သူ့နာမည်က Kelly Hogan အသက်ကတော့ ၃၇ နှစ်ပါ။ အရင်က ကိုယ်အလေးချိန် ပေါင် ၂၆၀ လောက်ရှိခဲ့ပြီး အခု ကိုယ်အလေးချိန် ၁၃၄ ပေါင်ပဲ ရှိပါတော့တယ်။ ကိုယ်အလေးချိန် ၁၃၂ ပေါင်လောက်ကို အစားအစာတွေ ၃ မျိုး နေ့စဉ်စားသုံးပြီး လျှော့ချခဲ့ပါတယ်တဲ့။ သူဘယ်လို ကိုယ်အလေးချိန် လျှော့ချခဲ့လဲ ဆိုတာ စာဖတ်သူတွေ စိတ်ဝင်စားကြမယ်ထင်ပါတယ်။
နံရံပေါ်မှာ နေ့စဉ် သူစားသုံးတဲ့ အစားအစာတွေကို ရေစွဲထားပြီး တနေ့တနေ့ သူဟာ အသားတွေ ကြက်ဥတွေ ချိစ်တွေကို စားခဲ့တာပါဆိုရင် ဘယ်သူမှ ယုံကြမှာမဟုတ်ဘူးလို့ သူက Daily Mail သတင်းစာကိုပြောပါတယ်။
ကာဘွန်ဟိုက်ဒရိတ်ဓါတ်ပါဝင်တဲ့ အစားအစားဟာ အဆီပိုတွေကို ဖယ်ရှားရာမှာ အထောက်အကူပြုပြီး ဝိတ်ချတဲ့ ဆေးအချို့မှာ ထည့်သွင်းအသုံးပြုတတ်ကြပါတယ်။
သူကတော့ အထက်တန်း ကျောင်သူဘဝကတည်းက ကိုယ်အလေးချိန် လျှော့ချနည်း ပေါင်းစုံကို အသုံးပြုခဲ့ပေမဲ့ ရေရှည်မှာ ထိရောက်မှုမရှိခဲ့ပါဘူး။
နောက်ဆုံးမှာတော့ သူ့ရဲ့ မိသားစု ဆရာဝန်က ကာဘွန် ဟိုက်ဒရိတ် မပါတဲ့ အစားအစာကို စားသုံးဖို့ အကြံပေးခဲ့ပြီး အခု ကိုယ်အလေးချိန် လျှော့ချနည်းအောင်မြင်ခဲ့တယ်လို့ ဆိုပါတယ်။
အခု သူပြောပြတဲ့ နည်းလမ်းကိုတော့ အစာအဟာရ ပညာရှင်တွေက သဘောမတူကြပါဘူး။ သူစားသုံးတဲ့ အစားအစာတွေမှာ ပရိုတင်းဓါတ်တွေများနေပြီး အဆီဓါတ်တွေကို ထုတ်ပေးနိုင်ပါတယ်။ ဒါ့အပြင် အာရုံကြော ၊ အသည်း နဲ့ တခြား ကိုယ်တွင်းအင်္ဂါတွေကိုလည်း ထိခိုက်ပျက်ဆီးစေနိုင်ပါတယ်လို့ ဆိုပါတယ်။