မန်ကျည်းသီးမှာ ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိသလို တဖက်မှာလည်း ဆိုးကျိုးတွေလည်း ရှိပါတယ်။

မန်ကျည်းသီး၏ ဆိုးကျိုးတချို့ကိုလည်း ဝေမျှချင်ပါတယ်။

၁။ ဆေးဝါး တချို့နဲ့ မတည့်

ဆေးဝါးတချို့ဖြစ်သည့် Aspirin၊ Non-Steroidal Anti-inflammatory Drugs or NSAIDs ၊ Anti-platelet drugs တို့ကို သောက်သုံးနေသည့် လူများဖြစ်လျှင် မန်ကျည်းသီးကို စားသုံးလျှင် သတိထားသင့်ပါတယ်။

မတည့်ပါက သွေးအလျွန်အကျွံထွက်ရှိမှုများ ဖြစ်နိုင်ပါတယ်။

၂။ အလက်ဂျစ်ဖြစ်နိုင်

မန်ကျည်းသီးနှင့်မတည့်သူများ စားမိပါက အလက်ဂျစ်ဖြစ်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ အသားအရေများ ယားယံခြင်း၊ ယောင်ကိုင်းလာခြင်း၊ အန်ခြင်း၊ မေ့မြောခြင်း၊ အသက်ရှူရခက်ခြင်းများလည်း ဖြစ်နိုင်ပါတယ်။

၃။ သွားကြွေလွှာကို ထိခိုက်နိုင်

သွားပျက်စီးမှာကို ကာကွယ်ပေးမယ့် အစားအစာများ

မန်ကျည်းသီးမှာ အက်ဆစ်ဓာတ်ပါဝင်မှု များပါတယ်။ ဒါ့ကြောင့် မန်ကျည်းသီးကို စားတာများလျှင် သို့ ပါးစပ်ထဲမှာငုံထားတာများရင် အက်ဆစ်ဓာတ်များက သွားကြွေလွှာကိုထိခိုက်စေပါတယ်။

၄။ ကျောက်တည်နိုင်

အိန္ဒိယ ပညာရှင်တွေ တွေ့ရှိခဲ့ရတာဟာ မန်ကျည်းသီးကို အလွန်အကျွံစားသုံးလျှင် သည်းခြေအိတ်ထဲမှာ ကျောက်တည်တာကို တွေ့ရှိခဲ့ပါတယ်။