ငှက်ပျောသီးစားပြီးရင်လည်း ငှက်ပျောခွံကို လွင့်မပစ်ပါနဲ့။

banana-peels

ဘက်တီးရီးယားပိုးမွှား၊ အဆီပြန်တာ၊ ဆဲလ်အသေတွေနဲ့ ချွေးပေါက်ပိတ်တာတွေကြောင့် ဝက်ခြံဖြစ်ရတာပါ။ ဒါ့အပြင် ဟော်မုန်းအားနည်းတာ၊ အဟာရဓါတ်အားနည်းတာ၊ စိတ်ဖိစီးမှုများတာတွေကြောင့်လည်း ဝက်ခြံဖြစ်ရတာပါ။

အလှကုန်ပစ္စည်းတွေကလည်း ဈေးကြီးပေးရပြီး တစ်ခါတလေ ကိုယ်နဲ့ အဆင်မပြေတာမျိုးဖြစ်နိုင်သလို အမြဲတမ်းသုံးရင်လည်း ဘေးထွက်ဆိုးကျိုးရှိတာမို့ စိတ်မချရပါတယ်။

သဘာဝပါဝင်ပစ္စည်းတွေနဲ့ ဝက်ခြံပျောက်အောင် ကုသလိုက်ကြရအောင်ပါ။

ငှက်ပျောခွံ

face-mask-recipes-for-acne1

ပထဆုံး ရေအေး ၊ နွားနို့နဲ့ မျက်နှာသစ်ပါ။ ပြီးရင်တဘက်နဲ့သုတ်ပေးပါ။ ငှက်ပျောခွံကို သေးသေးလေးလှီးပြီး (သို့) ၄ ပိုင်းလောက်ပိုင်းပြီး မျက်နှာပေါ်မှာ ၁၀ မိနစ်လောက်ပွတ်တိုက်ပေးပါ။
ငှက်ပျောခွံက ညိုလာပြီဆိုရင် လွှင့်ပစ်လိုက်ပြီး အသစ်တစ်ခုနဲ့လဲပါ။
တစ်ခါပွတ်တိုက်ပြီးရင် မိနစ် ၂၀ လောက်ထားပြီး မျက်နှာသစ်ချပါ။ ဒီနည်းလမ်းအတိုင်း တစ်နေ့ ၂ကြိမ် ၃ ကြိမ်လောက်လုပ်ပေးပါ။

ငှက်ပျောခွံနဲ့ မုန့်ဖုတ်ဆိုဒါ

bakingpowderbanana

မုန့်ဖုတ်ဆိုဒါဟာ ချွေးပေါက်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားရမှာ အာနိသင်ရှိပါတယ်။ ငှက်ပျောသီးခွံမှာ ကပ်နေတဲ့ အဖြူရောင်အဖတ်တွေကို ခြစ်ချပါ။
အဲဒီလိုခြစ်ချထားတဲ့ ငှက်ပျောဖတ် စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ မုန့်ဖုတ်ဆိုဒါ ဇွန်း တစ်ဝက်ကို ရေအနည်းငယ်ရောပြီး မျက်နှာပေါ်မှာလိမ်းပေးပါ။
၂ မိနစ်လောက် ပွတ်တိုက်ပေးပြီး ရေနွေးနဲ့ ဆေးချပါ။ ဆီမပါတဲ့ Moisturizer ကို မျက်နှာပေါ်မှာလိမ်းပေးပါ။ တစ်နေ့ တစ်ခါလုပ်နိုင်ပါတယ်။

ငှက်ပျောခွံနဲ့ သံပုယိုသီး

lemonandbanana

သံပုယိုသီးမှာ ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားပိုးမွှားတွေကို သေစေနိုင်တဲ့ဓါတ်တွေ အများအပြားပါဝင်ပါတယ်။
ငှက်ပျောခွံမှာ ကပ်နေတဲ့ အဖြူရောင် အဖတ်တွေကို ခြစ်ချပြီး သံပုယိုရည် အညီအမျှညှစ်ထည့်ပေးပါ။ ပြီးရင် မျက်နှာပေါ်မှာ ငြင်သာစွာလိမ်းပေးပြီး ၁၅ မိနစ်လောက်ထားပါ။ ပြီးရင်ရေနွေးနဲ့ ဆေးချပါ။ နေ့စဉ်ပြုလုပ်ပေးနိုင်ပါတယ်။

ငှက်ပျောခွံနဲ့ ပျားရည်

the-great-uses-for-banana-peelhoney-1006972_1280-e1453325495713

ငှက်ပျောသီးခွံကို ပြဲအောင်လုပ်ပြီး အဲဒီငှက်ပျောခွံက အဖြူရောင်ပျော့ဖတ်တွေကို ခြစ်ချပြီး အဲဒီပျော့ဖတ် စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ပျားရည် ဇွန်းတစ်ဝက်ကိုရောပြီး မျက်နှာပေါ်မှာ လိမ်းပါ။ ပြီးရင် ၁၅မိနစ်လောက်ထားပြီး ရေနွေးနဲ့ ဆေးချပါ။
အဆီမပါတဲ့ Moisturizer လိမ်းပေးပါ။ နေ့စဉ်ပြုလုပ်ပေးနိုင်ပါတယ်။