ဟင်းချက်ဖို့၊ အချိုပွဲလုပ်ဖို့ အချိန်မပေးနိုင်တဲ့အခါမျိုးတွေမှာ လွယ်လွယ်ကူကူနဲ့ မြန်မြန်ဆန်ဆန် ချက်နိုင်ဖို့ နည်းလမ်းလေးတွေ ဝေမျှပေးလိုက်ပါတယ်။

၁.ပြီးပြည့်စုံတဲ့ကြက်ဥကြော်

ဒယ်အိုးပူထဲ ကြက်ဥကိုခွဲပြီးထည့်လိုက်ပါ။ ပြီးရင်အကာလေးတွေကို အသာဖြန့်ပြီး အဖုံးအုပ်ထားလိုက်ပါ။

၂.နောက်ထပ် ကြက်ဥချက်နည်း

ဒယ်အိုးပူထဲ ကြက်ဥကိုခွဲပြီးထည့်လို်က်ပါ။ ပြီးရင် ဘေးကို ရေတစ်ဇွန်းနှစ်ဇွန်းလောက် ထည့်လိုက်ပါ။

၃.ကြက်ဥအခွံအလွယ်တကူခွာနည်း

ကြက်ဥမပြုတ်ခင် ရေထဲကို ရှာလကာရှည် သို့မဟုတ် မုန့်ဖုတ်ဆိုဒါ နည်းနည်းထည့်လိုက်ပါ။

၄.ထောပတ်ကို မြန်မြန်ပျော့အောင် လုပ်နည်း

ထောပတ်ကို ပန်းကန်းထဲမှာထည့်ပြီး ရေအေးတစ်ခွက်နဲ့ မိုက်ခရိုဝေ့ဖ်ထဲမှာ စက္ကန့် 30 လောက် ထားပေးပါ။

၅.လိမ္မော်သီးကို မြန်မြန်အခွံခွာနည်း

သံပုရာသီးနဲ့ လိမ္မော်သီးတွေကို အခွံခွာရတာ မကြိုက်ဘူးဆိုရင်တော့ မိုက်ခရိုဝေ့ဖ်မီထဲထည့်ပြီး စက္ကန့် 20 လောက် အပူပေးပါ။

၆.မိုက်ခရိုဝေ့ဖ်ဖြင့် meringues ပြုလုပ်နည်း

Meringues လုပ်ဖို့အတွက် ကြက်ဥတလုံးနဲ့ သကြား ၂၀၀ ဂရမ်လိုအပ်ပါတယ်။ ကြက်ဥအကာနဲ့ သကြားကို ပျစ်လာတဲ့အထိ ရောမွှေပေးပါ။ တခါသုံး Cupcake Liners ပေါ်မှာ Meringues ပုံစံ ဖြစ်အောင် တင်ပေးပါ။ ပြီးရင် မိုက်ခရိုဝေ့ဖ်နဲ့ ၁ မိနစ်လောက် အပူပေးပေးပါ။

၇. Mixer အတွက် Nozzle

Mixer ကို ပန်းကန်လုံးနဲ့သုံးတဲ့အခါ အပြင်ကိုစင်တာတွေမဖြစ်စေဖို့ တစ်ခါသုံးစက္ကူပန်းကန်ပြားကို အသုံးပြုနိုင်ပါတယ်။

၈.သဘာဝအရသာကိုတိုးစေနည်း

ရေနွေးပူပူထဲမှာ သကြားနဲ့ဆားကိုရောမွှေလိုက်တဲ့အခါ အရသာက ချိုလားငန်လား မပြောနိုင်ပေမယ့် အဲ့ရေကိုအသုံးပြုပြီး ဟင်းချက်တဲ့အခါ အရသာကိုပိုတိုးစေပါတယ်။