုက္ကို လိမ္းေပးၾကပါတယ္။ ဒီထက္မက အက်ိဳးျပဳပံုေတြ ရွိပါေသးတယ္။

အသားအေရအတြက္ ေကာင္းမြန္

ႏွမ္းမွာ ဇင့္ပါ၀င္မႈ ျမင့္မားၿပီး ကိုလက္ဂ်င္ထုတ္ေပးႏုိင္မႈကို ကူညီေပးပါတယ္။ ပ်က္ဆီးသြားတဲ့ ဆဲလ္အေသေတြကို အသစ္နဲ႔ ျပန္လဲေပးႏုိင္တဲ့ အစြမ္း ရွိပါတယ္။ အသားအေရဟာ ပိုၿပီး ၾကည္လင္လာေစပါတယ္။

အမဲစက္ေတြကို မျဖစ္ေအာင္ ကာကြယ္ႏုိင္

ႏွမ္းေစ့ေတြဟာ ေနေလာင္ျခင္းေၾကာင့္ ျဖစ္ေပၚေစတဲ့ အမဲစက္ေတြနဲ႔ အညိဳကြက္ေတြကို မျဖစ္ေအာင္ ကာကြယ္ႏုိုင္ပါတယ္။ ႏွမ္းဆီ
ကို ခပ္ပါးပါး လိမ္းေပးလို႔လည္း ရပါတယ္။

ေသြးအားနည္းေရာဂါကို သက္သာေစႏုိင္

ေသြးအားနည္းျခင္းရဲ႕ အဓိက တရားခံဟာ သံဓာတ္မျပည့္၀ျခင္းပါ။ ဒီအေျခအေနကို ႏွမ္းက ျဖည့္စြမ္းေပးပါတယ္။ ႏွမ္းဟာ သံဓာတ္ၾကြယ္၀တဲ့ အမ်ိဳးအစားထဲမွာ ပါ၀င္ပါတယ္။

အရိုးအတြက္ ေကာင္းမြန္

အရိုးက်န္းမာေရး အတြက္ လိုအပ္တဲ့ သတၱဳဓာတ္ေတြဟာ ႏွမ္းမွာ ပါ၀င္ပါတယ္။

Ref: zeenews