ကောင်းမွန်စွာ အိပ်စက်ခြင်းဟာ သင့်ကျန်းမာရေးရဲ့ အရေးအကြီးဆုံး အပိုင်းဖြစ်ပြီး နောက်နေ့ မနက်ခင်းမှာ လန်းဆန်းစွာ နိုးထဖို့အတွက်လည်း အရေးပါ ပါတယ်။ ကလေးငယ်တစ်ယောက်လို ကောင်းမွန်စွာ အိပ်စက်ခြင်းနဲ့ အိပ်မက်ဆိုးမက်ခြင်းတွေဟာ သင်စားတဲ့ ညစာပေါ်မှာလည်း မူတည်နေပါတယ်။
အိပ်ရာမဝင်ခင် မစားသင့်တဲ့ အစားအစာတွေကတော့ ၅မျိုး ရှိပါတယ်။
Source: gizmodo.com.au
ဟမ်ဘာဂါ – Fast Food လို့ ခေါ်တဲ့ အစားအစာတွေဟာ ကျန်းမာရေးအတွက် ဆိုးဝါးစေရုံမက အိပ်စက်ခြင်းကိုပါ နှောင့်ယှက်စေပါတယ်။ သူ့မှာ ပါဝင်တဲ့ပစ္စည်းတွေဟာ အဆီဓာတ်များပြီး အစာကြေညက်ဖို့ ခက်ခဲ့တဲ့ အတွက် ညဖက်မှာ မစားသင့်ပါဘူး။။
အယ်ကိုဟော – အယ်ကိုဟောတွေကို ညဖက်တွေ သောက်တဲ့အခါ အိပ်ပျော်စေတယ်လို့ အစွဲရှိပါတယ်။ ဒါပေမယ့် အိပ်စက်ခြင်းကို တကယ်တမ်း နှောင့်ယှက်စေတာက အယ်ကိုဟောဖြစ်ပြီး ဟောက်သံ ဆူညံစေပါတယ်။
ချောကလက် – အထူးသဖြင့် Dark Chocolate တွေဟာ ကဖိန်းနဲ့ သီအိုဘရိုမင်း ပါဝင်တဲ့ အတွက် ဦးနှောက်ဟာ လန်းဆန်းနေတတ်ပါတယ်။ နှလုံးခုန်နှုန်းကိုလည်း မြန်စေပါတယ်။ ဒါကြောင့် အိပ်မပျော်ခြင်း ဖြစ်ပွားစေပါတယ်။
ကြက်သား – ပရိုတင်းဓာတ် အများကြီး စားမိတဲ့ အခါ အစာကြေစေဖို့ ၅၀% အားနည်းသွားပါတယ်။ အစာမကြေတဲ့ အခါ အိပ်စက်ခြင်းကို တိုက်ရိုက် နှောင့်ယှက်စေပါတယ်။
Source: Niyanthree Ayurveda Clinic, Colombo
စပ်တဲ့ အစားအစာတွေ – အစပ်တွေကို ညမအိပ်ခင် ဘယ်လို အကြောင်းနဲ့မှ စားဖို့ မသင့်ပါဘူး။ နှလုံးနဲ့ ရင်ကို ပူစေတဲ့ အတွက် အိပ်မပျော်စေနိုင်ပါဘူး။
စားသင့်တဲ့ အစားအစာ ၅မျိုး
Source: es.wikipedia.org
ငှက်ပျောသီး – မက်ဂနီဆီယမ်နဲ့ကယ်လ်ဆီယမ်တွေ ပါဝင်တဲ့ ငှက်ပျောသီးဟာ ကောင်းမွန်စွာ အိပ်စက်စေဖို့ ကူညီပေးပါတယ်။
ကြက်ဆင်သား – ကြက်ဆင်သားအနည်းငယ်ကို မအိပ်ခင် ၂နာရီ အလိုမှာ စားပေးတဲ့အခါ အိပ်ပျော်လွယ်ပြီး ကောင်းကောင်း အိပ်စက်နိုင်ပါလိမ့်မယ်။
နွားနို့ – နွားနို့ ပူပူလေး တစ်ခွက်ကို အိပ်ယာမဝင်ခင် သောက်ပေးခြင်းဟာ ကောင်းမွန်စွာ အိပ်စက်နိုင်ပြီး ကလီစာတွေ အတွက်လည်း ကောင်းမွန်စေနိုင်ပါတယ်။
ချယ်ရီသီး – ချယ်ရီသီးတွေဟာ ခနာကိုယ်ရဲ့ အတွင်းပိုင်းက လုပ်ဆောင်ချက် အချိန်တွေကို ကောင်းကောင်း ထိန်းချုပ်နိုင်ပါတယ်။ ဒါကြောင့် အိပ်ပျော်စေပြီး မိုးလင်းတိုင်း လန်းဆန်းနေပါလိမ့်မယ်။
Source: Hale Groves
ထမင်း – ညစာကို ထမင်းအနည်းငယ် စားပေးခြင်းဟာ အိပ်စက်ခြင်းကို အကူအညီပေးပါတယ်။ ကိုယ်အလေးချိန် ထိန်းနေသူ ဆိုရင်တော့ အထက်ပါ ၄မျိုးထဲက တစ်မျိုးစားပါ။
Source: brightside